မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အဲဒီမှာ သူတို့ ဘာတွေလုပ်ကြသလဲ”

“အဲဒီမှာ သူတို့ ဘာတွေလုပ်ကြသလဲ”

“အဲဒီမှာ သူတို့ ဘာတွေလုပ်ကြသလဲ”

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့အနီး၊ မိုကလီမြို့ (ခရူဂါဒေါ့ပ်) ရှိ ယေဟောဝါသက်သေများ၏ အဆောက်အဦကြီးရှေ့မှ ဖြတ်သန်းသွားလာသူများစွာက ထိုသို့မေးခြင်းဖြစ်သည်။ ထို့ကြောင့် သက်သေခံများသည် ၂၀၀၇၊ အောက်တိုဘာ ၁၂ နှင့် ၁၃ ရက်တွင် ဌာနခွဲအဆောက်အဦကို လူအများ လည်ပတ်ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်နှစ်ခုရှိသည်။ မှားယွင်းသောကောလာဟလများ ပပျောက်စေရန်နှင့် ဌာနခွဲရုံးတွင် လုပ်ဆောင်နေသောလုပ်ငန်းမှာ ယေရှုခရစ်မိန့်မှာထားသောလုပ်ငန်းကို ထောက်မဖို့ဖြစ်ကြောင်း လူအများသိမြင်စေရန်ဖြစ်သည်။—မဿဲ ၂၈:၁၉၊ ၂၀

ဌာနခွဲရုံးတွင် အမှုဆောင်နေသူများသည် လူတို့ကိုကြိုဆိုသောဆိုင်းဘုတ်ကြီးများကို ဂိတ်ဝတွင် ချထားပြီး အိမ်နီးချင်းများကိုလည်း အထူးဖိတ်စာများပေးခဲ့သည်။ လုပ်ငန်းရှင်များနှင့် သူတို့၏မိသားစုများကိုလည်း ဖိတ်ခေါ်သည်။ တုံ့ပြန်မှုကား အဘယ်နည်း။ သက်သေခံမဟုတ်သူ ၅၀၀ ကျော်သည် ဌာနခွဲအဆောက်အဦများကို လည်ပတ်ကြည့်ရှုခဲ့ကြ၏။

တစ်နာရီလျှင် မဂ္ဂဇင်းစောင်ရေ ၉၀,၀၀၀ ကျော် ပုံနှိပ်ပေးသည့် အမ်အေအဲန်ရိုးလန်းလစ်သိုမန် ပတ်လည်ပုံနှိပ်စက်ကို သူတို့ အထူးစိတ်ဝင်စားကြသည်။ နေ့စဉ်၊ စာပေ ၁၄ တန်ကျော်ကို ထုပ်ပို့ပေးသော ထုပ်ပို့ရေးဌာနအပြင် စာအုပ်ချုပ်ဌာနကိုလည်း သူတို့သဘောကျကြသည်။ ဌာနအမျိုးမျိုးမှ သက်သေခံများသည် စိတ်ဝင်စားဖွယ်အချက်များကို ပြပွဲအဖြစ်ပြသရန် စီစဉ်ကြသည်။ ယင်းတို့တွင် ဂူတင်ဘာ့ဂ်ခေတ်မှစ၍ လက်ရှိလစ်သိုပုံနှိပ်စက်အထိ ပုံနှိပ်စက်၏သမိုင်းကြောင်းကို အကျဉ်းချုပ်တင်ဆက်ခြင်းပါဝင်သည်။ နောက်ပြပွဲတစ်ခုမှာ ဌာနခွဲ၏ ပတ်ဝန်းကျင်ထိန်းသိမ်းပုံကို အလေးပေးဖော်ပြထားသည်။ ဥပမာ၊ ပုံနှိပ်စက်များ၏ အခြောက်ခံစက်များမှထွက်လာသော အဆိပ်ရှိသည့်ဓာတ်ငွေ့များနှင့်အနံ့အသက်များကို ဖယ်ရှားပေးသော အထူးစနစ်တစ်ခုနှင့် စွန့်ပစ်မည့်စက္ကူမှုန့်များကို စုသိမ်းစစ်ထုတ်ပေးသော ကိရိယာများအကြောင်း ဖြစ်သည်။

ထိုအဆောက်အဦတွင် နေထိုင်လျက်ရှိသော စေတနာ့ဝန်ထမ်း ၇၀၀ မှာ “မိမိတို့ကိုယ်ကို ယေဟောဝါထံအပ်နှံထားသည့် ခန့်အပ်ခံအမှုဆောင်များဖြစ်” ကြောင်း ဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ်ကို ဒေသခံသတင်းစာတစ်စောင်တွင် ထည့်သွင်းထားသည်။ ထို့ပြင် ထိုအဆောက်အဦသည် “အလွန့်အလွန်သန့်ရှင်းကြောင်း၊” ပုံနှိပ်စက်တွင် “အရာအားလုံးသည် အချိန်မီလည်ပတ်နေကြောင်း” ကိုလည်း ချီးမွမ်းထားသည်။ ယေဟောဝါသက်သေများကို ဆန့်ကျင်သူတစ်ဦးလည်း လာရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် “သိပ်ဂုဏ်ယူမိပါတယ်။ လူတစ်ယောက်ဟာ အကောင်းဆုံးအရာတွေကို ဒီလောက်အတိုင်းအတာအထိ ခံစားရလေ့မရှိဘူး” ဟုရေးခဲ့သည်။

ဧည့်သည်များစွာသည် ဌာနခွဲအဆောက်အဦကို လည်ပတ်ရခြင်းအတွက် ကျေးဇူးတင်ကြောင်းပြောကြသည်။ ထို့ပြင် ဌာနခွဲတွင် ၁၅၁ ဘာသာဖြင့် ကျမ်းစာ,စာပေများရှိနေခြင်း၊ အာဖရိကတောင်ပိုင်းနှင့်ဗဟိုအာဖရိကရှိ ၁၈ နိုင်ငံအတွက် စာပေများပုံနှိပ်ပေးနေခြင်းကို တွေ့ရ၍လည်း သူတို့အလွန်အံ့သြကြသည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲအဆောက်အဦများကို အလုပ်ချိန်အတွင်း လည်ပတ်ကြည့်ရှုနိုင်ရန် ဖွင့်ထားပါသည်။ ထို့ကြောင့် သင့်ဒေသရှိ ဌာနခွဲရုံးနှင့်ဆက်သွယ်ပြီး လည်ပတ်နိုင်မည့်အချိန်ကို စုံစမ်းပါလေ။

[Caption on page 14]

ဌာနခွဲအဆောက်အဦသို့ ဧည့်သည်များရောက်ရှိလာ

[Caption on page 14]

ဖိတ်စာ

[Caption on page 15]

တောင်အာဖရိကနိုင်ငံ၊ မိုကလီမြို့ရှိ တောင်အာဖရိကဌာနခွဲအဆောက်အဦ

[Caption on page 15]

အမ်အေအဲန်ရိုးလန်းလစ်သိုမန် ပတ်လည်ပုံနှိပ်စက်

[Caption on page 15]

စာအုပ်ချုပ်ဌာန

[Caption on page 15]

ထုပ်ပို့ရေးဌာန