မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို နားလည်နိုင်ပါမည်လော

သမ္မာကျမ်းစာကို နားလည်နိုင်ပါမည်လော

သမ္မာကျမ်းစာကို နားလည်နိုင်ပါမည်လော

“ကျွန်တော်တို့မိသားစုက တနင်္ဂနွေနေ့တိုင်း ကျမ်းစာဖတ်တယ်။ ဒါပေမဲ့ ကျမ်းစာဖတ်ရတာကို ကျွန်တော်သိပ်မကြိုက်ဘူး။ ကျမ်းစာက ဘုရားသခင့်တရားစကားတော်ဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဖတ်တဲ့အရာ တော်တော်များများကို နားမလည်ဘူး။” —စတီဗင်၊ ဗြိတိန်။

“ကျွန်မ ၁၇ နှစ်အရွယ်တုန်းက ကျမ်းစာကို ကြိုးစားဖတ်ခဲ့တယ်။ ဒါပေမဲ့ နားလည်ရအရမ်းခက်တာနဲ့ လက်လျှော့လိုက်တယ်။” —ဗယ်လ်ဗာနာရာ၊ စပိန်။

“ကျွန်မက ကက်သလစ်တစ်ယောက်ဖြစ်တော့ ကျမ်းစာဖတ်သင့်တယ်လို့ ထင်တဲ့အတွက် ကျမ်းစာကို ဖတ်ခဲ့ဖူးတယ်။ တစ်အုပ်လုံးဖတ်ပြီးဖို့ သုံးနှစ်ကြာခဲ့တယ်။ ဒါပေမဲ့ ဘာတစ်ခုကိုမှ နားမလည်ခဲ့ဘူး။”—ဂျိုအဲန်၊ ဩစတြေးလျ။

ကျမ်းစာသည် ကမ္ဘာတွင် အထင်ပေါ်ဆုံးစာအုပ်ဖြစ်ဆဲပင်။ အခြားစာအုပ်များထက် အရောင်းရဆုံးစာအုပ်၊ တစ်ချိန်တစ်ခါနှင့်မျှမတူအောင် လူတို့ အရရှိနိုင်ဆုံးစာအုပ်၊ ဘာသာစကားအများဆုံးနှင့် အထုတ်ဝေရဆုံးစာအုပ်ဖြစ်ဆဲပင်။ သို့တိုင် ကျမ်းစာအုပ်ရှိသူများစွာသည် ကျမ်းစာကို နားမလည်ကြပေ။ သင်လည်း ထိုသို့ပင်ဖြစ်သလော။

ကျမ်းစာ၏အာဘော်ရှင်သည် မိမိတရားစကားတော်ကို ကျွန်ုပ်တို့အား နားလည်စေလိုသလော

‘ကျမ်းစာရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား. . .၏’ ဟုကျမ်းစာကဆိုသည်။ (၂ တိမောသေ ၃:၁၆) မှန်ပါသည်၊ ကျမ်းစာ၏အာဘော်ရှင်မှာ ယေဟောဝါဘုရားသခင်ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏တရားစကားတော်ကို ကျွန်ုပ်တို့အား နားလည်စေလိုပါသလော။ သို့မဟုတ် ကျမ်းစာကို ခရစ်ယာန်ဓမ္မဆရာနှင့်ကျမ်းပညာရှင်များကဲ့သို့သော အခွင့်ထူးခံလူအနည်းငယ်မှအပ လူအားလုံး နားမလည်နိုင်ရန် ကိုယ်တော်တမင်ရည်ရွယ်ထားသလော။

ကျမ်းစာမှ အောက်ပါအခန်းငယ်များကို သုံးသပ်ကြည့်ပါ–

“ယနေ့ငါမှာထားသော ပညတ်တရားတော်သည် သင်နားမလည်နိုင်သောတရားမဟုတ်။ သင်နှင့်ဝေးသည်မဟုတ်။”—တရားဟောရာ ၃၀:၁၁၊ ၁၂

‘တရားစကားတော်ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ မလိမ္မာသောသူတို့ကို နားလည်စေတတ်ပါ၏။’—ဆာလံ ၁၁၉:၁၃၀၊ သမ္မာ။

“ထိုအချိန်နာရီတွင် [ယေရှု]သည် သန့်ရှင်းသောစွမ်းအားတော်ကြောင့် အလွန်ဝမ်းမြောက်သဖြင့် ‘ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့ မသိစေရန် ဝှက်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းပါ၏’ . . . ဟုမိန့်တော်မူ၏။”—လုကာ ၁၀:၂၁၊ ၂၂

ကျမ်းစာ၏အာဘော်ရှင်သည် မိမိ၏တရားစကားတော်ကို သင့်အား အမှန်နားလည်စေလိုပါသည်။ သို့သော် စိတ်ရိုးဖြောင့်သူများစွာသည် ထိုစာအုပ်ကို နားလည်ရန် အခက်တွေ့နေကြသည်။ အဘယ်အရာက သူတို့ကို ကူညီပေးနိုင်သနည်း။ ကျမ်းစာကို သင်နားလည်လာရန် ထောက်ကူပေးနိုင်သည့် အကြံပြုချက်သုံးခုကို နောက်ဆောင်းပါးများတွင် ဖော်ပြထားပါသည်။