မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်ကို သင် သိကျွမ်းပါသလော

ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်ကို သင် သိကျွမ်းပါသလော

ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်ကို သင် သိကျွမ်းပါသလော

င်၏ဖခင်ကို သင်မည်မျှကောင်းစွာသိကျွမ်းသနည်း။ မေတ္တာလွှမ်းခြုံသောမိသားစုတွင် သင်ကြီးပြင်းလာပါက ထိုမေးခွန်းသည် သင့်အတွက် အထူးအဆန်းဖြစ်ပုံရပေမည်။ ထို့ကြောင့် ‘အဖေ့အကြောင်း ကောင်းကောင်းသိတာပေါ့’ ဟုသင်ဖြေဆိုပေမည်။ မှန်ပါသည်၊ လူအများစုသည် သူတို့၏ဖခင် အဘယ်အရာကို နှစ်သက်ကြောင်း၊ အဘယ်အရာကို မနှစ်သက်ကြောင်း၊ အခြေအနေများကို မည်သို့တုံ့ပြန်ကြောင်း၊ မိသားစုကိုမည်သို့စောင့်ရှောက်ကြောင်းစသည်တို့ကို ကောင်းစွာသိရှိကြသည်။

သို့သော် သင် လုံးဝမမျှော်လင့်သောနည်းဖြင့် သင့်ဖခင် တုံ့ပြန်လိုက်သည့်အခါများလည်း ရှိနိုင်သည်။ ဥပမာ၊ သားတစ်ဦးသည် သူ၏ဖခင်ကို စိတ်တည်ငြိမ်အေးဆေးသူ၊ နူးညံ့သိမ်မွေ့သူအဖြစ် သိထားပေမည်။ သို့သော် အရေးပေါ်အခြေအနေကြုံရသည့်အခါ သူ၏ဖခင်သည် မိသားစုကိုကာကွယ်ရာတွင် ခိုင်မာပြတ်သားသူဖြစ်ကြောင်း သိလိုက်ရသည်။

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်ပတ်သက်၍ကော။ ကိုယ်တော်နှင့်ပတ်သက်၍ ကျမ်းစာဤသို့ဆို၏– “ငါတို့သည် ဘုရားသခင်အားဖြင့်အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။” (တမန်တော် ၁၇:၂၈) ကျွန်ုပ်တို့၏အသက်ကို ဘုရားသခင်ပိုင်ဆိုင်သည်၊ ထိုနည်းဖြင့် ကိုယ်တော်သည် သက်ရှိအပေါင်း၏ဖခင်ဖြစ်တော်မူသည်။ (ဟေရှာယ ၆၄:၈) ဘုရားသခင်နှင့်ပတ်သက်၍ သင် ထိုသို့ခံစားကောင်းခံစားရပေမည်၊ ယင်းသည် သင့်လျော်ပါသည်။ သို့သော် ကျွန်ုပ်တို့၏အကျိုးနှင့်ပျော်ရွှင်မှုအတွက် ကိုယ်တော့်အကြောင်း ပို၍သိရှိရန်၊ ပို၍ရှာဖွေလေ့လာရန် လိုအပ်သည်။

သင့်ဖခင်အပေါ်ထားရှိသော သင့်ခံစားချက်နှင့်လေးစားမှုတို့က သူ့အကြောင်း မည်မျှသိကျွမ်းသည်ဟူသောအချက်ပေါ်တွင် မူတည်သည်။ အလားတူ၊ ဘုရားသခင်အကြောင်း သင်ပိုမိုသိရှိလေ ကိုယ်တော်နှင့် ပို၍ရင်းနှီးကျွမ်းဝင်လာလေဖြစ်မည်။ သင်သည် ဘုရားသခင်ကို ကောင်းစွာသိကျွမ်းပြီး ကိုယ်တော်၏အလိုတော်ကို ထမ်းဆောင်ပါက ဘဝအခက်အခဲများကို ခံနိုင်ရည်ရှိရန် ကိုယ်တော်ကူညီပေးနိုင်သည်။

ဘုရားသခင်သည် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ ကိုယ်တော်၏အရည်အသွေးများသည် ကိုယ်တော့်အပေါ်ထားရှိသော သင့်ခံစားချက်ကို မည်သို့သက်ရောက်မှုရှိသင့်သနည်း။ ကိုယ်တော်အားသိကျွမ်းခြင်းတွင် လုပ်ဆောင်ရမည့်တာဝန်များ လိုက်ပါလာသလော။ ထိုမေးခွန်းများ၏အဖြေကို နောက်ဆောင်းပါးတွင် တွေ့ရှိရပါလိမ့်မည်။

[စာမျက်နှာ ၃ ပါအကြောင်းအရာ အကျဉ်းချုပ်]

အခြားသူများကို သင် မည်မျှ ကောင်းစွာသိကျွမ်းသည်ဟူသောအချက်သည် သူတို့အပေါ်ထားရှိသော သင့်ခံစားချက်ကို အကျိုးသက်ရောက်နိုင်