လူနည်းစုသာ အုပ်စိုးသော်လည်း လူများစွာ အကျိုးကျေးဇူးခံစားရ
လူနည်းစုသာ အုပ်စိုးသော်လည်း လူများစွာ အကျိုးကျေးဇူးခံစားရ
ဘုရားသခင်သည် တမန်တော်များလက်ထက်မှစ၍ အရေအတွက်ကန့်သတ်ထားသော သစ္စာရှိခရစ်ယာန်များကို လူသားများထဲမှရွေးချယ်ကာ သားများအဖြစ် မွေးစားခဲ့သည်။ ထိုမွေးစားသားများတွေ့ကြုံရသော အပြောင်းအလဲမှာ အလွန်ကြီးမားလှသောကြောင့် ကျမ်းစာတွင် ယင်းကို တစ်ဖန်မွေးဖွားခြင်းအဖြစ် ဖော်ပြထားသည်။ တစ်ဖန်မွေးဖွားခြင်း၏ရည်ရွယ်ချက်မှာ တစ်ဖန်မွေးဖွားခံရသော ဘုရားသခင့်ကျေးကျွန်များကို ကောင်းကင်တွင် ဘုရင်များဖြစ်လာစေရန် ပြင်ဆင်ပေးခြင်းဖြစ်သည်။ (၂ တိမောသေ ၂:၁၂) သူတို့သည် ဘုရင်များဖြစ်လာနိုင်ရန် သေခြင်းမှ ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ကြသည်။ (ရောမ ၆:၃-၅) ကောင်းကင်တွင် သူတို့သည် ခရစ်တော်နှင့်အတူ “ဘုရင်များအဖြစ် မြေကြီးကိုအုပ်စိုးရလိမ့်မည်။”—ဗျာ. ၅:၁၀; ၁၁:၁၅။
သို့သော် ကျမ်းစာတွင် တစ်ဖန်မွေးဖွားခြင်းခံရသူများအပြင် အခြားသူတို့လည်း ထာဝရကယ်တင်ခြင်းခံရမည့်အကြောင်း ဖော်ပြသည်။ (ဟေဗြဲကျမ်းစာစောင်များအပြင် ခရစ်ယာန်ဂရိကျမ်းစောင်၁ ယောဟန် ၂:၂။
များတွင်) ဘုရားသခင်သည် လူအုပ်စုနှစ်စုကို ကယ်တင်ရန် ရည်ရွယ်ထားကြောင်းဖော်ပြသည်၊ ၎င်းတို့မှာ ကောင်းကင်တွင် ဘုရင်များအဖြစ်အုပ်စိုးမည့်အုပ်စုငယ်နှင့် မြေကြီးပေါ်နေထိုင်မည့် အုပ်ချုပ်ခံပြည်သားအုပ်စုကြီးဖြစ်သည်။ ဥပမာ၊ တမန်တော်ယောဟန်သည် တစ်ဖန်မွေးဖွားခံရသော ယုံကြည်သူချင်းများထံ အဘယ်အရာရေးသားခဲ့ကြောင်း သတိပြုပါ။ ယေရှုနှင့်ပတ်သက်၍ သူဤသို့ဆို၏– “ကိုယ်တော်သည် ငါတို့ [အုပ်စုငယ်] ၏အပြစ်များအတွက်သာမက တစ်လောကလုံး [အုပ်စုကြီး] အတွက် အပြစ်ဖြေရာယဇ် ဖြစ်တော်မူ၏။”—အလားတူ၊ တမန်တော်ပေါလုက “ဖန်ဆင်းခံအရာများ [အုပ်စုကြီး] သည် ဘုရားသခင့်သားတို့ [အုပ်စုငယ်]၏ ပေါ်ထွန်းခြင်းကို အလွန်တောင့်တစောင့်မျှော်လျက်နေကြ၏” ဟုရေးခဲ့သည်။ (ရောမ ၈:၁၉-၂၁) တမန်တော်များဖြစ်သော ယောဟန်နှင့်ပေါလုတို့၏စကားများကို ကျွန်ုပ်တို့ မည်သို့နားလည်သင့်သနည်း။ တစ်ဖန်မွေးဖွားခံရသူများသည် ကောင်းကင်အုပ်ချုပ်မှုတွင် ပါဝင်မည်ဟုနားလည်သင့်သည်။ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း။ ကမ္ဘာပေါ်နေထိုင်မည့် အုပ်ချုပ်ခံသန်းပေါင်းများစွာအတွက် ထာဝရအကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးရန်ဖြစ်သည်။ ထို့ကြောင့် “[ဘုရားသခင်၏]နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဟူ၍ဆုတောင်းရန် တပည့်များကို ယေရှုသင်ပေးခဲ့သည်။—မဿဲ ၆:၁၀။
ကယ်တင်ခြင်းရမည့် ထိုအုပ်စုနှစ်စုအကြောင်းကို ဟေဗြဲကျမ်းစာစောင်များတွင်လည်း တွေ့ရှိရသည်။ ဥပမာ၊ ယေရှု၏ဘိုးဘေးအာဗြဟံအား ယေဟောဝါပြောဆိုခဲ့ရာကို သတိပြုပါ– “သင်၏အမျိုးအနွယ်[အုပ်စုငယ်]အားဖြင့် လူမျိုးအပေါင်း [အုပ်စုကြီး] တို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈) မှန်ပါသည်၊ အာဗြဟံ၏ “အမျိုးအနွယ်” အားဖြင့် လူမျိုးအပေါင်း ကောင်းချီးခံစားရမည်။
ထို “အမျိုးအနွယ်” ကား မည်သူနည်း။ ယေရှုခရစ်ဖြစ်ပြီး တစ်ဖန်မွေးဖွားခြင်းခံရသူများ၊ တစ်နည်းအားဖြင့် ဘုရားသခင့်သားများအဖြစ် မွေးစားခံရသူများလည်း ပူးပေါင်းပါဝင်သည်။ “သင်တို့သည် ခရစ်တော်နှင့်ဆိုင်ကြလျှင် အမှန်ပင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်” သည်ဟု တမန်တော်ပေါလုရှင်းပြခဲ့သည်။ (ဂလာတိ ၃:၁၆၊ ၂၉) “အမျိုးအနွယ်” အားဖြင့် လူမျိုးအပေါင်းခံစားရမည့်ကောင်းချီးများကား အဘယ်နည်း။ ဘုရားသခင့်မျက်နှာသာ ပြန်လည်ရရှိခြင်းနှင့် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်း အခွင့်ထူးများဖြစ်သည်။ “ဖြောင့်မတ်သောသူတို့သည် [မြေကြီး]ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟုဆာလံဆရာဒါဝိဒ် ပရောဖက်ပြုသည်။—ဆာလံ ၃၇:၂၉; ဟေရှာယ ၄၅:၁၈; ဗျာ. ၂၁:၁-၅။
မှန်ပါသည်၊ ကောင်းကင်အုပ်ချုပ်မှုသည် လူနည်းစုအတွက်သာဖြစ်သော်လည်း ထိုအုပ်ချုပ်မှုမှခံစားရမည့်အကျိုးကျေးဇူးဖြစ်သော မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ခြင်းနှင့် အခြားကောင်းချီးအားလုံးမှာ လူများစွာအတွက်ဖြစ်၏။ သင်နှင့်သင့်မိသားစုသည် ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့် ထာဝရကောင်းချီးများကို ခံစားရမည့်သူများတွင် ပါဝင်နိုင်ပါစေ။
[စာမျက်နှာ ၁၂ ပါရုပ်ပုံ]
သန်းနှင့်ချီသောလူများသည် ကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ရမည့် ကောင်းချီးခံစားကြရမည်။ သင်လည်း အပါအဝင်ဖြစ်မည်လော