မတရားတဲ့ စွပ်စွဲချက်ကြီးပဲ
လူငယ်စာရှုသူများအတွက်
မတရားတဲ့ စွပ်စွဲချက်ကြီးပဲ
ယောသပ်—အပိုင်း ၂
လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လိုအသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေ ခံစားသလို လိုက်ခံစားကြည့်ပါ။
အဓိကဇာတ်ကောင်များ– ယောသပ်၊ ပေါတိဖာနဲ့ သူ့ဇနီး
အကျဉ်းချုပ်– ယောသပ်ဟာ မတရား ထောင်ချခံရပေမဲ့ ယေဟောဝါဘုရားသခင်က သူနဲ့အတူရှိတယ်။
၁ ကမ္ဘာဦး ၃၉:၇၊ ၁၀-၂၃ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။
ပေါတိဖာရဲ့ဇနီးက ယောသပ်ကို မတရားစွပ်စွဲနေချိန်မှာ ဘယ်လိုလေသံနဲ့ ပြောဆိုနေမယ်လို့ သင်ထင်သလဲ။
․․․․․
အကျဉ်းထောင်ကို သင့်စိတ်ထဲ မြင်ယောင်တဲ့အတိုင်း ပုံဖော်ပါ။
․․․․․
ယောသပ် ထောင်ကျကျချင်း ဘယ်လိုဆက်ဆံခံခဲ့ရသလဲ။ (သဲလွန်စ– ဆာလံ ၁၀၅:၁၇၊ ၁၈ ကိုဖတ်ပါ။)
․․․․․
၂ ထပ်လေ့လာကြည့်ပါဦး။
ယောသပ်ရဲ့ယုံကြည်ခြင်း အားနည်းနေခဲ့မယ်ဆိုရင် ထောင်ကျနေချိန်မှာ ဘယ်လိုမှားယွင်းစွာ ကောက်ချက်ချမိနိုင်သလဲ။ (သဲလွန်စ– ယောဘ ၃၀:၂၀၊ ၂၁ ကိုဖတ်ပါ။)
․․․․․
ယောသပ်ဟာ သူထောင်ချခံရတဲ့အတွက် ယေဟောဝါဘုရားသခင်ကို အပြစ်မတင်ခဲ့ဘူးဆိုတာ ဘယ်လိုသိနိုင်သလဲ။ (သဲလွန်စ– ကမ္ဘာဦး ၄၀:၈; ၄၁:၁၅၊ ၁၆ ကိုဖတ်ပါ။)
․․․․․
မတရားထောင်ချခံရတာကို ယောသပ် ခံရပ်နိုင်ဖို့ ဘယ်အရည်အသွေးတွေက ထောက်ကူပေးခဲ့တယ်လို့ သင် ထင်သလဲ။ (သဲလွန်စ– ဒီကျမ်းချက်တွေကိုဖတ်ပြီး စဉ်းစားဆင်ခြင်ပါ– မိက္ခာ ၇:၇; လုကာ ၁၄:၁၁; ယာကုပ် ၁:၄။)
․․․․․
ကမ္ဘာဦး ၃၉:၂၁-၂၃; ၄၁:၃၈-၄၃ ကိုဖတ်ပါ။)
ထောင်ထဲမှာ ယောသပ် ဘယ်လိုလေ့ကျင့်ခံခဲ့ရပြီး အဲဒါက နောက်ပိုင်း သူ့ရဲ့အသက်တာကို ဘယ်လိုအကျိုးပြုခဲ့သလဲ။ (သဲလွန်စ–․․․․․
၃ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး သင် သိရှိခဲ့ရာတွေကို ချရေးပါ။
ဆင်းရဲခက်ခဲမှုတွေကို ခံရပ်နိုင်တဲ့သူတွေ ခံစားရတဲ့ အကျိုးကျေးဇူးများ။ _______
․․․․․
အခက်အခဲနဲ့ကြုံရချိန်မှာ ရရှိနိုင်တဲ့ လေ့ကျင့်မှု။
․․․․․
ဆင်းရဲခက်ခဲတဲ့ကာလမှာ ရရှိနိုင်တဲ့ ယေဟောဝါဘုရားသခင်ရဲ့ ထောက်မမှု။
․․․․․
သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။
အခက်အခဲရောက်နေပြီး အထီးကျန်နေတာမျိုး သင် ခံစားဖူးပါသလား။ ဆင်းရဲခက်ခဲမှုတွေ ကြုံရချိန်မှာတောင် ယေဟောဝါဘုရားသခင်က သင့်ကို ဘယ်လိုကူညီပေးနိုင်မလဲ။ (သဲလွန်စ– ၁ ကောရိန္သု ၁၀:၁၃ ကိုဖတ်ပြီး စဉ်းစားဆင်ခြင်ပါ။)
․․․․․
၄ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။
․․․․․
သင့်မှာ ကိုယ်ပိုင်ကျမ်းစာမရှိရင် ယေဟောဝါသက်သေတွေဆီမှာ တောင်းခံပါ ဒါမှမဟုတ် www.pr418.com ဝက်ဘ်ဆိုက်မှာ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုနိုင်ပါတယ်