မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဧဒင်ဥယျာဉ် ပျောက်ဆုံးသွားပုံ

ဧဒင်ဥယျာဉ် ပျောက်ဆုံးသွားပုံ

လူငယ်စာရှုသူများအတွက်

ဧဒင်ဥယျာဉ် ပျောက်ဆုံးသွားပုံ

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ကမ္ဘာဦး ၃:၁-၂၄ ကိုဖတ်ပါ။

မြွေက ဧ၀ကို စကားစပြောတဲ့အချိန်မှာ ဧ၀ ဦးဆုံး ဘယ်လိုတုံ့ပြန်မယ်လို့ သင်ထင်သလဲ။

․․․․․

အာဒံနဲ့ဧ၀က အပြစ်ကို တမင်တကာကျူးလွန်ခဲ့တယ်ဆိုတာ စိတ်ထဲမှတ်ထားပါ၊ အခန်းငယ် ၇-၁၀ မှာဖော်ပြထားတဲ့အတိုင်း သူတို့ ဘယ်လိုခံစားနေရမယ်လို့ သင်ထင်သလဲ။

․․․․․

အခန်းငယ် ၂၂-၂၄ မှာဖော်ပြထားတဲ့အတိုင်း ဧဒင်ဥယျာဉ်ကနေ အာဒံနဲ့ဧ၀ နှင်ထုတ်ခံရတာကို သင် ဘယ်လိုမြင်ယောင်မိသလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

ဧ၀က သူ့မျက်လုံးတွေကြောင့် ဘယ်လိုပျက်စီးကိန်းဆိုက်ခဲ့ရသလဲ။ (အခန်းငယ် ၆ ကိုပြန်ဖတ်ပါ။)

․․․․․

အသီးက ဧ၀အတွက် ဘာကြောင့် ‘နှစ်သက်စရာ’ ဖြစ်လာခဲ့သလဲ။ (အခန်းငယ် ၄ နှင့် ၅ ကိုပြန်ဖတ်ပါ။)

․․․․․

အာဒံက ဧ၀နဲ့ပေါင်းပြီး ဘာကြောင့် အပြစ်ကျူးလွန်ခဲ့တာ ဖြစ်နိုင်သလဲ။ (အခန်းငယ် ၆ ကိုပြန်ဖတ်ပါ။)

․․․․․

အပြစ်က နောင်လာနောက်သား အမျိုးသားနဲ့အမျိုးသမီးတွေစပ်ကြား ဆက်ဆံရေးကို ဘယ်လိုထိခိုက်နိုင်မလဲ။ (အခန်းငယ် ၁၆ ကိုပြန်ဖတ်ပါ။)

․․․․․

အပြစ်ကြောင့် အာဒံနဲ့ဧ၀တို့ရဲ့ဆက်ဆံရေး တင်းမာသွားတယ်ဆိုတာ ဘယ်လိုသိရသလဲ။ (အခန်းငယ် ၁၂ ကိုပြန်ဖတ်ပါ။)

․․․․․

ယေဟောဝါက မိမိရဲ့ရည်ရွယ်တော်မူချက် အောင်မြင်ဖို့ အဲဒီပြဿနာကို ဘယ်လိုချက်ချင်း ဖြေရှင်းလိုက်သလဲ။ (အခန်းငယ် ၁၅ ကိုပြန်ဖတ်ပါ။)

․․․․․

သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

လွတ်လပ်လိုတဲ့သဘောထားရဲ့ အန္တရာယ်များ။

․․․․․

မျက်လုံးတွေက မှားယွင်းတဲ့ဆန္ဒတွေကို ဖြစ်ပေါ်စေနိုင်ပုံ။

․․․․․

ကိုယ့်အမှားတွေအတွက် သူတစ်ပါးအပေါ် အပြစ်ဖို့ခြင်းရဲ့ အကျိုးယုတ်မှု။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․