မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်သစ် ‘ဣသရေလမိန်းမငယ်’

ခေတ်သစ် ‘ဣသရေလမိန်းမငယ်’

ခေတ်သစ် ‘ဣသရေလမိန်းမငယ်’

ရာဇီးနိုင်ငံ၊ ပရိုင်ယာဂရန်ဒေမြို့၌ ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲမတိုင်မီ နှစ်ပတ်အလိုတွင် စီးလ်မိသားစုဝင်တိုင်းသည် ဖိတ်ခေါ်မည့်သူများကို စာရင်းပြုစုထားသည်။ ခြောက်နှစ်အရွယ် အဘိဂဲကို မိဘများက ဖိတ်စာတစ်စောင်ပေးပြီး မည်သူ့ကို ဖိတ်ခေါ်လိုသနည်းဟု မေးခဲ့သည်။

“သမီးကို အမြဲပြုံးပြတဲ့သူကို ဖိတ်ချင်တယ်” ဟုအဘိဂဲပြန်ဖြေသည်။

“ဘယ်သူများလဲ” ဟုမိဘများက မေးသည်။

“ဘီးတပ်ကုလားထိုင်မှာ ထိုင်နေတဲ့လူပေါ့” ဟုသူပြန်ဖြေသည်။

နောက်လေးရက်ကြာသော် အဘိဂဲသည် မိဘများအား ထိုပုဂ္ဂိုလ်ကို လက်ညှိုးညွှန်ပြသည်။ ထိုသူ၏အမည်မှာ ဗော်လ်တာဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် တစ်လမ်းကျော်တွင်နေထိုင်သူဖြစ်၏။ သူသည် လွန်ခဲ့သော ၁၅ နှစ်ကျော်၊ အသက် ၂၈ နှစ်အရွယ်တွင် ကားမတော်တဆမှုကြောင့် အောက်ပိုင်းသေသွားသည်။ သူသည် အလွန်ချမ်းသာသောကြောင့် ကိုယ်ရံတော်အစောင့်နှစ်ဦးရှိသည်။ အဘိဂဲသည် ဗော်လ်တာနှင့် စကားပြောဆိုခွင့်ရပြီးနောက် မိဘများက သူတို့၏သမီးသည် ဖိတ်စာတစ်စောင်ပေးလိုကြောင်း ရှင်းပြခဲ့သည်။

အဘိဂဲသည် မိမိ၏ဖိတ်ခေါ်မှုအပြီးတွင် ဤသို့ပြောသည်– “သမီးတို့အသင်းတော်မှာ တခြားသူအားလုံးက ဖိတ်စာတွေအများကြီးရကြတယ်။ သမီးကျတော့ တစ်စောင်ပဲရတယ်။ ဒါကြောင့် သမီး ဖိတ်တဲ့သူဆိုလို့ ဦးလေးတစ်ယောက်ပဲရှိတာ။ ဦးလေးမှမလာရင် သမီးဖိတ်ခေါ်လို့ရောက်လာတဲ့သူ ရှိမှာမဟုတ်ဘူး။ တကယ်လို့ ဦးလေးလာမယ်ဆိုရင်တော့ သမီးသိပ်ပျော်မှာ၊ ပြီးတော့ ယေဟောဝါက ပိုပြီးတော့တောင် ပျော်ဦးမှာ။”

အောက်မေ့ရာပွဲနေ့တွင် အဘိဂဲအပါအဝင် သက်သေခံများသည် ညနေပိုင်းအောက်မေ့ရာပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ခန်းမကိုသန့်ရှင်းရေးလုပ်ကြသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် ဗော်လ်တာသည် အနီးမှဖြတ်သွားကာ အဘိဂဲကိုတွေ့လိုက်ပြီး မိမိဒရိုင်ဘာအား ကားရပ်ခိုင်းလိုက်သည်။ ကားပြတင်းကိုဖွင့်လိုက်ပြီး အဘိဂဲအား ဘာလုပ်နေကြောင်း မေးလေသည်။ သူရောက်လာလျှင် အဆင်သင့်ဖြစ်စေရန် ခန်းမကိုသန့်ရှင်းရေးလုပ်နေကြောင်း အဘိဂဲပြန်ဖြေ၏။

ထိုညနေခင်းတွင် အဘိဂဲသည် အလွန်စိတ်လှုပ်ရှားနေသည်။ ဟောပြောချက် စတင်လေပြီ၊ အဘိဂဲသည် ဗော်လ်တာရောက်လာမလာသိရန် ဟိုဟိုသည်သည် ရှာဖွေနေသည်။ ထိုအခိုက် ဗော်လ်တာသည် သူ၏အစောင့်တို့နှင့်အတူ ရောက်လာသည်။ အဘိဂဲ အားရပါးရပြုံးလိုက်၏။ ဗော်လ်တာက သူသည် အခြားမြို့တစ်မြို့သို့ ခရီးထွက်တော့မည်ဖြစ်သော်လည်း အဘိဂဲ၏ဖိတ်ခေါ်ချက်ကြောင့် စိတ်ပြောင်းလိုက်ကာ အောက်မေ့ရာပွဲကို လာခဲ့ခြင်းဖြစ်ကြောင်း ဟောပြောချက်ပြီးနောက် ပြောပြသည်။ “ကျွန်တော်နားထောင်သင့်တဲ့ ဟောပြောချက်ပဲ” ဟုသူထပ်ပြောသည်။ ထို့နောက် ကျမ်းစာတစ်အုပ်တောင်းဆိုကာ ကျမ်းစာစတင်လေ့လာပြီး အစည်းအဝေးများကို တက်ရောက်ခဲ့သည်။

ထိုအတောအတွင်း ဗော်လ်တာ၏ညီမသည် အစ်ကိုဖြစ်သူက မကြာခဏပြောလေ့ရှိသော အဘိဂဲနှင့်တွေ့ဆုံလိုကြောင်း ပြောသည်။ သူတွေ့ဆုံသောအခါ အဘိဂဲသည် အလွန်လိမ္မာသောမိန်းကလေးဖြစ်ကြောင်း သိလိုက်ရသည်။ “ကျွန်မအစ်ကို ဘာကြောင့် ဒီလောက်ပျော်ရွှင်နေတယ်ဆိုတာ အခု ကျွန်မသိသွားပြီ” ဟုသူပြောခဲ့သည်။

ဗော်လ်တာသည် ကျမ်းစာဆက်လေ့လာနေပြီး အစည်းအဝေးများကို တက်ရောက်နေသည်။ ထို့ပြင် မှတ်ချက်များပင် ပေးပြီး သူသိရှိခဲ့ရာများကို အခြားသူများအား ဝေမျှသည်။ မှန်ပါသည်၊ အဘိဂဲသည် စစ်မှန်သောဘုရားသခင် ယေဟောဝါအား သိရှိလာရန် နေမန်ကိုကူညီခဲ့သော ဣသရေလမိန်းကလေးကို ပြန်အမှတ်ရစေပါသည်။—၄ ဓမ္မရာဇဝင် ၅:၂-၁၄