မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကို မှီခိုဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုပါ

ဘုရားသခင်ကို မှီခိုဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုပါ

အဓိကအချက် ၅

ဘုရားသခင်ကို မှီခိုဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုပါ

ကျမ်းစာမှာ ဘာပြောထားသလဲ။  “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃

ပြဿနာက ဘာလဲ။ ဘာသာတရားတွေ ထောင်နဲ့ချီရှိတဲ့အထဲက  အများစုဟာ  ဘုရားသခင်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို အမျိုးမျိုးသွန်သင်ပေးကြတယ်။ ဘယ်ဘာသာတရားက  အမှန်တရားကို  သွန်သင်ပေးပြီး ဘုရားသခင်  နှစ်သက်လက်ခံတယ်ဆိုတာ  ဘယ်လိုလုပ်သိနိုင်မလဲ။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ကို ဝတ်ပြုတာက အဓိပ္ပာယ်မရှိတဲ့အပြင် အန္တရာယ်တောင်ရှိတယ်ဆိုပြီး  နာမည်ကြီးစာရေးဆရာတချို့က ဆိုကြတယ်။ မဂ္ဂဇင်းတစ်စောင်  (Maclean’s)  မှာ  နာမည်ကြီး ဘာသာတရားမဲ့ဝါဒီတစ်ယောက်ရဲ့  အမြင်ကို  အခုလို အကျဉ်းချုပ်ဖော်ပြထားတယ်–  “ခရစ်ယာန်တွေရဲ့သွန်သင်ချက်တွေက  အခုလက်ရှိဘဝကို  တန်ဖိုးမရှိတဲ့အလား ရှုမြင်စေတဲ့ပုံပဲ။ အဲဒီဘာသာရေးယုံကြည်ချက်တွေကြောင့်လည်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေရတာ။”

သင်  ဘာလုပ်နိုင်သလဲ။  ဘုရားသခင်  တည်ရှိတယ်ဆိုတဲ့  အထောက်အထားတွေကို  ဆန်းစစ်ကြည့်ပါ။ (ရောမ ၁:၂၀; ဟေဗြဲ ၃:၄) ကျွန်ုပ်တို့ ဘာကြောင့် ဒီကမ္ဘာပေါ်  ရောက်နေရတာလဲ၊  တမလွန်ဘဝဆိုတာရှိသလား၊ ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်များရတာလဲ၊  ကျွန်ုပ်ကို  ဘုရားသခင်  ဘာတောင်းဆိုထားသလဲ အစရှိတဲ့ အရေးကြီးမေးခွန်းတွေအတွက် အဖြေကိုရှာဖွေတဲ့အခါ တစ်ယောက်ယောက်က ဟန့်တားတာကို ခွင့်မပြုပါနဲ့။ အဲဒီမေးခွန်းတွေအတွက်  ကျေနပ်လောက်ဖွယ်အဖြေတွေကို ရှာတွေ့မယ်ဆိုရင် သင် ကျေနပ်ရောင့်ရဲမှာပါ။

ဒါပေမဲ့ တခြားသူတွေပြောတာကို မျက်စိစုံမှိတ်ပြီး မယုံလိုက်ပါနဲ့။ ဘုရားသခင် ဘာတွေကို နှစ်သက်လက်ခံသလဲဆိုတာ သင့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုပြီး သင်ကိုယ်တိုင် ဆန်းစစ်ဖို့ ကျမ်းစာက အားပေးထားတယ်။ (ရောမ ၁၂:၁၊ ၂) အဲလိုကြိုးစားမယ်ဆိုရင် သင်ဟာ အကျိုးခံစားရပါလိမ့်မယ်။ သင်ဟာ ကျမ်းစာကို အချိန်ယူလေ့လာပြီး ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ပြဿနာတွေကို ရှောင်ရှားနိုင်မယ်၊ စိုးရိမ်ပူပန်မှုတွေ လျော့နည်းသွားမယ်၊ ဘဝမှာ ပိုပြီးပျော်ရွှင်လာမှာ ဖြစ်ပါတယ်။ အဲဒီကတိကို သင် ယုံကြည်စိတ်ချနိုင်ပါတယ်။ နောက်ခံအမျိုးမျိုးရှိတဲ့ သန်းနဲ့ချီတဲ့လူတွေဟာ ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်တွေနဲ့ဆိုင်တဲ့ အမှန်တရားကို သင်ယူလေ့လာခြင်းအားဖြင့် အကျိုးရရှိခဲ့ကြပါပြီ။ ဥပမာ၊ ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၁၈ ကနေ ၂၁ မှာရှိတဲ့ ဖြစ်ရပ်မှန်တွေကို ဖတ်ကြည့်ပါ။

ကျမ်းစာရဲ့ပညာရှိ အကြံပြုချက်တွေကို လက်တွေ့ကျင့်သုံးခြင်းကနေ သင် အကျိုးခံစားလာရတဲ့အခါ ဘုရားသခင်ကို  သင်ပိုပြီး မှီခိုအားထားလာပါလိမ့်မယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပါဆိုတဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပါ။ အကယ်၍ သင်လေ့လာမယ်ဆိုရင် တမန်တော်ပေါလုရဲ့ ဒီစကားတွေကို သင်သဘောတူလာပါလိမ့်မယ်– ‘ကျေနပ်ရောင့်ရဲမှုဖြင့် ဘုရားသခင်ကို ဝတ်ပြုခြင်းသည် များစွာအကျိုးပေး၏။’—၁ တိမောသေ ၆:၆

[စာမျက်နှာ ၈ ပါရုပ်ပုံ]

ဘုရားသခင် ဘာတွေကို နှစ်သက်လက်ခံသလဲဆိုတာ သင်ကိုယ်တိုင် ဆန်းစစ်ပါ