မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသားများအား အုပ်ချုပ်ရန် မည်သူအရည်အချင်းပြည့်မီသနည်း

လူသားများအား အုပ်ချုပ်ရန် မည်သူအရည်အချင်းပြည့်မီသနည်း

အထူးလူထုဟောပြောချက်

လူသားများအား အုပ်ချုပ်ရန် မည်သူအရည်အချင်းပြည့်မီသနည်း

အဘယ်အုပ်စိုးရှင်သည်

• စီးပွားရေးပြဿနာများကို ဖြေရှင်းပေးပြီး လူခပ်သိမ်းအတွက် စားကောင်းသောက်ဖွယ်အလျှံပယ်နှင့် အိမ်ကောင်းရာကောင်း ရှိစေနိုင်သနည်း။

• သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးခြင်းဖြင့် ဆူနာမီ၊ ဟာရီကိန်းမုန်တိုင်း သို့မဟုတ် မြေငလျင်များကြောင့်ဖြစ်ပေါ်သော ဘေးဆိုးများမကြုံစေရန် လုပ်ဆောင်ပေးနိုင်သနည်း။

• ရောဂါအားလုံးကို ဖယ်ရှားပေးကာ ဇရာအိုများကို လူငယ့်အားမာန်ပြန်ရရှိစေသည့်အထိ လုပ်ဆောင်ပေးနိုင်သနည်း။

• စစ်ပွဲမှန်သမျှကို အဆုံးတိုင်စေပြီး တိုင်းသူပြည်သားများကို ငြိမ်းချမ်းလုံခြုံစွာနေထိုင်စေရန် လုပ်ဆောင်ပေးနိုင်သနည်း။

• ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေကို ပြန်လည်မျှတကောင်းမွန်စေပြီး ကမ္ဘာကို ပရဒိသုအဖြစ် အသွင်ပြောင်းပေးနိုင်သနည်း။

အဆိုပါကောင်းချီးအားလုံးကို ဆောင်ကြဉ်းပေးနိုင်သော အုပ်စိုးရှင်တစ်ဦးသာရှိပါသည်။ ထိုအုပ်စိုးရှင်ကား မည်သူနည်း။ “လူသားများအား အုပ်ချုပ်ရန် မည်သူအရည်အချင်းပြည့်မီသနည်း” ဟူသော လူထုဟောပြောချက်က ထိုမေးခွန်းကိုဖြေဆိုပေးပါလိမ့်မည်။ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ထိုဟောပြောချက်ကို တင်ဆက်ပါလိမ့်မည်။ ဒေသအများစုတွင် ၂၀၀၈၊ ဧပြီ ၆ ရက်၊ တနင်္ဂနွေနေ့၌ ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမများတွင် ဟောပြောပါလိမ့်မည်။ ဟောပြောမည့်အချိန်နှင့်နေရပ်လိပ်စာကို သင့်ဒေသရှိသက်သေခံများက ဝမ်းမြောက်စွာအသိပေးလိုကြသည်။ တက်ရောက်ပါရန် သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။