မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် ဝတ်ပြုကိုးကွယ်မှုပုံစံအားလုံးကို လက်ခံပါသလော

ဘုရားသခင်သည် ဝတ်ပြုကိုးကွယ်မှုပုံစံအားလုံးကို လက်ခံပါသလော

ဘုရားသခင်သည် ဝတ်ပြုကိုးကွယ်မှုပုံစံအားလုံးကို လက်ခံပါသလော

လူအများစု၏ ဖြေဆိုချက်များ–

▪ “ဘာသာတရားအားလုံးက ဘုရားသခင်ဆီ ပို့ဆောင်ပေးတဲ့ လမ်းတွေပါပဲ။”

▪ “ဘာကိုပဲယုံကြည်ပါစေ စိတ်ထားမှန်ဖို့ပဲ အရေးကြီးတာပါ။”

ယေရှုပြောဆိုခဲ့ရာများ

▪ “ကျဉ်းသောဂိတ်တံခါးမှ ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းသည် ကျယ်ဝန်းသောကြောင့် ဝင်သော သူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သော လမ်းနှင့် ဂိတ်တံခါးမူကား ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ မြင်သောသူ နည်းကြ၏။” (မဿဲ ၇:၁၃၊ ၁၄) မည်သည့်လမ်းမဆို ဘုရားသခင်ထံပို့ဆောင်ပေးသည်ဟု ယေရှု မယုံကြည်ခဲ့ချေ။

▪ “ထိုနေ့၌ အများသောသူတို့က ‘သခင်၊ သခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမဖြင့် ပရောဖက်ပြုကြပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် များစွာသောတန်ခိုး တို့ကို ပြပါပြီမဟုတ်လော’ ဟုဆိုကြလိမ့်မည်။ ထိုသို့ဆိုကြသောအခါ သင်တို့ကို ငါလုံးဝမသိ။ မတရားသောအမှုကို ပြုသောသူတို့၊ ငါထံမှ ထွက်သွားကြဟု ထိုသူတို့အား ငါပြောမည်။” (မဿဲ ၇:၂၂၊ ၂၃) မိမိနောက်လိုက် ဖြစ်သည်ဟု ပြောဆိုသူတိုင်းကို ယေရှုလက်မခံခဲ့ချေ။

ဘာသာတရားကိုင်းရှိုင်းသူများစွာသည် ၎င်းတို့၏ယုံကြည်ချက်များနှင့် ထုံးတမ်းစဉ်လာများကို အလွန်လေးမြတ်ကြသည်။ သို့သော် ယင်းတို့သည် ဘုရားသခင့်နှုတ်ထွက်စကားတော် သမ္မာကျမ်းစာနှင့် မကိုက်ညီကြောင်းတွေ့ရှိရလျှင်ကော အသို့နည်း။ ယေရှုသည် မိမိခေတ်ရှိ ဘာသာရေးခေါင်းဆောင်များအား “သင်တို့သည် ထုံးတမ်းစဉ်လာကြောင့် ဘုရားသခင်၏တရားစကားတော်ကို ပျက်ပြယ်စေကြပြီ” ဟုမိန့်ဆိုစဉ် လူ့ထုံးတမ်းစဉ်လာများ စွဲကိုင်ခြင်း၏အန္တရာယ်ကို ဖော်ပြခဲ့သည်။ ထို့နောက် ကိုယ်တော်က “ဤလူမျိုးသည် နှုတ်ဖြင့်သာ ငါ့ကိုရိုသေကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့၏အယူဝါဒများကို သွန်သင်သောကြောင့် ငါ့ကို ကိုးကွယ်နေခြင်းမှာ အချည်းနှီးသာဖြစ်၏” ဟူသော ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို ကိုးကားပြောဆိုခဲ့သည်။—မဿဲ ၁၅:၁-၉; ဟေရှာယ ၂၉:၁၃

ယုံကြည်ရုံမျှသာမဟုတ်ဘဲ ကျင့်ကြံပြုမူရန်လည်း အရေးကြီးသည်။ ဘုရားသခင်ကို ဝတ်ပြုပါသည်ဟု ဆိုကြသူအချို့ကို ကျမ်းစာတွင် ဤသို့ဆိုထား၏– “သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဆိုကြသော်လည်း အကျင့်အားဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။” (တိတု ၁:၁၆) ထို့ပြင် ကျမ်းစာက ကျွန်ုပ်တို့ခေတ်ရှိလူများနှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်– “ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ၊ ဘုရားတရားဆည်းကပ်ဟန်ရှိသော်လည်း ထိုသို့ဆည်းကပ်ခြင်း၏အကျိုးကို ငြင်းပယ်သူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။”—၂ တိမောသေ ၃:၄၊ ၅

ဘုရားသခင်နှစ်သက်လက်ခံသည့် ဝတ်ပြုကိုးကွယ်မှုတွင် စိတ်ထားမှန်ကန်ရန် အမှန်ပင် လိုအပ်၏၊ သို့သော် ထို့ထက်မက လိုအပ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတစ်ဦးသည် စိတ်ထားမှန်သော်လည်း မှားယွင်းနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အကြောင်း တိကျမှန်ကန်စွာသိကျွမ်းရန် အလွန်အရေးကြီး၏။ (ရောမ ၁၀:၂၊ ၃) ကျွန်ုပ်တို့သည် ထိုအသိပညာကို လေ့လာဆည်းပူးပြီး ကျမ်းစာမိန့်ဆိုရာများနှင့်အညီ ပြုမူကျင့်ကြံပါက ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိပါလိမ့်မည်။ (မဿဲ ၇:၂၁) သို့ဖြစ်၍ မှန်ကန်သောရည်ရွယ်ချက်၊ မှန်ကန်သောယုံကြည်ချက်နှင့် မှန်ကန်သောကျင့်ကြံပြုမူပုံတို့ ပေါင်းစပ်ပါဝင်မှသာ စစ်မှန်သောဘာသာတရားဟု ဆိုနိုင်ပေသည်။ မှန်ကန်သောကျင့်ကြံပြုမူပုံဟူသည် ဘုရားသခင့်အလိုတော်ကို နေ့စဉ်ထမ်းဆောင်ခြင်းဖြစ်သည်။—၁ ယောဟန် ၂:၁၇

သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ကျမ်းစာမိန့်ဆိုရာများကို ပိုမိုသိလိုပါက အခမဲ့ကျမ်းစာလေ့လာနိုင်ရန် ယေဟောဝါသက်သေများကို ဆက်သွယ်ပါ။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

မှန်ကန်သောရည်ရွယ်ချက်၊ မှန်ကန်သောယုံကြည်ချက်နှင့် မှန်ကန်သောကျင့်ကြံပြုမူပုံတို့ ပေါင်းစပ်ပါဝင်မှသာ စစ်မှန်သောဘာသာတရားဟု ဆိုနိုင်သည်