မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှု—ဘယ်သောအခါနည်း

စစ်မှန်သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှု—ဘယ်သောအခါနည်း

အထူးလူထုဟောပြောချက်

စစ်မှန်သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှု—ဘယ်သောအခါနည်း

လူတို့သည် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ရှာဖွေခဲ့ကြသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ ရှိခဲ့ပြီ။ သို့သော် စစ်မှန်သော ငြိမ်းချမ်းမှုကို မရရှိခဲ့ကြချေ။ အဘယ်ကြောင့်နည်း။ ငြိမ်းချမ်းမှုကို မရရှိခဲ့ရသည့် အခြေခံအကြောင်းရင်းနှစ်ခုကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် ကျေနပ်အားရစရာ ဤအာမခံချက်ကိုလည်း ဖော်ပြသည်– ဘုရားသခင်သည် လူတို့ကို စစ်မှန်ပြီး ထာဝစဉ်တည်တံ့မည့် ကမ္ဘာချီငြိမ်းချမ်းမှုနှင့် လုံခြုံမှုပေးမည်ဟု ကတိပြုထားသည်။

ငြိမ်းချမ်းမှုနှင့် လုံခြုံမှုသည် မည်သည့်အချိန်တွင် မည်သို့အားဖြင့် အမှန်တကယ် ဖြစ်လာမည်နည်း။ သင်သည် အဆိုပါကောင်းချီးများ ရရှိစေရန် အဘယ်အရာ လုပ်ဆောင်ဖို့လိုသနည်း။ “စစ်မှန်သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှု—ဘယ်သောအခါနည်း” လူထုဟောပြောချက်တွင် အဆိုပါမေးခွန်းများကို ဖြေဆိုပါလိမ့်မည်။ ကျမ်းစာကို အခြေပြုထားသော ထိုဟောပြောချက်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ဟောပြောပါလိမ့်မည်။ ၂၀၁၀၊ ဧပြီ ၁၈၊ တနင်္ဂနွေနေ့၌ ဒေသအများစုရှိ ယေဟောဝါသက်သေများ၏ ဒေသခံဝတ်ပြုရာခန်းမတွင် ထိုဟောပြောချက်ကို ပေးပါလိမ့်မည်။ သင့်ဒေသရှိ သက်သေခံများသည် ကျင်းပမည့် အချိန်နှင့်လိပ်စာကို သင့်အား ဝမ်းပန်းတသာ ပြောပြပါလိမ့်မည်။ ဟောပြောချက်ကို လာရောက် နားထောင်ရန် သင့်အား လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါသည်။