မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူများနဲ့ မနှိုင်းယှဉ်ပါနဲ့

သူများနဲ့ မနှိုင်းယှဉ်ပါနဲ့

အဓိကအချက် ၂

သူများနဲ့ မနှိုင်းယှဉ်ပါနဲ့

ကျမ်းစာမှာ  ဘာပြောထားသလဲ။  “လူတိုင်း  ကိုယ်ပြုသောအမှုကို  ဆန်းစစ်ပါစေ။  သို့ပြုလျှင် သူတစ်ပါးနှင့် ကိုယ်ကိုမနှိုင်းယှဉ်ဘဲ ကိုယ့်အမှု၌သာ အားရရွှင်လန်းစရာအကြောင်း ရှိလိမ့်မည်။”—ဂလာတိ ၆:၄

ပြဿနာက  ဘာလဲ။  ကျွန်ုပ်တို့ဟာ  သူများနဲ့ နှိုင်းယှဉ်တတ်တဲ့အကျင့်  ရှိကြတယ်။  တစ်ခါတလေ ကိုယ့်လောက်မရှိတဲ့သူ၊ ကိုယ့်ထက်သာတဲ့သူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊  ကိုယ့်ထက်တော်တဲ့သူတွေနဲ့  နှိုင်းယှဉ်တတ်ကြတယ်။  ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ နှိုင်းယှဉ်တာက  ကောင်းကိုမကောင်းပါဘူး။  လူတစ်ယောက်ရဲ့တန်ဖိုးကို  သူပိုင်ဆိုင်ထားတဲ့အရာ၊  သူလုပ်ဆောင်နိုင်ရာတွေနဲ့ အကဲဖြတ်ရမယ်ဆိုပြီး ကျွန်ုပ်တို့ တလွဲယူမှတ်တတ်ကြတယ်။ သည့်အပြင် ငြူစူတဲ့စိတ်တွေ၊ ယှဉ်ပြိုင်လိုတဲ့စိတ်တွေ ကျွန်ုပ်တို့မှာ ဖြစ်ပေါ်လာနိုင်တယ်။—ဒေ. ၄:၄

သင် ဘာလုပ်နိုင်သလဲ။ သင့်ကို ဘုရားသခင် ရှုမြင်သလို သင်ရှုမြင်ဖို့ ကြိုးစားပါ။ သင့်ကို ဘုရားသခင် တန်ဖိုးထားတယ်ဆိုတဲ့ အမြင်မျိုး ထားရှိပါ။ ‘လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်သည်’ လို့ကျမ်းစာက ဆိုပါတယ်။ (၁ ဓမ္မရာဇဝင် ၁၆:၇) ယေဟောဝါဘုရားသခင်က သင့်ရဲ့အတွင်းစိတ်သဘော၊ ခံစားချက်နဲ့ ရည်ရွယ်ချက်တွေကို ကြည့်ပြီး သင့်ရဲ့တန်ဖိုးကို အကဲဖြတ်တယ်။ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အကဲမဖြတ်ပါဘူး။ (ဟေဗြဲ ၄:၁၂၊ ၁၃) သင့်ရဲ့ကန့်သတ်ချက်တွေကို ကိုယ်တော် နားလည်ပေးပြီး အဲဒီကန့်သတ်ချက်တွေနဲ့အညီ သင့်ကို ကြိုးစားနေထိုင်စေချင်တယ်။ တကယ်လို့ သင်က သင့်ရဲ့တန်ဖိုးကို တခြားသူတွေနဲ့နှိုင်းယှဉ်ပြီး အကဲဖြတ်မယ်ဆိုရင် ဘဝင်မြင့်လာနိုင်တယ် ဒါမှမဟုတ် ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်မိလာနိုင်တယ်။ ဒါကြောင့် သင့်ရဲ့ကြိုးစားအားထုတ်မှုတိုင်းက အောင်မြင်မှာ မဟုတ်ဘူးဆိုတာ ကျိုးနွံစွာလက်ခံပါ။—သု. ၁၁:၂ကဘ။

ဘုရားသခင့်အမြင်မှာ  တန်ဖိုးရှိအောင်  ဘာတွေကို သတ်သတ်မှတ်မှတ် သင်လုပ်ဆောင်ရမလဲ။ ‘အချင်းလူ၊ အဘယ်အရာကောင်းသည်ကို  သင့်အား  ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ဘုရားသခင်နှင့်အတူ စိတ်နှိမ့်ချစွာ သွားလာခြင်းမှတစ်ပါး အဘယ်အရာကို  ထာဝရဘုရားသခင်  တောင်းတော်မူသနည်း’ လို့ ပရောဖက်မိက္ခာ ရေးသားခဲ့တယ်။ (မိက္ခာ ၆:၈သမ္မာ) အဲဒီအကြံပေးချက်ကို သင်လိုက်လျှောက်မယ်ဆိုရင် ဘုရားသခင်က သင့်ကို စောင်မကြည့်ရှုပါလိမ့်မယ်။ (၁ ပေတရု ၅:၆၊ ၇) အဲဒါလောက် ကျေနပ်ရောင့်ရဲမှု  အပေးနိုင်ဆုံးအကြောင်းရင်း  တခြားမရှိတော့ဘူး။

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ရဲ့တန်ဖိုးကို ကျွန်ုပ်တို့နှလုံးထဲမှာရှိတဲ့အရာနဲ့ အကဲဖြတ်