မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနာကြီးရောဂါသည်တစ်ဦး ကုသခံရ

အနာကြီးရောဂါသည်တစ်ဦး ကုသခံရ

လူငယ်စာရှုသူများအတွက်

အနာကြီးရောဂါသည်တစ်ဦး ကုသခံရ

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

အဓိကဇာတ်ကောင်များ– နေမန်၊ ဧလိရှဲနဲ့ အမည်မသိ အစ္စရေးမိန်းကလေး

အကျဉ်းချုပ်– အစ္စရေးမိန်းကလေး အကြံပြုတဲ့အတိုင်း ဆီးရီးယားဗိုလ်ချုပ်မင်း နေမန်ဟာ သူ့ရဲ့ရွံရှာစရာကောင်းတဲ့ ရောဂါကို ဧလိရှဲဆီသွားပြီး ကုသခဲ့တယ်။

၄ ဓမ္မရာဇဝင် ၅:၁-၁၉ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

ဘုရားသခင်ကိုကြောက်ရွံ့တဲ့ မိသားစုနဲ့ဝေးရာကို ခေါ်ဆောင်သွားခံခဲ့ရတဲ့ အစ္စရေးမိန်းကလေးငယ် ဘယ်လိုခံစားနေရမယ်လို့ သင်ထင်သလဲ။

․․․․․

ဗိုလ်ချုပ်မင်းနေမန်လို ခွန်အားကြီးတဲ့သူက အခုလို ရောဂါဆိုးစွဲကပ်နေတဲ့အတွက် သူဘယ်လို ခံစားနေရမယ်လို့ သင်ထင်သလဲ။

․․․․․

အခန်းငယ် ၁၁ ကနေ ၁၃ မှာ နေမန်နဲ့ သူ့ကျွန်တွေ စကားအပြန်အလှန်ပြောဆိုခန်းမှာ ဘယ်လိုခံစားချက်တွေကို သင်သတိပြုမိသလဲ။

․․․․․

အခန်းငယ် ၁၅ ရဲ့အစမှာ နေမန်ရဲ့သဘောထား ဘယ်လိုပြောင်းလဲသွားတာကို သင်သတိပြုမိသလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး

နေမန် မာနကြီးရတဲ့ အကြောင်းရင်းက ဘာတွေဖြစ်မလဲ။ (အခန်းငယ် ၁ ကိုပြန်ဖတ်ပါ။)

․․․․․

ကျမ်းစာခေတ်က အနာကြီးရောဂါအကြောင်းသိနိုင်အောင် သင်ရနိုင်သမျှ စာပေတွေကို ရှာဖွေလေ့လာပါ။* (ဥပမာ၊ အဲဒီရောဂါက ဘယ်လောက်ထိ ဆိုးဝါးသလဲ။ ကူးစက်တတ်သလား။ ဖြစ်လာရင် ဘယ်လိုကုသမလဲ။)

․․․․․

နေမန်ရဲ့ရောဂါကုသမှုက အစ္စရေးမိန်းကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်လို့ သင်ထင်သလဲ။

․․․․․

ဧလိရှဲရဲ့တုံ့ပြန်မှုက နေမန်အတွက် ဘယ်လိုနည်းနဲ့ စမ်းသပ်မှုဖြစ်ခဲ့သလဲ။ (အခန်းငယ် ၁၀ တွင်ကြည့်ပါ။)

․․․․․

သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာတွေကို ချရေးကြည့်ပါ။

မာနကြီးခြင်းရဲ့ အန္တရာယ်များ။

․․․․․

သင့်ယုံကြည်ချက်အကြောင်း ရဲရဲဝံ့ဝံ့ပြောဆိုခြင်း။

․․․․․

ရောဂါတွေကို ယေဟောဝါဘုရားသခင် ကုသနိုင်တဲ့အစွမ်း။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေကို သင်အနှစ်သက်ဆုံးလဲ။ ဘာကြောင့်လဲ။

․․․․․

သင်၌ သမ္မာကျမ်းစာမရှိပါက ယေဟောဝါသက်သေများထံ တောင်းခံပါ သို့မဟုတ် www.pr418.com ဝက်ဘ်ဆိုက်တွင် အခြားဘာသာစကားဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်ပါသည်

[အောက်ခြေမှတ်ချက်]

* ကျမ်းစာခေတ်က အနာကြီးရောဂါဟူ၍ သိထားသည့် အရေပြားရောဂါကို ယနေ့ခေတ်တွင် ဟင်ဆန်ရောဂါဟုခေါ်သည်။