“ထိုသို့သောသူတို့ကို မြတ်နိုးကြလော့”
အုပ်ချုပ်ရေးအဖွဲ့ဟာ ၁၉၉၂ ကစပြီး သူတို့ရဲ့ကော်မတီတွေကို ကူညီပေးဖို့ ရင့်ကျက်တဲ့ အတွေ့အကြုံရှိ အကြီးအကဲတွေကို တာဝန်ပေးခဲ့တယ်။ * “အခြားသိုး” အဖွဲ့ဝင်တွေဖြစ်တဲ့ အဲဒီကူညီထောက်မသူတွေဟာ အုပ်ချုပ်ရေးအဖွဲ့ကို ကောင်းကောင်းထောက်မပေးကြတယ်။ (ယော. ၁၀:၁၆) ကိုယ်တာဝန်ကျတဲ့ ကော်မတီအစည်းအဝေးကို အပတ်တိုင်းတက်ရောက်ကြတယ်။ သူတို့ရဲ့တာဝန်ကတော့ လိုအပ်တဲ့အချက်အလက်တွေကို စုဆောင်းတင်ပြပြီး အကြံဉာဏ်ပေးဖို့ဖြစ်တယ်။ အုပ်ချုပ်ရေးအဖွဲ့က နောက်ဆုံး,ဆုံးဖြတ်ချက် ချတယ်။ ပြီးနောက် အဲဒီဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဒီကူညီထောက်မသူတွေက ကြီးကြပ်ပေးတယ်။ ဒီညီအစ်ကိုတွေဟာ ပေးအပ်ခံရတဲ့တာဝန်တွေကို လိုလိုလားလားထမ်းဆောင်ကြတယ်။ အထူးစည်းဝေးကြီးတွေ၊ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေကို အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူ လိုက်ပါတက်ရောက်ကြတယ်။ ဌာနချုပ်ကိုယ်စားလှယ်တွေအနေနဲ့ ဌာနခွဲရုံးတွေကို လည်ပတ်ဖို့လည်း တာ၀န်ရကြတယ်။
၁၉၉၂ ကစပြီး ကူညီထောက်မသူအဖြစ် အမှုဆောင်လာတဲ့ ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “ကိုယ်ရတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တဲ့အခါအုပ်ချုပ်ရေးအဖွဲ့က ဘုရားရေးရာကိစ္စတွေကို ပိုအပြည့်အဝအာရုံစိုက်နိုင်တယ်။” ကူညီထောက်မသူအဖြစ် နှစ်ပေါင်း ၂၀ လောက် အမှုဆောင်ခဲ့တဲ့ နောက်ညီအစ်ကိုတစ်ယောက်ကလည်း “တွေးကြည့်နိုင်သမျှ အခွင့်ထူးတွေထဲမှာ အကောင်းဆုံးအခွင့်ထူးပါပဲ” လို့ပြောတယ်။
အုပ်ချုပ်ရေးအဖွဲ့ဟာ ကူညီထောက်မသူတွေကို တာဝန်များစွာ အပ်နှင်းထားတယ်။ ဒီသစ္စာရှိညီအစ်ကိုတွေရဲ့ အလုပ်ကြိုးစားမှုကို သူတို့ တန်ဖိုးထားလေးမြတ်တယ်။ ကျွန်တော်တို့အားလုံးလည်း “ထိုသို့သောသူတို့ကို မြတ်နိုးကြ” ပါစို့။—ဖိ. ၂:၂၉။
^ စာပိုဒ်၊ 2 အုပ်ချုပ်ရေးအဖွဲ့ ကော်မတီခြောက်ခုရဲ့ တာဝန်တွေအကြောင်း ထပ်သိချင်တယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ စာအုပ်၊ စာမျက်နှာ ၁၃၁ ကိုကြည့်ပါ။