မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးသားစွာပြုမူခြင်းက ဘုရားသခင်ကို ချီးကျူးမှုဖြစ်စေ

ရိုးသားစွာပြုမူခြင်းက ဘုရားသခင်ကို ချီးကျူးမှုဖြစ်စေ

ရိုးသားစွာပြုမူခြင်းက ဘုရားသခင်ကို ချီးကျူးမှုဖြစ်စေ

ယူကရိန်းနိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်

ယူကရိန်းနိုင်ငံမှ ယေဟောဝါသက်သေများဖြစ်သော ချီဗီဆော့ဘ်မိသားစုသည် ခရစ်ယာန်အစည်းအဝေးတစ်ခုမှ အိမ်အပြန်လမ်းတွင် ပိုက်ဆံအိတ်တစ်အိတ် ကောက်ရသည်။ ယင်းတွင် ကားမောင်းလိုင်စင်၊ အကြွေးဝယ်ကတ်ပြားများနှင့် အမေရိကန်ဒေါ်လာ ၅၀၀ အပါအဝင် တန်ဖိုးရှိအရာများကို တွေ့ရှိခဲ့ကြသည်။ မိသားစုဝင်ငါးဦးရှိသော ဤမိသားစုတွင် ခင်ပွန်းဖြစ်သူ၌သာအလုပ်ရှိပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၇၀ လောက်သာရရှိ၏။ ထို့ကြောင့် ဤကောက်ရသောငွေသည် သူတို့အတွက် လွန်စွာအထောက်အကူဖြစ်နိုင်ပေမည်။ သူတို့ဘာလုပ်ခဲ့ကြသနည်း။

မိခင်ဖြစ်သူက ဤသို့ပြန်ပြောပြ၏– “ကားမောင်းလိုင်စင်ကိုကြည့်ပြီး ပိုင်ရှင်အမျိုးသမီးဆီကို ပိုက်ဆံအိတ်ဘယ်လိုပြန်ပေးရမလဲဆိုတာ သမီးတွေက ချက်ချင်းတိုင်ပင်ကြတယ်။ သူတို့မှာ ကောင်းကောင်းလေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်ရှိတယ်ဆိုတာကို အခုလိုတင်ပြတာ တွေ့ရတော့ ကျွန်မနဲ့ကျွန်မခင်ပွန်း တကယ်ကျေနပ်ခဲ့တယ်။ နောက်တစ်နေ့မှာ ပိုက်ဆံအိတ်ပျောက်သွားတဲ့အမျိုးသမီးဆီကို ကျွန်မဖုန်းဆက်အကြောင်းကြားလိုက်တယ်။ အိုလာဆိုတဲ့အမျိုးသမီးက ဝမ်းသာလွန်းလို့မျက်ရည်ကျပြီး သူနဲ့သူ့ခင်ပွန်းဟာ ကျွန်မတို့မြို့မှာ ဈေးဆိုင်ငယ်တချို့ပိုင်ဆိုင်ကြောင်း ပြောပြတယ်။ ပိုက်ဆံအိတ်ထဲကငွေတွေဟာ အလုပ်သမားတွေကိုပေးရမယ့်လစာဖြစ်တယ်။ ဒီအပြင် သူ့လုပ်ငန်းအတွက် အရမ်းအရေးကြီးတဲ့ ငွေကြေးစာချုပ်စာတမ်းလည်းပါတယ်။

“အိုလာက ပိုက်ဆံအိတ်ကို ဘယ်မှာကောက်ရသလဲဆိုပြီးမေးတယ်။ ကျွန်မတို့ ကောက်ရတဲ့နေရာကိုပြောပြပြီး ခရစ်ယာန်အစည်းအဝေးက ပြန်လာတာဖြစ်ကြောင်းကိုလည်း ရှင်းပြလိုက်တယ်။ သူ့ကို ကျမ်းစာ,စာပေတွေဝေငှတော့ လေးလေးစားစားနဲ့လက်ခံခဲ့တယ်။

“အပတ်အနည်းငယ်ကြာပြီးတဲ့နောက် ကျွန်မတို့အသင်းတော်က ညီအစ်မတစ်ယောက်က လမ်းပေါ်သွားလာနေသူတွေကို ကျမ်းစာစာပေတွေဝေငှနေတုန်း အမျိုးသမီးတစ်ဦးလာပြီး အရင်က သူဟာ ယေဟောဝါသက်သေတွေကို လုံးဝလက်မခံဘူးလို့ ပြောတယ်။ ဒါပေမဲ့ အခုတော့ သူနားထောင်ဖို့အသင့်ရှိတဲ့အပြင် စာပေတွေကိုလည်း လက်ခံခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သက်သေခံတွေက သူ့သမီးရဲ့ပိုက်ဆံအိတ်ကို ပြန်ပေးလို့ဆိုပြီး ပြောပြခဲ့တယ်။” (g05 8/22)

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ချီဗီဆော့ဘ်မိသားစု