မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခုတ်လှဲခံရတဲ့ သစ်ပင် အညှောက် ပြန်ပေါက်နိုင်သလား

ခုတ်လှဲခံရတဲ့ သစ်ပင် အညှောက် ပြန်ပေါက်နိုင်သလား

လက်ဘနွန်တောင်ပေါ်က လှပတဲ့စီဒါထင်းရှူးပင်နဲ့ယှဉ်ရင် ဖုထစ်လိမ်ကျစ်နေတဲ့ သံလွင်ပင်ဟာ ဘာမှအထင်ကြီးစရာရှိပုံမရဘူး။ ဒါပေမဲ့ သံလွင်ပင်ဟာ အဆိုးဝါးဆုံးအခြေအနေမှာတောင် ဆက်ရှင်သန်နိုင်စွမ်းရှိတယ်။ တချို့အပင်တွေဆိုရင် နှစ်ပေါင်း ၁,၀၀၀ လောက် ရှင်သန်တယ်။ သံလွင်ပင်ရဲ့ အမြစ်တွေဟာ မြေကြီးအောက်ပိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်တယ်။ ဒါကြောင့် ပင်စည်ကို ခုတ်လှဲလိုက်ရင်တောင် အညှောက်ပြန်ထွက်နိုင်တယ်။ အမြစ်တွေ ရှင်သန်နေသရွေ့ အပင်ပြန်ပေါက်နိုင်တယ်။

ရှေးသစ္စာရှိ ဘိုးဘေးယောဘက သူသေဆုံးသွားတဲ့အခါ အသက်ပြန်ရှင်မယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ (ယောဘ ၁၄:၁၃-၁၅) လူသေတွေကို ထမြောက်ပေးနိုင်တဲ့ ဘုရားသခင့်အစွမ်းအစကို ယုံကြည်စိတ်ချတယ်ဆိုတာ ဖော်ပြဖို့ အပင်ဥပမာကို သူအသုံးပြုခဲ့တယ်။ သံလွင်ပင်ကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်။ ‘သစ်ပင်မှာတောင် မျှော်လင့်ချက်ရှိသေးတာပဲ။ ခုတ်လှဲလိုက်ရင် အညှောက်ပြန်ပေါက်လာလိမ့်မယ်’ လို့ သူပြောတယ်။ ခြောက်သွေ့ရာသီပြီးနောက် မိုးပြန်ရွာလာတဲ့အခါ ခြောက်သွေ့နေတဲ့ သံလွင်ပင်အငုတ်ဟာ ပြန်ရှင်လာပြီး “အပင်ပေါက်လေးလို အခက်အလက်တွေ ထွက်လာ” နိုင်တယ်။—ယောဘ ၁၄:၇-၉ကဘ။

ခြံပိုင်ရှင်ဟာ ခုတ်လှဲခံရတဲ့သံလွင်ပင် ပြန်ရှင်လာတာကို တွေ့မြင်ချင်စိတ် ပြင်းပြသလို ယေဟောဝါဘုရားသခင်လည်း သူ့ကျေးကျွန်တွေနဲ့ တခြားသူတွေကို ထမြောက်ပေးချင်စိတ် ပြင်းပြနေတယ်။ (မ. ၂၂:၃၁၊ ၃၂; ယော. ၅:၂၈၊ ၂၉; တ. ၂၄:၁၅) သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာတာကို မြင်ရတဲ့အခါ၊ သူတို့ကို ပြန်ကြိုဆိုရတဲ့အခါ ဘယ်လောက်ဝမ်းသာစရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။