မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကောင်းကြံ ဘေးဒဏ်ထိ

မကောင်းကြံ ဘေးဒဏ်ထိ

လူငယ်စာရှုသူများအတွက်

မကောင်းကြံ ဘေးဒဏ်ထိ

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်တို့ပါဝင်တယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ဒံယေလ ၆:၁-၂၈ ကိုဖတ်ပါ။

သင်တို့ ဘယ်လိုထင်သလဲ။ ဒါရိက ဘယ်လိုလူစားမျိုးလဲ။ သင်တို့စိတ်ထဲပေါ်လာတဲ့အတိုင်း သူ့ရဲ့ရုပ်သွင်ကို ရေးကြည့်ပါ။ ဘယ်လိုအသံနေအသံထားနဲ့ သူစကားပြောမယ်လို့ ထင်သလဲ။ (အခန်းငယ် ၁၄၊ ၁၆၊ ၁၈-၂၀ ကိုထပ်ဖတ်ကြည့်ပါ။)

․․․․․

ဒံယေလကိုပစ်ချတဲ့တွင်းက ဘာနဲ့တူသလဲ၊ ခြင်္သေ့တွေကို ဘယ်လိုပုံဖော်မလဲ။

․․․․․

ဒံယေလကိုပစ်ချပြီး ခြင်္သေ့တွင်းကို ပိတ်လိုက်တဲ့အချိန်ခဏလေးမှာ ဘာဖြစ်မယ်လို့ထင်သလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

ဒါရိမင်းရဲ့ဝန်ကြီးတွေက ဒံယေလကို ဘာကြောင့် မနာလိုဖြစ်ကြတာလဲ။ (အခန်းငယ် ၃ ကိုထပ်ဖတ်ကြည့်ပါ။)

․․․․․

ဒံယေလက တိတ်တိတ်လေး ဆုတောင်းနိုင်ရက်နဲ့ ဘာကြောင့် အများမြင်အောင်ဆုတောင်းရတာလဲ။ (အခန်းငယ် ၁၀၊ ၁၁ ကိုထပ်ဖတ်ကြည့်ပါ။)

․․․․․

ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး အမိန့်ထုတ်ဖို့အကြံပေးလာတာကို ဒါရိ ဘာကြောင့်သဘောကျသွားမယ်လို့ ထင်သလဲ။ (အခန်းငယ် ၇ ကိုထပ်ဖတ်ကြည့်ပါ။)

․․․․․

သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

․․․․․

ဆန့်ကျင်မှုကြုံရချိန်မှာတောင် ရဲစွမ်းသတ္တိရှိမှု။

․․․․․

ဆုတောင်းခြင်းရဲ့အရေးကြီးမှု။

․․․․․

တည်ကြည်မှုရှိတဲ့ကျေးကျွန်တွေအပေါ် ယေဟောဝါရဲ့ဂရုစိုက်မှု။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင်တို့ကို စိတ်ထိမိစေသလဲ။ ဘာကြောင့်လဲ။

․․․․․