မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကောင်းမှုအားလုံးရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ဦး ရှိသလား

မကောင်းမှုအားလုံးရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ဦး ရှိသလား

မကောင်းမှုအားလုံးရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ဦး ရှိသလား

“ကျွန်တော် စာတန်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။” ၁၉၉၄ ခုနှစ်အတွင်း ရဝမ်ဒါနိုင်ငံက မျိုးဖြုတ်သတ်ဖြတ်မှုကို ယူအဲန်စစ်တပ် မနှိမ်နင်းနိုင်ခဲ့တာကို စဉ်းစားဆင်ခြင်ရင်း တပ်မှူးတစ်ဦးက အဲလိုပြောခဲ့တာဖြစ်တယ်။ အဲဒီအချိန်တုန်းက မယုံနိုင်စရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်ခဲ့တာကို ရည်ညွှန်းပြီး အကဲခတ်လေ့လာသူ နောက်တစ်ဦးကလည်း ဒီလိုပြောခဲ့တယ်– “စာတန်မရှိဘူးလို့ ပြောဖို့ မကြိုးစားနဲ့။ သူတကယ်ရှိတယ်ဆိုတာကို ရဝမ်ဒါနိုင်ငံက သင်္ချိုင်းမှာ ကျွန်တော် လက်တွေ့ပြမယ်။” အဲဒီရက်စက်ကြမ်းကြုတ်မှုတွေက တကယ်ပဲ စာတန်ရဲ့ လုပ်ရပ်တွေလား။

မမြင်နိုင်တဲ့ ဝိညာဉ်သတ္တဝါတစ်ဦးဟာ အကြောင်းမဲ့ အကြမ်းဖက်မှုနဲ့ ရက်စက်မှုတွေကို လုပ်နေတယ်လို့ လူအများစုက မယူမှတ်ကြပါဘူး။ အဲလိုမကောင်းမှုတွေက လူတွေမှာရှိတဲ့ မွေးရာပါ မကောင်းတဲ့စိတ်ကြောင့် ဖြစ်လာရတယ်၊ မကောင်းမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက တစ်ကိုယ်ကောင်းစိတ်ဖြစ်တယ်လို့ လူအများက ယူဆကြတယ်။ ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိတဲ့ လူတစ်စုဟာ လောကကို အုပ်ချုပ်ဖို့ နှစ်ပေါင်းများစွာ လူတွေကို နောက်ကွယ်ကနေ တိတ်တဆိတ် ကြိုးကိုင်ခြယ်လှယ်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ တွေ့မြင်နေရတဲ့ မတရားမှုတွေနဲ့ ဆင်းရဲခက်ခဲမှုတွေအားလုံးက တိုင်းနိုင်ငံတွေရဲ့ အုပ်စိုးရှင်တွေကြောင့်ဖြစ်ရတာဆိုပြီး ပြစ်တင်ပြောဆိုတဲ့သူတွေလည်း ရှိကြပါတယ်။

သင်ကော ဘယ်လိုယူဆသလဲ။ ကနေ့လောကမှာ မကောင်းမှု၊ ရက်စက်မှု၊ ယုတ်မာမှုတွေနဲ့ ဆင်းရဲခက်ခဲမှုတွေ မဖြစ်အောင် ကြိုးစားနေတဲ့ကြားက အဲဒါတွေ ပျံ့နှံ့နေတာ ဘာကြောင့်လဲ။ လူတွေဟာ ထပ်ခါတလဲလဲ ပြောတဲ့ သတိပေးချက်တွေကို ဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေတဲ့လမ်းစဉ်ထဲကို ဆင်ကန်းတောတိုး ဝင်ရောက်နေပုံရတာက ဘာကြောင့်လဲ။ အဲဒီမကောင်းမှုတွေအားလုံးရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ဦး ရှိသလား။ ဒီလောကကို အမှန်တကယ် အုပ်ချုပ်နေတဲ့သူက ဘယ်သူလဲ။ အဖြေကိုသိရင် သင် အံ့သြသွားပါလိမ့်မယ်။