မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့်စစ်ပွဲ”

“စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့်စစ်ပွဲ”

“စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့်စစ်ပွဲ”

‘ဒီစစ်ဟာ စစ်ပွဲအားလုံးကို အဆုံးတိုင်စေမယ့် နောက်ဆုံးစစ်ပွဲဖြစ်မယ်လို့ ခင်ဗျားတို့ကို ကျွန်တော်ကတိပေးတယ်။’ —ဝတ်ဒရောဝီလ်ဆင်၊ အမေရိကန်သမ္မတ (၁၉၁၃-၂၁)။

င်းသည် လွန်ခဲ့သောနှစ်ပေါင်း ၉၀ ခန့် ပထမကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးမျှော်မှန်းခဲ့သည့် အကောင်းမြင်သဘောထားဖြစ်သည်။ ထိုကမ္ဘာစစ်သည် အလွန်ဆိုးရွားလွန်းရကား စစ်နိုင်ခဲ့သည့်နိုင်ငံများက ၎င်းတို့၏ပေးဆပ်မှုများစွာသည် တည်မြဲသောအကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် လူ့စစ်ပွဲများသည် ပြဿနာများကို မဖြေရှင်းပေးနိုင်သလောက်ပင်။ အထူးသဖြင့် အမြစ်စွဲနေသောပြဿနာဖြစ်သည့် စစ်ပွဲကို မဖယ်ရှားပေးနိုင်ချေ။

သမ္မတဝီလ်ဆင်သည် ထိုကတိကို အလျင်စလိုပေးပြီးနောက် အနှစ် ၂၀ အကြာတွင် ဒုတိယကမ္ဘာစစ် စတင်ခဲ့သည်။ ပထမကမ္ဘာစစ်ထက် အသေအပျောက်နှင့် ပျက်စီးမှုပိုများခဲ့သည်။ ဆယ်စုနှစ်နှစ်ခုအတွင်း နည်းပညာတိုးတက်မှုများက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတွင် လူသားထုအား ပိုမိုကျွမ်းကျင်လာစေခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ ကမ္ဘာ့ခေါင်းဆောင်ကြီးများက စစ်ဖြစ်မည့်အလားအလာ ပို၍များလာကြောင်း သိရှိခဲ့ကြသည်။

၁၉၄၅ ခုနှစ်တွင် အမေရိကန်ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်စ်မက်အာသာက ဤသို့ကြေညာသည်– “စစ်ပွဲတွေအဆုံးတိုင်ဖို့ နောက်ထပ်နည်းလမ်းမရှိတော့ဘူး။ ဒီထက်ပိုကောင်းပြီး မျှတတဲ့စနစ်တစ်ခုကို မဖန်တီးနိုင်ရင်တော့ အာမဂေဒုန်ဖြစ်လာလိမ့်မယ်။”

ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးရက်များတွင် နာဂါဆာဂီနှင့် ဟီရိုရှီးမားမြို့တွင် အဏုမြူဗုံးနှစ်လုံးကြဲခဲ့သောကြောင့် အဘယ်အရာများဖြစ်ပျက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးမက်အာသာ သိသည်။ ထိုဂျပန်မြို့တော်ကြီးနှစ်ခုအပေါ် ကျရောက်ခဲ့သည့် ထိတ်လန့်ဖွယ်ပျက်စီးမှုကြောင့် “အာမဂေဒုန်” ဟူသောစကားလုံးသည် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ပေါ်ရှိ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အဆုံးတိုင်စေနိုင်သည့် အပြင်းထန်ဆုံး နျူကလီးယားမီးလောင်တိုက်သွင်းမှုတစ်ခုဟု သူ့အား သိရှိစေခဲ့သည်။

နျူကလီးယားမီးလောင်တိုက်သွင်းမှု ဖြစ်လာမည်လော ဟူသည့်စိုးရိမ်စိတ်က လူသားထုကို ဆက်၍ခြောက်လှန့်နေသည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက “အပြန်အလှန်အသေအကျေချေမှုန်းခြင်း” နည်းဗျူဟာတစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းတို့၏ပန်းတိုင်မှာ မည်သည့်ဘက်ကပင် စစ်ပွဲစတင်ပါစေ ရန်သူ၏လူဦးရေ ၂၅ ရာခိုင်နှုန်းနှင့် ကုန်ထုတ်စွမ်းအား ၅၀ ရာခိုင်နှုန်းကို ပျက်စီးစေနိုင်လောက်သည့် လက်နက်နှင့်ပစ်ခတ်နည်း အလုံအလောက်ရှိရန်ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းမည့် ထိုနည်းဗျူဟာကြောင့် လူနည်းစုသာ စိတ်သက်သာရာရခဲ့ကြသည်။

ယနေ့ နျူကလီးယားလက်နက် အရေအတွက်တိုးများလျက်ရှိပြီး ဒေသလိုက်စစ်ပွဲများက မရေတွက်နိုင်သောသေဆုံးမှုများ ဖြစ်ပေါ်စေသည်။ နျူကလီးယား မီးလောင်တိုက်သွင်းမှုဖြစ်နိုင်ချေက လူသားထုကို ခြောက်လှန့်နေဆဲဖြစ်သည်။ လူအများသည် စစ်ပွဲနိဂုံးကို တောင့်တကြသော်လည်း စစ်ပွဲတစ်ခု သို့မဟုတ် အခြားနည်းဗျူဟာတစ်ခုခုက စစ်မှုကို အဆုံးတိုင်စေနိုင်မည်ဟု လူနည်းစုကသာ ယုံကြည်ကြသည်။

သို့သော် ကျမ်းစာက စစ်ပွဲအားလုံးကို ချုပ်ငြိမ်းစေမည့် ထူးခြားသည့်စစ်ပွဲတစ်ခုအကြောင်းကို အမှန်တကယ်ဖော်ပြပါသည်။ ၎င်းကို “အာမဂေဒုန်” ဟုခေါ်ထားပြီး လူများက နျူကလီးယားစစ်ပွဲနှင့် ဆက်စပ်ဖော်ပြလေ့ရှိသည်။ အာမဂေဒုန်သည် စစ်ကို မည်သို့ အမှန်တကယ် ချုပ်ငြိမ်းစေနိုင်မည်နည်း။ နောက်ဆောင်းပါးက ထိုမေးခွန်းကို သုံးသပ်ပါလိမ့်မည်။

[စာမျက်နှာ ၃ ပါ ပုံစာ]

Dtra Photo

[စာမျက်နှာ ၄ ပါ ပုံစာ]

Nagasaki, Japan, 1945: Usaf photo