မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်

ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်

လူငယ်စာရှုသူများအတွက်

ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ ကလေးတို့ပါဝင်တယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။လုကာ ၂:၄၁-၄၇ ကိုဖတ်ပါ။

အခန်းငယ် ၄၆ မှာဖော်ပြထားတဲ့စကားဝိုင်းမှာ ဘာအကြောင်းအရာတွေ ဆွေးနွေးနေမယ်လို့ ကလေးတို့ထင်သလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

ယေရှုက အသက်ငယ်သေးပေမဲ့ ဘာသာရေးဆရာတွေနဲ့ ဘာကြောင့် စကားအပြန်အလှန်ပြောဆိုနိုင်ခဲ့တယ်လို့ ကလေးတို့ထင်သလဲ။ ယေရှုက စုံလင်သူတစ်ဦးဖြစ်တဲ့အတွက်ကြောင့်လား ဒါမှမဟုတ် တခြားအကြောင်းရင်းရှိသေးသလား။

․․․․․

အဖြစ်အပျက်ကို ဆန်းစစ်ပါ။လုကာ ၂:၄၈-၅၂ ကိုဖတ်ပါ။

‘မိဘတွေ ဘာကြောင့် ကျွန်တော့်ကိုရှာတာလဲ’ လို့ယေရှုမေးတဲ့အခါ ဘယ်လိုသဘောထားမျိုးရှိမယ်လို့ ကလေးတို့ထင်သလဲ။

․․․․․

ယေရှုက သူ့မိဘတွေကို ခနဲ့တဲ့တဲ့ ဒါမှမဟုတ် မလေးမစားပြန်ပြောတာမဟုတ်ဘူးလို့ ဘာကြောင့်စိတ်ချနိုင်သလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

မာရိနဲ့ယောသပ်တို့ စိုးရိမ်ပူပန်နေတာက ဘာကြောင့်သင့်လျော်သလဲ။

․․․․․

ယေရှုက စုံလင်ပေမဲ့ မိဘတွေကို ဘာကြောင့် ဆက်ပြီးနာခံမှုတင်ပြခဲ့သလဲ။

․․․․․

ကိုယ့်ကိုအထင်ကြီးလေးစားသူတွေရှေ့မှာ အဆူခံရတဲ့အတွက် ယေရှုရှက်ရွံ့ခဲ့မယ်လို့ ကလေးတို့ထင်သလား။

․․․․․

ကလေးတို့ သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

နာခံမှု။

․․․․․

ငယ်ငယ်ကတည်းက ကျမ်းစာအသိပညာလေ့လာဆည်းပူးခြင်းရဲ့တန်ဖိုး။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက ကလေးတို့စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။

․․․․․