မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် ကျွန်ုပ်ကို ဂရုစိုက်တော်မူသလော

ဘုရားသခင်သည် ကျွန်ုပ်ကို ဂရုစိုက်တော်မူသလော

ဘုရားသခင်သည် ကျွန်ုပ်ကို ဂရုစိုက်တော်မူသလော

လူအများစု၏ ဖြေဆိုချက်များ–

▪ “ဘုရားသခင်ရဲ့ ဂရုစိုက်မှုကို ခံရလောက်အောင် ကျွန်တော်က အရေးမပါလှပါဘူး။”

▪ “ဘုရားသခင်က ကျွန်တော့်ကို ဂရုစိုက်မယ်မထင်ဘူး။”

ယေရှု ပြောဆိုခဲ့ရာများ

▪ “စာငှက်ငါးကောင်ကို ဒ င်္ဂါးငယ်နှစ်ပြားနှင့် ရောင်းရသည် မဟုတ်လော။ သို့တိုင် ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင် မေ့လျော့တော်မမူ။ သင်တို့၏ဆံပင်များကိုပင် အကုန်အစင် ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (လုကာ ၁၂:၆၊ ၇) ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှန်ပင်ဂရုစိုက်တော်မူကြောင်း ယေရှုမိန့်ဆိုခဲ့သည်။

▪ “‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟုဆို၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ ဤအရာများကို လူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ဤအရာအားလုံးကို သင်တို့ လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။” (မဿဲ ၆:၃၁၊ ၃၂) ဘုရားသခင်သည် ကျွန်ုပ်တို့ တစ်ဦးစီ၏လိုအပ်ရာများကို သိတော်မူကြောင်း ယေရှု ယုံကြည်ခဲ့သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဂရုစိုက်တော်မူကြောင်း ကျမ်းစာက အတိအလင်းဖော်ပြသည်။ (ဆာလံ ၅၅:၂၂; ၁ ပေတရု ၅:၇) သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဆင်းရဲခက်ခဲမှုများကို ယနေ့ အဘယ်ကြောင့်ခံစားနေရသနည်း။ ကိုယ်တော်သည် မေတ္တာရှင်ဖြစ်ပြီး တန်ခိုးနှင့်ပြည့်စုံသောအရှင်ဖြစ်ပါလျက် ဆင်းရဲခက်ခဲမှုများအဆုံးတိုင်စေရန် အဘယ်ကြောင့် မလုပ်ဆောင်သနည်း။

အကြောင်းရင်းမှာ စာတန်သည် ဤဆိုးသွမ်းသောစနစ်ကို အုပ်စိုးနေသောကြောင့်ဖြစ်၏၊ ယင်းကို လူနည်းစုသာ သိရှိကြသည်။ စာတန်သည် ယေရှုကို သွေးဆောင်စဉ် ကမ္ဘာ့တိုင်းနိုင်ငံများကိုပြကာ ဤသို့ပြောခဲ့သည်– “ဤအခွင့်အာဏာရှိသမျှနှင့် ထိုနိုင်ငံများ၏ ဘုန်းစည်းစိမ်ကို သင့်အား ငါပေးမည်။ ထိုအရာများကို ငါ့အား လွှဲအပ်ထားပြီးဖြစ်၍ ငါပေးလိုသူအား ပေးနိုင်၏။”—လုကာ ၄:၅-၇

စာတန်သည် လူသားထုကို အုပ်စိုးသောအရှင် မည်သို့ဖြစ်လာသနည်း။ ကျွန်ုပ်တို့၏ ကနဦးမိဘများဖြစ်သော အာဒံနှင့်ဧဝသည် စာတန်၏စကားကို နားထောင်ပြီး ဘုရားသခင့်ပညတ်များကို လျစ်လျူရှုလိုက်ခြင်းဖြင့် စာတန်ကို မိမိတို့အုပ်စိုးရှင်အဖြစ် ရွေးချယ်ခဲ့သည်။ ထိုပုန်ကန်ချိန်မှစ၍ ယေဟောဝါဘုရားသခင်သည် စာတန်၏အုပ်ချုပ်မှု လုံးဝရှုံးနိမ့်မည်ဖြစ်ကြောင်း ဖော်ပြရန် စိတ်ရှည်စွာ အချိန်ပေးတော်မူသည်။ ယေဟောဝါသည် မိမိကိုကိုးကွယ်ရန် လူသားများအား အတင်းအကျပ်မပြုဘဲ မိမိထံပြန်လှည့်လာနိုင်ရန် လမ်းဖွင့်ပေးထားသည်။—ရောမ ၅:၁၀

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဂရုစိုက်တော်မူသောကြောင့်သာ စာတန်၏အုပ်စိုးမှုမှကယ်တင်ရန် ယေရှုကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ လာမည့်အနာဂတ်တွင် ယေရှုသည် ‘သေခြင်းတရားကိုဖြစ်ပေါ်စေသူ စာတန်ကို ဖျက်ဆီးတော်မူမည်။’ (ဟေဗြဲ ၂:၁၄) ဤနည်းဖြင့် ကိုယ်တော်သည် ‘စာတန်၏အမှုအရာများကို ချိုးဖျက်’ တော်မူမည်။—၁ ယောဟန် ၃:၈

ထို့ပြင် ကမ္ဘာတစ်ခွင် ပရဒိသုပြန်ဖြစ်လာမည်။ ထိုအချိန်တွင် ဘုရားသခင်သည် “[လူတို့၏]မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာ. ၂၁:၄၊ ၅ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုများကို အဘယ်ကြောင့်ခွင့်ပြုထားရခြင်းနှင့်စပ်လျဉ်း၍ ထပ်ဆင့်အချက်အလက်များကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် အခန်း ၁၁ တွင်ကြည့်ပါ။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

ကမ္ဘာတစ်ခွင် ပရဒိသုပြန်ဖြစ်လာမည်