ကင်းမျှော်စင်—လေ့လာရန် စာစောင် စက်တင်ဘာ ၂၀၁၄

ဒီလထုတ်မှာ အောက်တိုဘာ ၂၇ ကနေ နိုဝင်ဘာ ၃၀၊ ၂၀၁၄ အထိ လေ့လာမယ့် ဆောင်းပါးတွေပါတယ်။

သင့်မှာ အမှန်တရားရှိတယ်ဆိုတာ သင်ယုံသလား၊ ဘာကြောင့်လဲ

ယေဟောဝါသက်သေတွေမှာ အမှန်တရားရှိတယ်လို့ လူတွေ ဝန်ခံတဲ့ အကြောင်းရင်းတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ ယေဟောဝါသက်သေတွေကိုယ်တိုင် သူတို့မှာ အမှန်တရားရှိတယ်လို့ ယုံကြည်တဲ့အကြောင်းရင်းတွေကိုလည်း ဆွေးနွေးပါလိမ့်မယ်။

“ဆင်းရဲဒုက္ခများစွာခံ” ရတဲ့ကြားမှာ ဘုရားသခင်ကို သစ္စာရှိရှိ အမှုဆောင်ပါ

စာတန့်လောကမှာ အသက်ရှင်နေရလို့ လူတိုင်းက ဆင်းရဲဒုက္ခတွေကို ခံစားနေရကြတယ်။ စာတန့်တိုက်ခိုက်နည်းတချို့က ဘာတွေလဲ။ အဲဒီအတွက် ဘယ်လိုပြင်ဆင်နိုင်သလဲ။

မိဘတို့ သားသမီးတွေကို ထိန်းကျောင်းပါ

“ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း” သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ မိဘတွေမှာ တာဝန်ရှိတယ်။ (ဧ. ၆:၄) သားသမီးတွေကို ထိန်းကျောင်းဖို့နဲ့ သူတို့တွေ ယေဟောဝါကိုချစ်လာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းသုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။

နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးၡုံးခြင်းသို့ ရောက်ရ

သေခြင်းက ဆိုးရွားတဲ့ဒုက္ခတွေကို ဖြစ်ပေါ်စေတယ်။ လူတွေ ဘာကြောင့်သေတာလဲ။ ဘယ်လိုနည်းနဲ့ ‘နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးၡုံးခြင်းသို့ ရောက်’ မလဲ။ (၁ ကော. ၁၅:၂၆) အဖြေတွေက ယေဟောဝါရဲ့တရားမျှတမှု၊ ဉာဏ်ပညာနဲ့ အထူးသဖြင့် မေတ္တာကို ဘယ်လိုပေါ်လွင်စေတယ်ဆိုတာ လေ့လာကြည့်ပါ။

အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သတိရပါ

ယေဟောဝါရဲ့ကျေးကျွန်များစွာဟာ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ကြိုးစားပါဝင်နေကြတယ်။ သူတို့ရဲ့ “ယုံကြည်ခြင်းလုပ်ရပ်” နဲ့ “မေတ္တာပါသော ကြိုးစားအားထုတ်မှု” ကို သတိရဖို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။—၁ သက်. ၁:၃။