မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း

သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း

လူငယ်စာရှုသူများအတွက်

သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း

ညွှန်ကြားချက်များ– ဤလေ့ကျင့်ခန်းကို ဆိတ်ငြိမ်သောဝန်းကျင်တွင် ပြုလုပ်ပါ။ ကျမ်းချက်များကို သင်ဖတ်ရှုစဉ် အဖြစ်အပျက်တွင် သင်ပါဝင်သည်ဟု စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်တွင်မြင်ယောင်ပါ။ အသံများကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်များ၏စိတ်လှုပ်ရှားမှုများကို ခံစားကြည့်ပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။ကမ္ဘာဦး ၁၉:၁-၁၄ ကိုဖတ်ပါ။

သင်စိတ်ကူးမိသည့်အတိုင်း လောတဧည့်သည်များ၏ပုံပန်းသဏ္ဌာန်ကိုဖော်ပြပါ။

․․․․․

လူအုပ်ထဲရှိသူတို့သည် အဘယ်သို့သောလူစားမျိုးဖြစ်သနည်း။

․․․․․

ထပ်၍သုတေသနပြုပါ။—ကမ္ဘာဦး ၁၃:၇-၁၃ ကိုဖတ်ပါ။

လောတသည် သောဒုံမြို့တွင်နေထိုင်သူတစ်ဦး မည်သို့ဖြစ်လာခဲ့သနည်း။

․․․․․

ထိုတွင်နေထိုင်သူတို့ကို ဖျက်ဆီးခံထိုက်သူများဟု အဘယ်ကြောင့် ယေဟောဝါယူမှတ်ခဲ့သနည်း။

․․․․․

ကမ္ဘာဦး ၁၉:၁၅-၂၆ ကိုဖတ်ပါ။

လောတအပေါ် ထောက်ထားညှာတာကြောင်း အဘယ်နည်းများဖြင့် ယေဟောဝါပြခဲ့သနည်း။

․․․․․

လောတ၏ဇနီး အဘယ်ကြောင့် နောက်သို့လှည့်ကြည့်ခဲ့သနည်း။

․․․․․

သူ အဘယ်ကြောင့်ဖျက်ဆီးခံခဲ့ရသနည်း။

․․․․․

သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးပါ။ သင်ယူသိရှိခဲ့ရာများကို အောက်တွင်ချရေးပါ။

ဆိုးသွမ်းမှုနှင့်ပတ်သက်၍ ယေဟောဝါ၏အမြင်။

․․․․․

ယေဟောဝါ၏ထောက်ထားစာနာမှု။

․․․․․

တရားမစီရင်မီ မိမိလူမျိုးအား ယေဟောဝါ၏သတိပေးချက်။

․․․․․

ဤမှတ်တမ်း၏မည်သည့်ကဏ္ဍသည် သင့်အတွက် အဓိပ္ပာယ်အရှိဆုံးဖြစ်သနည်း၊ အဘယ်ကြောင့်နည်း။

․․․․․

․․․․․