မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယနေ့ခေတ် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အကူအညီကို ဘယ်ကရရှိနိုင်မလဲ

ယနေ့ခေတ် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အကူအညီကို ဘယ်ကရရှိနိုင်မလဲ

အထူးလူထုဟောပြောချက်

ယနေ့ခေတ် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အကူအညီကို ဘယ်ကရရှိနိုင်မလဲ

ကနေ့လောကမှာ အကြံဉာဏ်တွေက ပေါများလှပါတယ်။ ပြဿနာဖြေရှင်းနည်းတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်လေ့လာသင်ယူလို့ရတဲ့ စာအုပ်တွေ၊ တီဗွီအစီအစဉ်တွေကိုလည်း လူကြိုက်များ ကြတယ်။ ဒါပေမဲ့ ပြဿနာတွေကတော့ ရှိမြဲရှိနေဆဲပါပဲ။ ‘တကယ်ယုံကြည်စိတ်ချလို့ရတဲ့ လမ်းညွှန်ရှိပါသေးသလား’ လို့ သင်မေးကောင်းမေးနိုင်တယ်။ အဖြေကတော့ ရှိပါတယ်။

သမ္မာကျမ်းစာရဲ့သက်တမ်းက နှစ်ပေါင်းထောင်နဲ့ချီ ရှိနေပြီ ဖြစ်ပေမဲ့ အောက်ပါမေးခွန်းမျိုးတွေကို ဖြေကြားပေးနိုင်တဲ့ မူတွေ အများကြီးပါရှိတယ်။

▪ တခြားသူတွေနဲ့ ဆက်ဆံရေးပြေပြစ်အောင် မပြေလည်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ။

▪ ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်မလဲ။

▪ စီးပွားရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ။

▪ စိုးရိမ်ပူပန်မှုတွေကနေ သက်သာရာရအောင် ဘယ်လိုလုပ်နိုင်မလဲ။

ဒီမေးခွန်းတွေရဲ့ အဖြေတွေကို “ကျမ်းစာမူများ—ကနေ့ခေတ် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီပေးနိုင်သလား” ဆိုတဲ့ လူထုဟောပြောချက်က ဆွေးနွေးတင်ပြသွားပါလိမ့်မယ်။ သမ္မာကျမ်းစာကို အခြေခံထားတဲ့ ဒီဟောပြောချက်ကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၃၀ ကျော်မှာ တင်ဆက်သွားမှာဖြစ်ပါတယ်။ နေရာအများစုမှာ ဒီဟောပြောချက်ကို ၂၀၁၁၊ မေလ ၁ ရက်၊ တနင်္ဂနွေနေ့မှာ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမမှာ ဟောပြောသွားပါလိမ့်မယ်။

အချိန်နဲ့နေရာကို သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေဆီ စုံစမ်းမေးမြန်းနိုင်တယ်။ တက်ရောက်ဖို့အတွက် သင့်ကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။