အစ်ကိုတစ်ဦး၏အမျက်ဒေါသ
လူငယ်စာရှုသူများအတွက်
အစ်ကိုတစ်ဦး၏အမျက်ဒေါသ
ညွှန်ကြားချက်များ– ဤလေ့ကျင့်ခန်းကို ဆိတ်ငြိမ်သောဝန်းကျင်တွင် ပြုလုပ်ပါ။ ကျမ်းချက်များကိုသင်ဖတ်ရှုစဉ် အဖြစ်အပျက်တွင် သင်ပါဝင်သည်ဟု စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်တွင်မြင်ယောင်ပါ။ အသံများကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်များ၏စိတ်လှုပ်ရှားမှုများကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။
အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ကမ္ဘာဦး ၄:၁-၁၂ ကိုဖတ်ပါ။
ကာဣန၏ရုပ်ရည်နှင့် စိတ်သဘောထား မည်သို့ရှိမည်ဟု သင်ထင်သနည်း။ အာဗေလနှင့်ပတ်သက်၍ကော အသို့နည်း။
․․․․․
အဘယ် “ဇာတိပကတိအကျင့်တို့” ကို ကာဣနကျင့်ခဲ့သနည်း၊ ကျွန်ုပ်တို့မည်သို့သိရသနည်း။ (ဂလာတိ ၅:၁၉-၂၁)
․․․․․
ထပ်၍သုတေသနပြုပါ။—အခန်းငယ် ၄-၇ ကို ပြန်ဖတ်ပါ။
ယေဟောဝါ လက်ခံခဲ့ သို့မဟုတ် ငြင်းပယ်ခဲ့သောအရာသည် ပူဇော်သောယဇ်မျှသာလော၊ အခြားအရာတစ်ခုခုကော ရှိသေးသလော။ (သု. ၂၁:၂)
․․․․․
အဘယ်အခြေအနေများတွင် အမျက်ထွက်ခြင်းသည် သင့်လျော်မည်နည်း၊ သို့သော် ကာဣန “အလွန်စိတ်ဆိုး” ခြင်းမှာ အဘယ်ကြောင့် လုံးဝမှားယွင်းသနည်း။
․․․․․
မနာလိုခြင်းသည် အဘယ်အချိန်တွင် သင့်လျော်မည်နည်း၊ သို့သော် ကာဣနကိစ္စတွင်မူ အဘယ်ကြောင့် မသင့်လျော်သနည်း။ (၃ ဓမ္မရာဇဝင် ၁၉:၁၀၊ ကဘ)
․․․․․
ကာဣနသည် သူ၏အမျက်ဒေါသကို “အုပ်စိုး” နိုင်ရန် အဘယ်အရာများ ပြုလုပ်နိုင်သနည်း။
․․․․․
သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးပါ။ အောက်ပါအချက်များနှင့်ပတ်သက်၍ သင်ယူသိရှိခဲ့ရာများကို ချရေးပါ . . .
အမျက်ဒေါသ။
․․․․․
မနာလိုခြင်း။
․․․․․
မှားယွင်းသောအလိုဆန္ဒများကို “အုပ်စိုး” နိုင်ပုံ။
․․․․․
အထက်ပါမှတ်တမ်းတွင် အဘယ်အချက်က သင့်အတွက် အရေးကြီးဆုံးဖြစ်သနည်း။ အဘယ်ကြောင့်နည်း။
․․․․․