မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ရဲ့ကတိတော်တွေကို ယုံကြည်စိတ်ချတဲ့သူ

ဘုရားသခင်ရဲ့ကတိတော်တွေကို ယုံကြည်စိတ်ချတဲ့သူ

လူငယ်စာရှုသူများအတွက်

ဘုရားသခင်ရဲ့ကတိတော်တွေကို ယုံကြည်စိတ်ချတဲ့သူ

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။ကမ္ဘာဦး ၁၂:၁-၄; ၁၈:၁-၁၅; ၂၁:၁-၅; ၂၂:၁၅-၁၈ ကိုဖတ်ပါ။

အာဗြဟံက ကမ္ဘာ့လူသားထုတစ်ရပ်လုံးကိုအကျိုးပြုမယ့် “အမျိုးအနွယ်” ရဲ့ဘိုးဘေးဖြစ်လာမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်ကိုကြားရတဲ့အခါ ဘယ်လိုခံစားရမယ်လို့ သင်ထင်သလဲ။

․․․․․

ကမ္ဘာဦး ၁၈:၂ မှာဖော်ပြထားတဲ့အတိုင်း ဧည့်သည်သုံးယောက်က အာဗြဟံရဲ့ရှေ့မှာ ပေါ်လာတဲ့အခါ သူတို့ရဲ့ပုံပန်းသဏ္ဌာန် ဘယ်လိုရှိမယ်လို့ သင်မြင်ယောင်သလဲ။

․․․․․

ကမ္ဘာဦး ၁၈:၆-၈ မှာဖော်ပြထားတဲ့ အာဗြဟံရဲ့လှုပ်ရှားဆောင်ရွက်ပုံကို သင့်စိတ်ထဲ ဘယ်လိုမြင်ယောင်မိသလဲ။ (အဲဒီအချိန်မှာ အာဗြဟံက အသက် ၁၀၀ နားနီးနေပြီဆိုတာ သတိပြုပါ။)

․․․․․

ထပ်လေ့လာကြည့်ပါဦး။

သားတစ်ယောက်ရမယ်ဆိုပြီး အာဗြဟံကို ယေဟောဝါကတိပြုခဲ့ချိန်နဲ့ ဣဇာက်ကိုမွေးတဲ့အချိန်က ဘယ်လောက်တောင် ကွာနေသလဲ။ (ကမ္ဘာဦး ၁၂:၄ နဲ့ ၂၁:၅ ကိုပြန်ဖတ်ပါ။)

․․․․․

ယေဟောဝါရဲ့ကတိတော်ပြည့်စုံမယ့်အချိန်ကို အာဗြဟံစောင့်ဆိုင်းနေချိန်တစ်လျှောက်လုံးမှာ ဘုရားသခင်က ဘယ်လိုအာမခံချက်တွေ ပေးခဲ့သလဲ။ (ကမ္ဘာဦး ၁၂:၇; ၁၃:၁၄-၁၇; ၁၅:၁-၅၊ ၁၂-၂၁; ၁၇:၁၊ ၂၊ ၇၊ ၈၊ ၁၅၊ ၁၆ ကိုဖတ်ပါ။)

․․․․․

အာဗြဟံက သားတစ်ယောက်ရမယ်ဆိုတဲ့ကတိကို စိတ်မချသလိုဖြစ်လာတဲ့အခါ သူ့အတွက် ယေဟောဝါ ဘာလုပ်ပေးခဲ့သလဲ။ (ကမ္ဘာဦး ၁၅:၃-၅၊ ၁၂-၂၁ ကိုပြန်ဖတ်ပါ။)

․․․․․

ယေဟောဝါက “အမျိုးအနွယ်” နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ဘယ်လိုအဆင့်ဆင့်ဖော်ပြခဲ့သလဲ။

․․․․․

သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

ဘုရားသခင့်ကတိတော်တွေကို ယုံကြည်စိတ်ချဖို့လိုအပ်ပုံ။

․․․․․

ယေဟောဝါက မိမိရဲ့အလိုတော်ကို အဆင့်ဆင့်ဖော်ပြပုံ။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․