ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံခဲ့ရသလဲ—အပိုင်း နှစ်
ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံခဲ့ရသလဲ—အပိုင်း နှစ်
ရွှံ့စေးပြားမှတ်တမ်းတွေက ဘာကို ဖော်ထုတ်ပေးသလဲ
ဒီဆောင်းပါးဟာ ကင်းမျှော်စင်မဂ္ဂဇင်းမှာပါတဲ့ အခန်းဆက်ဆောင်းပါးနှစ်ခုထဲက ဒုတိယဆောင်းပါးဖြစ်တယ်။ ဒီဆောင်းပါးမှာ ရှေးခေတ် ဂျေရုဆလင်မြို့ ပထမအကြိမ် ဖျက်ဆီးခံရခြင်းရဲ့ ရက်စွဲနဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့ မေးခွန်းတွေကို ဆွေးနွေးထားပါတယ်။ ဒီအခန်းဆက်ဆောင်းပါးနှစ်ပုဒ်မှာ စာရှုသူတချို့ ဇဝေဇဝါဖြစ်နေတဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ သေသေချာချာ ရှာဖွေထားပြီး ကျမ်းစာအပေါ် အခြေပြုထားတဲ့ အဖြေတွေကို ဖော်ပြပေးထားတယ်။
အပိုင်းတစ်မှာ အောက်ပါအချက်တွေကို ဖော်ပြပေးထားပါတယ်-
▪ အများအားဖြင့် ဘီစီအီး ၅၈၇ မှာ ဂျေရုဆလင်မြို့ ပျက်စီးခဲ့တယ်လို့ သမိုင်းပညာရှင်တွေ ပြောတတ်ကြပါတယ်။ *
▪ ကျမ်းစာခုနှစ်ကာလစဉ်မှာတော့ ဘီစီအီး ၆၀၇ မှာ ဂျေရုဆလင်မြို့ ပျက်စီးခဲ့တယ်လို့ အခိုင်အမာ ဖော်ပြထားတယ်။
▪ ကနေ့ခေတ် သမိုင်းပညာရှင်တွေဟာ ရှေးခေတ်သမိုင်းပညာရှင်တွေရဲ့ အရေးအသားတွေနဲ့ တော်လ်မီကျမ်းဂန်စုအပေါ် အဓိကအခြေပြုပြီး ကောက်ချက်ချကြတာဖြစ်တယ်။
▪ ရှေးခေတ်သမိုင်းပညာရှင်တချို့ရဲ့ အရေးအသားတွေထဲမှာ သိသာထင်ရှားတဲ့ အမှားတွေပါရှိပြီး တစ်ခါတလေ ရွှံ့စေးပြားပေါ်က မှတ်တမ်းတွေနဲ့ ဆန့်ကျင်ကွဲလွဲနေတတ်တယ်။ *
ဂျူးသုံ့ပန်းတွေဟာ “အနှစ်ခုနစ်ဆယ်စေ့အောင်” ဗာဗုလုန်မှာ ပြည်နှင်ဒဏ်ခံရမယ်ဆိုပြီး “ယေရမိ ဆင့်ဆိုသော ထာဝရဘုရားသခင်၏ စကားတော် ပြည့်စုံရမည်” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ သူတို့ ဘယ်အချိန်မှာ လွတ်မြောက်ခဲ့ကြသလဲ။ “ပေရသိ [ပါရှန်း] ဘုရင်ကုရု [ဆိုင်းရပ်စ်] နန်းစံပထမနှစ်” မှာ လွတ်မြောက်ခဲ့ကြတယ်။ (၆ ရာ. ၃၆:၂၁၊ ၂၂၊ သမ္မာ) ဗာဗုလုန်ကို ဆိုင်းရပ်စ်မင်း အနိုင်ရပြီးတဲ့နောက် ပြည်နှင်ဒဏ် အဆုံးတိုင်သွားပြီး လွတ်မြောက်လာတဲ့ ဂျူးတွေဟာ ဂျေရုဆလင်မြို့ကို ဘီစီအီး ၅၃၇ မှာ ပြန်သွားကြတယ်လို့ ကျမ်းစာကရော သမိုင်းမှတ်တမ်းကပါ သဘောတူကြတယ်။ ပြည်နှင်ဒဏ်က အနှစ် ၇၀ ထိကြာရှည်မယ်လို့ ကျမ်းစာက အတိအကျ ပြောထားတဲ့အတွက် ဘီစီအီး ၆၀၇ မှာ ပြည်နှင်ဒဏ် စတာဖြစ်ရမယ်။
ဒါပေမဲ့ ကျမ်းပညာရှင်အများစုကတော့ ဘီစီအီး ၅၈၇ မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတာလို့ ဆိုကြတယ်။ အဲလိုသာဆိုရင် ပြည်နှင်ဒဏ်ရဲ့ကြာချိန်က အနှစ် ၅၀ ပဲဖြစ်သွားမယ်။ သူတို့ ဘာကြောင့် အဲဒီလိုကောက်ချက်ချရတာလဲ။ နေဗုခဒ်နေဇာ ၂ နဲ့ သူ့ရဲ့ဆက်ခံသူတွေအကြောင်း အသေးစိတ်ဖော်ပြထားတဲ့ ရှေးခေတ်ကျူနီဖောင်းမှတ်တမ်းတွေအပေါ် မူတည်ပြီး တွက်ချက်ခဲ့တဲ့အတွက်ဖြစ်တယ်။၁ အဲဒီမှတ်တမ်းအများစုက ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်အတွင်း ဒါမှမဟုတ် အနီးစပ်ဆုံးအချိန်မှာ အသက်ရှင်ခဲ့တဲ့သူတွေ ရေးသားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဘီစီအီး ၅၈၇ ဖြစ်တယ်လို့ တွက်ချက်တာက ဘယ်လောက်ထိ ခြေမြစ်ခိုင်လုံမှုရှိသလဲ။ အဲဒီမှတ်တမ်းတွေက ဘာကို အမှန်တကယ် ဖော်ပြသလဲ။
အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိနိုင်ဖို့ ကျမ်းပညာရှင်တွေ မှီငြမ်းတတ်တဲ့ မှတ်တမ်းမှတ်ရာ သုံးခုဖြစ်တဲ့ (၁) ဗာဗုလုန်ရာဇဝင်များ၊ (၂) စီးပွားရေးနဲ့ပတ်သက်တဲ့ ရွှံ့စေးပြားများ၊ (၃) နက္ခတ္တဗေဒဆိုင်ရာ ရွှံ့စေးပြားများကို သုံးသပ်ကြည့်ကြရအောင်။
●ဗာဗုလုန်ရာဇဝင်များ။
ဗာဗုလုန်ရာဇဝင်ဆိုတာ ဘာလဲ။ အဲဒါက ဗာဗုလုန်သမိုင်းမှာ အရေးကြီးတဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ ရွှံ့စေးပြားအတွဲတစ်တွဲ ဖြစ်တယ်။၂
ပညာရှင်တွေက ဘာပြောသလဲ။ ဗာဗုလုန်ရာဇဝင်တွေက အရေးကြီးတဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး မပြည့်စုံတဲ့ မှတ်တမ်းတစ်ခုဖြစ်တယ်လို့ ကျူနီဖောင်းမှတ်တမ်းတွေကို တတ်ကျွမ်းတဲ့ အထင်ကရပညာရှင် အာ. အိပ်ခ်ျ. ဆက်ခ်က ဖော်ပြတယ်။ * သမိုင်းပညာရှင်တွေဟာ “အဖြစ်မှန်ကို သိရှိနိုင်ဖို့ . . . တခြားမှတ်တမ်းမှတ်ရာတွေကို” ဆန်းစစ်လေ့လာခဲ့ကြတယ်လို့လည်း သူကပြောတယ်။
မှတ်တမ်းမှတ်ရာတွေက ဘာကိုဖော်ပြသလဲ။ ဗာဗုလုန်ရာဇဝင်တွေထဲက သမိုင်းမှတ်တမ်းမှာ ကွာဟချက်တွေ ရှိနေပါတယ်။၃ ( အောက်မှာဖော်ပြထားတဲ့ လေးထောင့်ကွက်မှာ ဖတ်ကြည့်ပါ။) ဒါကြောင့် ဒီလိုမပြည့်စုံတဲ့ မှတ်တမ်းမှတ်ရာတစ်ခုအပေါ် မူတည်ထားတဲ့ ကောက်ချက်တွေက ဘယ်လောက်ထိ ယုံကြည်စိတ်ချနိုင်သလဲဆိုတဲ့ မေးခွန်းပေါ်လာတယ်။
● စီးပွားရေးနဲ့ပတ်သက်တဲ့ ရွှံ့စေးပြားများ။
အဲဒီရွှံ့စေးပြားတွေက ဘာတွေလဲ။ လက်သစ်ဗာဗုလုန်ခေတ်က စီးပွားရေးနဲ့ပတ်သက်တဲ့ ရွှံ့စေးပြားအများစုဟာ တရားဝင်ပြေစာတွေဖြစ်တယ်။ အဲဒီရွှံ့စေးပြားတွေမှာ အုပ်စိုးနေတဲ့ဘုရင်ရဲ့ နန်းစံနှစ်၊ လ၊ ရက် ကိုဖော်ပြထားတယ်။ ဥပမာ၊ ရွှံ့စေးပြားတစ်ခုမှာဆိုရင် “ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ [နေဗုခဒ်နေဇာ ၂ လို့လည်းသိရှိထား] ရဲ့နန်းစံ ၁၁ နှစ်မြောက်၊ နိသန်လ ၂၇ ရက်နေ့” မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်ဆိုပြီး ဖော်ပြထားတယ်။၄
ဘုရင်သေပြီးနောက် ဒါမှမဟုတ် နန်းကျပြီးတဲ့နောက် ဘုရင်အသစ်နန်းတက်လာတဲ့အခါ အဲဒီနှစ်ရဲ့ ကျန်တဲ့လတွေကို ဘုရင်အသစ်ရဲ့ နန်းတက်နှစ်အဖြစ် သတ်မှတ်တယ်။ *၅ ဆိုလိုတာက ဗာဗုလုန်ရဲ့ ပြက္ခဒိန်နှစ် တစ်နှစ်ထဲမှာပဲ ဘုရင်တစ်ပါးနဲ့တစ်ပါး နန်းအတက်အကျဖြစ်သွားတယ်။ ဒါကြောင့် ဘုရင်အဟောင်းရဲ့နန်းသက် နောက်ဆုံးလပြီးနောက် ကျန်တဲ့လတွေကို ဘုရင်အသစ်ရဲ့ နန်းတက်နှစ်ဆိုပြီး ရွှံ့စေးပြားတွေမှာ ဖော်ပြထားတာက ကျိုးကြောင်းညီညွတ်ပါတယ်။
ပညာရှင်တွေက ဘာပြောသလဲ။ အာ. အိပ်ခ်ျ. ဆက်ခ်ဟာ လက်သစ်ဗာဗုလုန်ခေတ်က စီးပွားရေးနဲ့ ပတ်သက်တဲ့ ရွှံ့စေးပြား တော်တော်များများကို ဆန်းစစ်လေ့လာခဲ့တယ်။ ဆက်ခ်ဟာ ဗြိတိသျှ
ပြတိုက်က မထုတ်ဝေလိုက်ရတဲ့ စာအုပ်အသစ်ကို ၁၉၇၂ ခုနှစ်မှာ ရေးသားခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ နေဗုခဒ်နေဇာ ၂ နဲ့ သူ့ရဲ့သား အေမဲလ်-မာဒွတ်ခ် [အီဗာလ်-မီရိုဒက်ခ် လို့လည်းခေါ်] တို့အကြား နန်းအတက်အကျနဲ့ပတ်သက်ပြီး အရင်ကောက်ချက်တွေနဲ့ “လုံးဝမတူ” တဲ့ ကောက်ချက်တွေကို သူ့စိတ်ကြိုက်ဖော်ပြထားတယ်။ ဘယ်လိုဖော်ပြထားသလဲ။ နေဗုခဒ်နေဇာ ၂ ဟာ သူ့ရဲ့နောက်ဆုံးနန်းသက်နှစ် (၄၃ နှစ်မြောက်) ရဲ့ ခြောက်လမြောက်အထိ အုပ်ချုပ်နေတုန်းပဲဆိုတာကို ရွှံ့စေးပြားတွေမှာ ဖော်ပြထားတာကို ဆက်ခ် သိရှိထားတယ်။ ဒါပေမဲ့ သူ့ရဲ့ ထီးနန်းကို သား အေမဲလ်-မာဒွတ်ခ်က အဲဒီနှစ်ရဲ့ စတုတ္ထလနဲ့ ပဉ္စမလမှာ နန်းထိုင်ခဲ့ဖွယ်ရှိတယ်လို့ ဖတ်ရှုလို့ရတဲ့ ရွှံ့စေးပြားအသစ်တွေမှာ ဖော်ပြထားတယ်။ ဒါကြောင့် ဒီနေရာမှာ ကွာဟချက်ရှိနေတာ ရှင်းပါတယ်။မှတ်တမ်းမှတ်ရာတွေက ဘာကိုဖော်ပြသလဲ။ ဘုရင်တစ်ပါးကနေတစ်ပါး အကူးအပြောင်းမှာ ကွာဟမှုတွေ ထပ်ရှိပါသေးတယ်။ ဥပမာ၊ နေဗုခဒ်နေဇာ ၂ ဟာ သူ့ရဲ့ နောက်ဆုံးနန်းသက်နှစ်ရဲ့ ၁၀ လမြောက်တဲ့အထိ အုပ်ချုပ်နေချိန်မှာ သူ့ထီးနန်းဆက်ခံသူ အုပ်ချုပ်တာက ခြောက်လရှိပြီလို့ ယူဆရတယ်ဆိုပြီး မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားတယ်။၈ အဲဒီလိုပဲ အေမဲလ်-မာဒွတ်ခ်နဲ့ သူ့ထီးနန်းဆက်ခံသူ နီရီဂလစ်စာတို့ရဲ့ အကူးအပြောင်းမှာလည်း ကွာဟချက်ရှိနေတယ်။၉
အဲဒီကွာဟချက်တွေက ဘာကြောင့် အရေးကြီးရတာလဲ။ အစပိုင်းမှာ ဖော်ပြထားတဲ့အတိုင်း ဗာဗုလုန်ရာဇဝင်တွေရဲ့ သမိုင်းမှတ်တမ်းမှာပါရှိတဲ့ ကွာဟချက်တွေက ကျွန်ုပ်တို့ဆီမှာ ခုနှစ်ကာလစဉ်နဲ့ပတ်သက်ပြီး ဆက်တိုက်မှတ်တမ်းတင်ထားတာ မရှိနိုင်ဘူးဆိုတာကို ဖော်ပြတယ်။၁၀ ဘုရင်တစ်ပါးနဲ့တစ်ပါး အုပ်ချုပ်တဲ့ ကြားကာလမှာ တခြားသူတွေလည်း အုပ်ချုပ်ခဲ့တာ ဖြစ်နိုင်သလား။ အဲလိုသာဆိုရင် လက်သစ်ဗာဗုလုန်ခေတ်မှာ နှစ်တွေထပ်ပေါင်းရဦးမယ်။ ဒါကြောင့် ဘီစီအီး ၅၈၇ မှာ ဂျေရုဆလင်မြို့ ပျက်စီးသွားတယ်ဆိုတာကို ဗာဗုလုန်ရာဇဝင်တွေမှာရော စီးပွားရေးနဲ့ပတ်သက်တဲ့ ရွှံ့စေးပြားတွေမှာပါ အတိအကျ မဖော်ပြထားတာဖြစ်တယ်။ *
● နက္ခတ္တဗေဒဆိုင်ရာ ရွှံ့စေးပြားများ။
အဲဒီရွှံ့စေးပြားတွေက ဘာတွေလဲ။ နေ၊ လ၊ ဂြိုဟ်တွေနဲ့ ကြယ်တွေရဲ့ အနေအထားတွေနဲ့ပတ်သက်တဲ့ ပုံဖော်ချက်တွေပါရှိတဲ့ ကျူနီဖောင်းရွှံ့စေးပြားတွေဟာ ဘုရင်တစ်ပါးစီရဲ့ နန်းတက်နှစ်လိုမျိုး သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ ချိတ်ဆက်နေတယ်။ ဥပမာ၊ အောက်မှာဖော်ပြထားတဲ့ နက္ခတ္တဗေဒဆိုင်ရာ နေ့စဉ်မှတ်တမ်းမှာ ဘုရင် မူကင်-ဇာရီရဲ့ နန်းစံပထမနှစ်၊ ပထမလမှာ ဖြစ်ပျက်ခဲ့တဲ့ လကြတ်ခြင်းအကြောင်း ဖော်ပြထားတယ်။၁၁
ပညာရှင်တွေက ဘာပြောသလဲ။ ဗာဗုလုန်လူမျိုးတွေဟာ လကြတ်နိုင်ခြေ အများဆုံးအချိန်ကို ခန့်မှန်းဖို့ ရုပ်ပုံကားချပ်တွေနဲ့ ပုံဖော်ချက်တွေ အများကြီး ရေးဆွဲခဲ့တယ်ဆိုတာကို ပညာရှင်တွေ သဘောတူကြတယ်။၁၂
ဗာဗုလုန်လူမျိုးတွေဟာ အတိတ်က လကြတ်ခဲ့ချိန်တွေကို တွက်ချက်ဖို့ နောက်ပြန်ဇယားဆွဲနိုင်သလား။ “မှတ်တမ်းပြုစုချိန်ကနေ နောက်ပြန်ဆုတ်ပြီး ရေးဆွဲခြင်းအားဖြင့် အစောဆုံးခန့်မှန်းချက်တချို့ကို ပြုလုပ်နိုင်ခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါတယ်” လို့ ပါမောက္ခ ဂျွန်စတီး ကပြောတယ်။၁၃ နက္ခတ္တဗေဒဆိုင်ရာ ဇယားတွေထဲမှာ ဖြစ်ရပ်တွေကို မှတ်တမ်းမတင်ခင် ပြုလုပ်ထားတဲ့ ကြိုတင်ခန့်မှန်းချက်တွေ ပါရှိတယ်လို့ ပါမောက္ခ ဒေးဗစ် ဘရောင်းက ယုံကြည်တယ်။ ကြိုတင်
ခန့်မှန်းချက်လို့ ယူဆရတဲ့ ရက်စွဲတချို့ဟာ တကယ်ဆိုရင် “ဘီစီ လေးရာစုနဲ့ အဲဒီနောက်ပိုင်းက ကျမ်းကူးသူတွေ တွက်ချက်ခဲ့တဲ့ ရက်စွဲတွေဖြစ်နိုင်တယ်” လို့လည်း သူအသိအမှတ်ပြုတယ်။၁၄ အဲဒီရက်စွဲတွေက နောက်ကြောင်းပြန်တွက်ချက်မှုတွေ ဖြစ်မယ်ဆိုရင် တခြားအထောက်အထားတွေရဲ့ အတည်ပြုချက် မရှိဘဲနဲ့ အဲဒီရက်စွဲတွေကို ယုံကြည်စိတ်ချလို့ ရနိုင်ပါ့မလား။သတ်မှတ်ထားတဲ့ရက်မှာ တကယ် လကြတ်ခဲ့တယ်ဆိုရင်တောင် အဲဒီရက်စွဲကို ဖော်ပြထားတဲ့ ရွှံ့စေးပြားပေါ်က သမိုင်းဆိုင်ရာအချက်အလက်တွေဟာ တိကျမှန်ကန်တယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ကျမ်းပညာရှင် အာ. ဂျေ. ဗန်ဒါစပတ်ခ်က ဒီလိုပြောခဲ့တယ်– “အချက်အလက် စုဆောင်းတဲ့သူတွေက သမိုင်းပညာရှင်တွေ မဟုတ်ဘဲ နက္ခတ္တဗေဒပညာရှင်တွေ ဖြစ်တယ်။” “သိပ်အရေးမပါတဲ့” သမိုင်းမှတ်တမ်းတွေပါရှိတဲ့ ရွှံ့စေးပြားရဲ့ အစိတ်အပိုင်းတွေကို သူဖော်ပြပြီး အဲဒီသမိုင်းဆိုင်ရာ အချက်အလက်တွေကို “သတိထားပြီး အသုံးပြု” ရမယ်လို့လည်း သတိပေးတယ်။၁၅
မှတ်တမ်းမှတ်ရာတွေက ဘာကိုဖော်ပြသလဲ။ ဥပမာအနေနဲ့ VAT ၄၉၅၆ ဆိုတဲ့ ရွှံ့စေးပြားကို သုံးသပ်ကြည့်ရအောင်။ အဲဒီရွှံ့စေးပြားရဲ့ ပထမဆုံးစာကြောင်းမှာ “ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာရဲ့ နန်းသက် ၃၇ နှစ်” ဆိုပြီး ဖော်ပြထားတယ်။၁၆ အဲဒီနောက် ကြယ်တာရာအမျိုးမျိုးနဲ့ ဆက်စပ်တဲ့ လနဲ့ဂြိုဟ်တွေရဲ့ အနေအထားကို အသေးစိတ်ပုံဖော်ထားချက်တွေ ပါရှိတယ်။ ဒါ့အပြင် တစ်ကြိမ် လကြတ်တဲ့အကြောင်းလည်း ပါတယ်။ အဲဒီအနေအထားတွေအားလုံးက ဘီစီအီး ၅၆၈/၅၆၇ မှာ ဖြစ်ပျက်ခဲ့တယ်လို့ ကျမ်းပညာရှင်တွေက ဆိုကြတယ်။ သူတို့အဆို မှန်တယ်ဆိုရင် နေဗုခဒ်နေဇာ ၂ ရဲ့နန်းစံ ၁၈ နှစ်မြောက်ဖြစ်တဲ့ ဘီစီအီး ၅၈၇ မှာ ဂျေရုဆလင်မြို့ကို ဖျက်ဆီးခဲ့တာဖြစ်ရမယ်။ ဒါပေမဲ့ အဲဒီနက္ခတ္တဗေဒဆိုင်ရာ အနေအထားတွေက ဘီစီအီး ၅၆၈/၅၆၇ မှာပဲ အတိအကျ ဖြစ်ပျက်ခဲ့ပါသလား။
အဲဒီရွှံ့စေးပြားမှာ ဗာဗုလုန်ပြက္ခဒိန် တတိယမြောက်လ စိုင်မာနူ၊ ၁၅ ရက်နေ့က လကြတ်တဲ့နေ့ဖြစ်တယ်လို့ ဖော်ပြထားတယ်။ တကယ့်ဖြစ်ရပ်မှန်က ဘီစီအီး ၅၆၈ အတွင်း ဇူလိုင်လ ၄ ရက်နေ့ (ဂျူလီယန်ပြက္ခဒိန်) မှာ လကြတ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီနှစ်မတိုင်ခင် အနှစ် ၂၀ ဖြစ်တဲ့ ဘီစီအီး ၅၈၈ ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း လကြတ်ခဲ့ပါသေးတယ်။၁၇
တကယ်လို့ ဘီစီအီး ၅၈၈ က နေဗုခဒ်နေဇာ ၂ ရဲ့ နန်းသက် ၃၇ နှစ်မြောက်လို့ သတ်မှတ်ခဲ့မယ်ဆိုရင် သူ့ရဲ့နန်းသက် ၁၈ နှစ်မြောက်က ဘီစီအီး ၆၀၇ ဖြစ်ရမယ်။ အဲဒီနှစ်က ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့နှစ်လို့ ကျမ်းစာခုနှစ်ကာလစဉ်က ဖော်ပြတဲ့နှစ်နဲ့ တစ်ထပ်တည်းဖြစ်တယ်။ ( အောက်မှာဖော်ပြထားတဲ့ အချိန်ပြဇယား ကိုကြည့်ပါ။) ဒါပေမဲ့ VAT ၄၉၅၆ ရွှံ့စေးပြားဟာ ဘီစီအီး ၆၀၇ ကို ထပ်မံအတည်ပြုပေးတဲ့ အထောက်အထားလား။
အပေါ်မှာပြောခဲ့တဲ့ လကြတ်ခြင်းအကြောင်းအပြင် လနဲ့ဆိုင်တဲ့ လေ့လာတွေ့ရှိချက် ၁၃ ခုနဲ့ ဂြိုဟ်တွေနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက် ၁၅ ခုလည်း ရှိပါသေးတယ်။ အဲဒီလေ့လာတွေ့ရှိချက်တွေထဲမှာ လ ဒါမှမဟုတ် ဂြိုဟ်တွေရဲ့ အနေအထားဟာ ကြယ်တချို့ ဒါမှမဟုတ် ကြယ်စုတချို့နဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားတယ်။၁၈ ဒါ့အပြင် ရှစ်ရက်တာ နေအဝင်အထွက်နဲ့ လအဝင်အထွက်တွေမှာ မတူညီတဲ့အချိန်က ရှစ်မျိုးဖြစ်နေတယ်။၁၈က
လရဲ့အနေအထားက ပိုပြီးစိတ်ချရတဲ့အတွက် သုတေသီတွေဟာ VAT ၄၉၅၆ ရွှံ့စေးပြားမှာ ဖော်ပြထားတဲ့ လရဲ့အနေအထားနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက် ၁၃ ခုကို သေသေချာချာ လေ့လာဆန်းစစ်ခဲ့ကြတယ်။ အရင်တုန်းက သတ်မှတ်ထားတဲ့ ရက်တစ်ရက်မှာ နက္ခတ်တာရာတွေရဲ့ တည်နေရာကို ဖော်ပြနိုင်စွမ်းရှိတဲ့ ကွန်ပျူတာပရိုဂရမ်ကို အသုံးပြုပြီး အချက်အလက်တွေကို ဆန်းစစ်လေ့လာခဲ့ကြတယ်။၁၉ သူတို့ရဲ့လေ့လာဆန်းစစ်ချက်က ဘာကို ဖော်ပြသလဲ။ လရဲ့
အနေအထားနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်အားလုံးက ဘီစီအီး ၅၆၈/၅၆၇ နဲ့မကိုက်ညီပေမဲ့ အဲဒီနှစ်မတိုင်ခင် အနှစ် ၂၀ ဖြစ်တဲ့ ဘီစီအီး ၅၈၈/၅၈၇ က တွက်ချက်ခဲ့တဲ့ အနေအထားတွေနဲ့ ကိုက်ညီနေတယ်။လရဲ့အနေအထားနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေထဲက တစ်ခုဟာ ဘီစီအီး ၅၆၈ ထက် ဘီစီအီး ၅၈၈ နဲ့ကိုက်ညီနေတာကို ဒီစာမျက်နှာတွေပေါ်က ရွှံ့စေးပြားမှာ ဖော်ပြထားတယ်။ အဲဒီရွှံ့စေးပြားရဲ့ စာကြောင်း ၃ မှာ လဟာ ဗာဗုလုန်ရက်စွဲဖြစ်တဲ့ “[နိုင်စာနူလ] ၉ ရက်နေ့ည” မှာ အနေအထားတစ်မျိုးနဲ့ ရှိနေတယ်လို့ ဖတ်ရတယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်က ဘီစီအီး ၅၆၈ (နက္ခတ္တဗေဒအရ –၅၆၇) မှာဖြစ်ခဲ့တယ်လို့ ပြောခဲ့ကြတဲ့ ကျမ်းပညာရှင်တွေဟာ လက ဘီစီအီး ၅၆၈၊ “နိုင်စာနူ ၉ ရက်နေ့မှာ မဟုတ်ဘဲ ၈ ရက်နေ့” မှာ အဲဒီအနေအထားနဲ့ ရှိနေခဲ့တယ်လို့ ဆိုပြန်တယ်။ ဘီစီအီး ၅၆၈ လို့ဖော်ပြထားတဲ့ ရွှံ့စေးပြားကို ထောက်ခံဖို့ ကျမ်းကူးသူဟာ “၈” အစား “၉” လို့ မှားယွင်းစွာ ရေးသားခဲ့တာဖြစ်တယ်လို့ ပညာရှင်တွေက ယူမှတ်ခဲ့ကြတယ်။၂၀ ဒါပေမဲ့ စာကြောင်း ၃ မှာ ဖော်ပြထားတဲ့ လရဲ့အနေအထားဟာ ဘီစီအီး ၅၈၈၊ နိုင်စာနူ ၉ ရက်နဲ့ အတိအကျ ကိုက်ညီနေတာကို တွေ့ရတယ်။၂၁
VAT ၄၉၅၆ ရွှံ့စေးပြားပေါ်က နက္ခတ္တဗေဒဆိုင်ရာ အချက်အလက်အများစုဟာ နေဗုခဒ်နေဇာ ၂ ရဲ့နန်းစံ ၃၇ နှစ်မြောက်ဖြစ်တဲ့ ဘီစီအီး ၅၈၈ နဲ့ ကိုက်ညီနေတယ်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့နှစ်က ဘီစီအီး ၆၀၇ ဖြစ်တယ်ဆိုပြီး အဲဒီအချက်က အတည်ပြုတယ်။
သမ္မာကျမ်းစာကို ဘာကြောင့် ယုံကြည်ရတာလဲ
ကနေ့ခေတ် သမိုင်းပညာရှင်အများစုက ဘီစီအီး ၅၈၇ မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ ဂျူးတွေဟာ အနှစ် ၅၀ မဟုတ်ဘဲ အနှစ် ၇၀ ပြည်နှင်ဒဏ်ခံရတယ်လို့ ယေရမိကျမ်းနဲ့ ဒံယေလကျမ်းတွေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ယေရမိ ၂၅:၁၊ ၂၊ ၁၁; ၂၉:၁၀; ဒံယေလ ၉:၂) ဘီစီအီး ၆၀၇ မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတယ်လို့ အဲဒီကျမ်းတွေက အခိုင်အမာ ဖော်ပြတယ်။ အထက်က အထောက်အထားတွေအရ ကျမ်းစာပြင်ပ စာပေတချို့မှာလည်း အဲဒီအတိုင်း ထောက်ခံထားတယ်။
ပညာရှင်တွေဟာ ကျမ်းစာရဲ့ တိကျမှန်ကန်မှုကို ထပ်ခါတလဲလဲ မေးခွန်းထုတ်ခဲ့ကြတယ်။ ဒါပေမဲ့ အထောက်အထားတွေကို ထပ်တွေ့ရှိလာလေ ကျမ်းစာမှတ်တမ်းက မှန်ကန်တယ်ဆိုတာကို အကြိမ်ကြိမ် သက်သေထူလေပဲ။ * ကျမ်းစာကို ယုံကြည်စိတ်ချတဲ့သူတွေမှာ အဲလိုသက်သေထူဖို့ အကြောင်းကောင်းရှိပါတယ်။ သူတို့ရဲ့ယူဆချက်က သမ္မာကျမ်းစာဟာ သမိုင်းအရ၊ သိပ္ပံပညာအရနဲ့ ကြိုဟောချက်အရ တိကျမှန်ကန်တယ်ဆိုတဲ့ သက်သေအထောက်အထားပေါ် မူတည်တယ်။ အဲဒီအထောက်အထားတွေကြောင့် သမ္မာကျမ်းစာကို ဘုရားသခင့်အကူအညီနဲ့ ရေးသားထားတယ်ဆိုတဲ့ ကျမ်းစာအဆိုကို သူတို့ယုံကြည်ကြတယ်။ (၂ တိမောသေ ၃:၁၆) အဲဒီအထောက်အထားတွေကို သင်ကိုယ်တိုင် စူးစမ်းကြည့်ရင် မကောင်းဘူးလား။ သူတို့လိုပဲ ကောက်ချက်ချကောင်း ချလာပါလိမ့်မယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ရက်စွဲကို နည်းအမျိုးမျိုးနဲ့ ဖော်ပြကြတယ်။ ဒီဆောင်းပါးမှာ ဘီစီအီးဆိုတာ “ခရစ်နှစ်မတိုင်မီ” လို့ အဓိပ္ပာယ်ရပါတယ်။
^ အပိုဒ်၊ 8 ၂၀၁၁၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ၊ အဲဒါကိုသိဖို့ ဘာကြောင့် အရေးကြီးသလဲ၊ အထောက်အထားတွေက ဘာကို ဖော်ပြသလဲ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။
^ အပိုဒ်၊ 14 ဒီအချက်ကို သတိပြုပါ– ဒီဆောင်းပါးမှာ ကိုးကားထားတဲ့ ပညာရှင်တွေဟာ ဘီစီအီး ၆၀၇ မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတယ်လို့ မပြောခဲ့ကြပါဘူး။
^ အပိုဒ်၊ 18 နန်းတက်နှစ်ထဲမှာ ဘုရင်တစ်ပါးအုပ်ချုပ်တဲ့နှစ်တွေ အကျုံးမဝင်ဘူး။ ဘုရင်အသစ် တရားဝင်နန်းမထိုင်ခင်အထိ ကျန်ရှိနေတဲ့ လတွေကိုပဲ ရည်ညွှန်းတယ်။
^ အပိုဒ်၊ 21 နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ ရွှံ့စေးပြားတွေက လက်သစ်ဗာဗုလုန်ဘုရင်တွေခေတ်က ဖြစ်တယ်လို့ ယူမှတ်ရဖွယ်ရှိတယ်။ ဘုရင်တွေအုပ်ချုပ်ခဲ့တဲ့ နှစ်တွေကို စုပေါင်းပြီး နောက်ဆုံးလက်သစ်ဗာဗုလုန်ဘုရင် နဗိုနိုက်ဒတ်စ် အုပ်ချုပ်ခဲ့တဲ့နှစ်ကို တွက်ချက်လိုက်တဲ့အခါ ဂျေရုဆလင် ဖျက်ဆီးခံရတဲ့နှစ် ဘီစီအီး ၅၈၇ ကိုရရှိတယ်။ ဘုရင်တွေဟာ တစ်နှစ်တည်းမှာပဲ ဆက်တိုက်နန်းဆက်ခံမှသာ အဲလိုတွက်ချက်နည်းက တိကျမှန်ကန်မှာဖြစ်တယ်။
^ အပိုဒ်၊ 36 သတ်သတ်မှတ်မှတ် ဖော်ပြထားတဲ့ နမူနာတွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော စာအုပ်ရဲ့ အခန်း ၄ နဲ့ ၅ မှာဖတ်ကြည့်နိုင်ပါတယ်။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်နှင့် ဇယား]
ဗာဗုလုန်ရာဇဝင်များ—ကွာဟချက်တွေရှိတဲ့ သမိုင်းကြောင်း
ဗာဗုလုန်ရာဇဝင်တွေမှာ သက်တမ်း ၈၈ နှစ် ရှိခဲ့တယ်လို့ အစဉ်အလာအရ သတ်မှတ်ထားတဲ့ လက်သစ်ဗာဗုလုန်ခေတ်ရဲ့ ၃၅ နှစ်တာမှတ်တမ်းကိုပဲ ဖော်ပြထားတယ်။
ရာဇဝင်မှတ်တမ်းမရှိတဲ့နှစ်
ရာဇဝင်မှတ်တမ်းရှိတဲ့နှစ်
BM ၂၁၉၀၁
BM ၂၁၉၄၆
BM ၃၅၃၈၂
လက်သစ်ဗာဗုလုန်ခေတ်
ပါရှန်း
နဗိုပိုလေဇာ
နေဗုခဒ်နေဇာ ၂
အေမဲလ်-မာဒွတ်ခ်
နဗိုနိုက်ဒတ်စ်
နီရီဂလစ်စာ
လာဘာရှီ-မာဒွတ်ခ်
BM ၂၅၁၂၇
BM ၂၂၀၄၇
BM ၂၅၁၂၄
[Credit Lines]
BM 21901 and BM 35382: Photograph taken by courtesy of the British Museum; BM 21946: Copyright British Museum; BM 22047, 25124, 25127: © The Trustees of the British Museum
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်နှင့် ရုပ်ပုံ]
နက္ခတ္တဗေဒဆိုင်ရာ နေ့စဉ်မှတ်တမ်း Bm ၃၂၂၃၈ ရွှံ့စေးပြား
ဒီရွှံ့စေးပြားမှာ လကြတ်ခြင်းမှတ်တမ်း ပါရှိတယ်။ ဒါပေမဲ့ ပထမအကြိမ် လကြတ်ပြီးနောက် အနှစ် ၄၀၀ ခန့်မှာ နောက်ဆုံးလကြတ်တဲ့အထိ စာရင်းပြုစုထားခြင်း မရှိဘူး။ ကျမ်းကူးသူက လကြတ်ခြင်းအားလုံးကို မသိတဲ့အတွက် အစောပိုင်း လကြတ်မှုတွေက ဘယ်အချိန်မှာ ဖြစ်ခဲ့တယ်ဆိုတာ သိနိုင်ဖို့ သင်္ချာနည်းကို အသုံးပြုပြီး တွက်ချက်ခဲ့တာ ဖြစ်နိုင်တယ်။ သူ့ရဲ့ တွက်ချက်မှုတွေကို အတည်ပြုပေးတဲ့ တခြားအထောက်အထားတွေ မရှိဘူးဆိုရင် အဲဒီလိုတွက်ချက်မှုတွေက ယုံကြည်စိတ်ချလို့ရတဲ့ ခုနှစ်ကာလစဉ်နဲ့ဆိုင်တဲ့ အချက်အလက်တွေ မဖြစ်နိုင်ဘူး။
[Credit Lines]
© The Trustees of the British Museum
[စာမျက်နှာ ၂၆၊ ၂၇ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]
Vat ၄၉၅၆ ရွှံ့စေးပြားမှာ အမှန်တကယ် ဘာရေးထားသလဲ။
အဲဒါကိုသိဖို့ ဘာကြောင့် အရေးကြီးသလဲ။ ရွှံ့စေးပြားရဲ့ တတိယစာကြောင်းမှာ ပထမလ (နိုင်စာနူ/နိုင်စန်) ရဲ့ ‘၉ ရက်နေ့ည’ မှာ “လဟာ ကြယ်တစ်လုံး (ß Virginis) ရဲ့ ၁ တောင်အကွာမှာ တည်ရှိနေတယ်” လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ဘီစီအီး ၅၆၈ (အဲဒါက ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့နှစ် ဘီစီအီး ၅၈၇ ကိုညွှန်ပြ) နဲ့ပတ်သက်ပြီး ပညာရှင်တွေဖြစ်တဲ့ နွိုင်ဂီဘောင်ဝါနဲ့ ဝိဒ်နာတို့က “လဟာ နိုင်စန် ၈ ရက်နေ့မဟုတ်ဘဲ ၉ ရက်နေ့မှာ အဲဒီကြယ်ရဲ့အရှေ့ ၁ တောင် အကွာမှာ တည်ရှိနေတယ်” လို့ ၁၉၁၅ ခုနှစ်မှာ ရေးသားခဲ့တယ်။ တကယ်တော့ လရဲ့အနေအထားက ဘီစီအီး ၅၈၈၊ နိုင်စန်လ ၉ ရက်နေ့နဲ့ ကိုက်ညီနေပြီး အဲဒါက ဘီစီအီး ၆၀၇ ကိုညွှန်ပြတယ်။
၉ ရက်နေ့ဖြစ်မလား၊ ၈ ရက်နေ့ဖြစ်မလား
(၁) ပူးတွဲဖော်ပြထားတဲ့ ဓာတ်ပုံကိုကြည့်ရင် နံပါတ် ၉ ကို အကေးဒီးယန်းစာနဲ့ အထင်အရှား တွေ့ရတယ်။
(၂) နွိုင်ဂီဘောင်ဝါနဲ့ ဝိဒ်နာတို့ဟာ ကျူနီဖောင်းစာရဲ့ အက္ခရာဖလှယ်ရေးနည်းနဲ့ “၉” ကို “၈” အဖြစ် ပြောင်းလိုက်တယ်။
(၃) မူရင်းမှာ “၉” ဖြစ်ပါတယ်ဆိုတာကို အောက်ခြေမှတ်ချက်မှာပဲ ဖော်ပြထားတယ်။
(၄) ဂျာမန်လို ဘာသာပြန်တဲ့အခါမှာတောင် သူတို့က “၈” လို့ထည့်လိုက်တယ်။
(၅) ၁၉၈၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဆက်ခ်နဲ့ဟန်ဂါ တို့ရဲ့စာအုပ်မှာတော့ “၉” လို့ ဖော်ပြထားတယ်။
(၆) ဒါပေမဲ့ အင်္ဂလိပ်ဘာသာပြန်ထဲမှာတော့ အမှားပြင်ဆင်ချက်အနေနဲ့ “၈” ကို “၉” ဆိုပြီး ဖော်ပြထားတယ်။
[Credit Lines]
bpk/Vorderasiatisches Museum, SMB/Olaf M. Teßmer
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]
“ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း နှစ်” အတွက် မှတ်ချက်တိုများ
၁။ အချွန်အတက်ပုံစံ အမှတ်အသားတွေပါရှိတဲ့ စာကို ကျူနီဖောင်းလို့ခေါ်တယ်။ စာကူးသူဟာ ချွန်ထက်တဲ့ ကညစ်တံကို အသုံးပြုပြီး ပျော့ပျောင်းတဲ့ ရွှံ့စေးပြားပေါ်မှာ အမှတ်အသားအမျိုးမျိုးကို အရာထင်အောင် ဖိရေးသွားတယ်။
၂။ ၁၉၇၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ပြန်ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Assyrian and Babylonian Chronicles, by A. K. Grayson, စာမျက်နှာ ၈။
၃။ ဗာဗုလုန်အင်ပါယာကို ခါလဒဲမင်းဆက်တွေ အုပ်ချုပ်ချိန် ဘီစီအီး ခုနစ်ရာစုအတွင်း လက်သစ်ဗာဗုလုန်ခေတ် စတင်တယ်။ နေဗုခဒ်နေဇာ ၂ ရဲ့ဖခင် နဗိုပိုလေဇာက ပထမဆုံး အုပ်စိုးရှင်ဖြစ်တယ်။ နောက်ဆုံးဘုရင်က နဗိုနိုက်ဒတ်စ်ဖြစ်ပြီး ပါရှန်းဘုရင် ကုရု (ဆိုင်းရပ်စ်) ဆီမှာ အရေးနိမ့်ခဲ့ချိန် ဘီစီအီး ၅၃၉ မှာ လက်သစ်ဗာဗုလုန်ခေတ် အဆုံးတိုင်သွားတယ်။
၄။ ၁၉၃၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Neo-Babylonian Business and Administrative Documents, by Ellen Whitley Moore, စာမျက်နှာ ၃၃။
၅။ ၂၀၀၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့တဲ့ Archimedes, Volume 4, New Studies in the History and Philosophy of Science and Technology, “Observations and Predictions of Eclipse Times by Early Astronomers,” by John M. Steele, စာမျက်နှာ ၃၆။
၆။ ၁၉၇၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Amel-Marduk 562-560 B.C.—A Study Based on Cuneiform, Old Testament, Greek, Latin and Rabbinical Sources. With Plates, by Ronald H. Sack, စာမျက်နှာ ၃။
၇။ BM 80920 နဲ့ BM 58872 ရွှံ့စေးပြားတွေမှာ အီဗာလ်-မီရိုဒက်ခ်ရဲ့ နန်းစံ လေးလမြောက်နဲ့ ငါးလမြောက်လို့ ဖော်ပြထားတယ်။ ဆက်ခ် ထုတ်ဝေခဲ့တဲ့ Amel-Marduk 562-560 B.C.—A Study Based on Cuneiform, Old Testament, Greek, Latin and Rabbinical Sources. With Plates, စာမျက်နှာ ၃၊ ၉၀၊ ၁၀၆။
၈။ ဗြိတိသျှပြတိုက်က ရွှံ့စေးပြား (BM 55806) မှာ ၄၃ နှစ်မြောက်ရဲ့ ဆယ်လမြောက်လို့ ရက်စွဲတပ်ထားတယ်။
၉။ BM 75106 နဲ့ BM 61325 ရွှံ့စေးပြားတွေမှာ ဘုရင် အီဗာလ်-မီရိုဒက်ခ်ရဲ့ နန်းစံ နောက်ဆုံး (ဒုတိယမြောက်) နှစ်လို့ ယူဆရတဲ့ ခုနစ်လမြောက်နဲ့ ဆယ်လမြောက်လို့ ရက်စွဲတပ်ထားတယ်။ ဒါပေမဲ့ BM 75489 ရွှံ့စေးပြားမှာ သူ့ရဲ့ထီးနန်းကိုဆက်ခံတဲ့ နီရီဂလစ်စာ ရဲ့နန်းစံ ဒုတိယမြောက်လလို့ ဖော်ပြထားတယ်။—၁၉၈၈ ခုနှစ်မှာ ထုတ်ဝေတဲ့ Catalogue of the Babylonian Tablets in the British Museum, Volume VIII, (Tablets From Sippar 3) by Erle Leichty, J. J. Finkelstein, and C.B.F. Walker, စာမျက်နှာ ၂၅၊ ၃၅။
၁၉၈၇ ခုနှစ်မှာ ထုတ်ဝေတဲ့ Catalogue of the Babylonian Tablets in the British Museum, Volume VII, (Tablets From Sippar 2) by Erle Leichty and A. K. Grayson, စာမျက်နှာ ၃၆။
၁၉၉၄ ခုနှစ်မှာ ထုတ်ဝေတဲ့ Neriglissar—King of Babylon, by Ronald H. Sack, စာမျက်နှာ ၂၃၂။ ရွှံ့စေးပြားမှာ အေဂျာရူလ (ဒုတိယလ) လို့ဖော်ပြထားတယ်။
၁၀။ နီရီဂလစ်စာကို ဥပမာအနေနဲ့ သုံးသပ်ကြည့်ပါ။ သူဟာ “ဗာဗုလုန်ဘုရင်၊” “ဘဲလ်-ရှင်မ်-အစ်ရှ်ကွန်ရဲ့သား” ဖြစ်တယ်လို့ တော်ဝင်စာတန်းတစ်ခုမှာ ဖော်ပြထားတယ်။ ဘဲလ်-ရှင်မ်-အစ်ရှ်ကွန်ကို “ပညာရှိမင်းသား” လို့ နောက်စာတန်းတစ်ခုမှာ ခေါ်ဆိုထားတယ်။ “မင်းသား” လို့ ပြန်ဆိုထားတဲ့ မူရင်းစကားလုံး ရူဘူ က “အုပ်စိုးရှင်၊ ဘုရင်” လို့ အဓိပ္ပာယ်ရတဲ့ ဘွဲ့တစ်ခုလည်းဖြစ်တယ်။ နီရီဂလစ်စာနဲ့ သူ့မတိုင်မီ အုပ်ချုပ်ခဲ့တဲ့ အေမဲလ်-မာဒွတ်ခ် တို့ကြားမှာ သိသာထင်ရှားတဲ့ ကွာဟမှုရှိနေတာကြောင့် ဒီဘုရင်နှစ်ပါးကြားမှာ “ဗာဗုလုန်ဘုရင်” ဘဲလ်-ရှင်မ်-အစ်ရှ်ကွန် အုပ်စိုးခဲ့တာများ ဖြစ်နိုင်သလား။ “နီရီဂလစ်စာရဲ့ မြင့်မြတ်တဲ့ ဘိုးဘေးတွေနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို လျစ်လျူရှုလို့မရဘူး” ဆိုပြီး ပါမောက္ခ အာ. ပီ. ဒိုဟာတီက ဝန်ခံတယ်။—၁၉၂၉ ခုနှစ်ထုတ်၊ Nabonidus and Belshazzar—A Study of the Closing Events of the Neo-Babylonian Empire, by Raymond P. Dougherty, စာမျက်နှာ ၆၁။
၁၁။ ၂၀၀၁ ခုနှစ်ထုတ်၊ Astronomical Diaries and Related Texts From Babylonia, Volume V, edited by Hermann Hunger, စာမျက်နှာ ၂-၃။
၁၂။ Journal of Cuneiform Studies, Volume 2, No. 4, 1948, “A Classification of the Babylonian Astronomical Tablets of the Seleucid Period,” by A. Sachs, စာမျက်နှာ ၂၈၂-၂၈၃။
၁၃။ Astronomical Diaries and Related Texts From Babylonia, Volume V, စာမျက်နှာ ၃၉၁။
၁၄။ ၂၀၀၀ ပြည့်နှစ်ထုတ်၊ Mesopotamian Planetary Astronomy-Astrology, by David Brown, စာမျက်နှာ ၁၆၄၊ ၂၀၁-၂၀၁။
၁၅။ Bibliotheca Orientalis, L N˚ 1/2, Januari-Maart, 1993, “The Astronomical Diaries as a Source for Achaemenid and Seleucid History,” by R. J. van der Spek, စာမျက်နှာ ၉၄၊ ၁၀၂။
၁၆။ ၁၉၈၈ ခုနှစ်ထုတ်၊ Astronomical Diaries and Related Texts From Babylonia, Volume I, by Abraham J. Sachs, completed and edited by Hermann Hunger, စာမျက်နှာ ၄၇။
၁၇။ ၂၀၀၄ ခုနှစ်ထုတ်၊ Babylonian Eclipse Observations From 750 BC to 1 BC, by Peter J. Huber and Salvo De Meis, စာမျက်နှာ ၁၈၆။ VAT 4956 ရွှံ့စေးပြားအရ ဗာဗုလုန်ပြက္ခဒိန် တတိယလ ၁၅ ရက်နေ့မှာ လကြတ်ခဲ့တာဖြစ်တယ်။ စိုင်မာနူလက ၁၅ ရက်စောပြီး အစပြုတယ်လို့လည်း ဖော်ပြထားတယ်။ တကယ်လို့ လကြတ်တာက ဘီစီအီး ၅၈၈၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ ကျရောက်တယ်ဆိုရင် ဂျူလီယန်ပြက္ခဒိန်အရ စိုင်မာနူလရဲ့ ပထမဆုံးရက်က ဘီစီအီး ၅၈၈၊ ဇွန်လ ၃၀/ဇူလိုင်လ ၁ ရက်နေ့ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဗာဗုလုန်ပြက္ခဒိန် ပထမဆုံးလ (နိုင်စာနူ) က နှစ်လပိုစောပြီး မေလ ၂/၃ မှာ နှစ်သစ်ကူးတယ်။ ပုံမှန်အားဖြင့် လကြတ်တဲ့နှစ်က ဧပြီလ ၃/၄ မှာ စတင်ပေမဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ ဆယ့်နှစ် (နောက်ဆုံး) လ (အက်ဒါရူ) ကုန်သွားတဲ့နောက် အပိုတစ်လ (လထပ်ရက်) ထပ်ပေါင်းထားတယ်လို့ VAT 4956 ရွှံ့စေးပြားရဲ့ ၆ လိုင်းမြောက်မှာ ဖော်ပြထားတယ်။ (“XII2 [၁၃ နှစ်မြောက်] ၈ ရက်” လို့ ရွှံ့စေးပြားမှာ ဖော်ပြထား။) အဲဒီလိုထပ်ပေါင်းလိုက်တဲ့အတွက် မေ ၂/၃ အထိ နှစ်သစ် မကူးသေးပါဘူး။ ဒါကြောင့် ဘီစီအီး ၅၈၈ မှာ လကြတ်တဲ့ရက်စွဲက ရွှံ့စေးပြားမှာပါရှိတဲ့ ရက်စွဲနဲ့ ကိုက်ညီနေတယ်။
၁၈။ According to Berichte über die Verhandlungen der Königl. Sächsischen Gesellschaft der Wissenschaften zu Leipzig (Reports Regarding the Discussions of the Royal Saxonian Society of Sciences at Leipzig); Volume 67; May 1, 1915; in the article “Ein astronomischer Beobachtungstext aus dem 37. Jahre Nebukadnezars II” (An Astronomical Observer’s Text of the 37th Year Nebuchadnezzar II), by Paul V. Neugebauer and Ernst F. Weidner, စာမျက်နှာ ၆၇-၇၆၊ လနဲ့ဆိုင်တဲ့ လေ့လာတွေ့ရှိချက် ၁၃ စုံမှာ လဟာ ကြယ် ဒါမှမဟုတ် ကြယ်စုနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားတယ်။ ဂြိုဟ်နဲ့ဆိုင်တဲ့ လေ့လာတွေ့ရှိချက် ၁၅ စုံလည်း ပါရှိတယ်။ (စာမျက်နှာ ၇၂-၇၆) အဲဒီမှာ လနဲ့ပတ်သက်တဲ့ ကျုနီဖောင်းအမှတ်အသားက ရှင်းပေမဲ့ ဂြိုဟ်တွေရဲ့နာမည်တွေ၊ သူတို့ရဲ့အနေအထားတွေနဲ့ပတ်သက်တဲ့ အမှတ်အသားတချို့က မရှင်းဘူး။ (၂၀၀၀ ပြည့်နှစ်ထုတ် Mesopotamian Planetary Astronomy—Astrology, by David Brown, စာမျက်နှာ ၅၃-၅၇) အဲဒါကြောင့် ဂြိုဟ်နဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေက ခန့်မှန်းပြီး အနက်အဓိပ္ပာယ် အမျိုးမျိုး ပြန်ဆိုဖို့အကြောင်း ဖြစ်လာစေတယ်။ လကို အလွယ်တကူ ခြေရာခံလို့ရတဲ့အတွက် VAT 4956 ရွှံ့စေးပြားမှာ ဖော်ပြထားပြီး လနဲ့ဆက်နွှယ်နေတဲ့ တခြားကြယ်တာရာတွေရဲ့ အနေအထားတွေကို ခွဲခြားသတ်မှတ်နိုင်ပြီး သူတို့တွေရဲ့ အနေအထားတွေကို အသေအချာ တိုင်းတာတွက်ချက်ပြီး ရက်စွဲတပ်နိုင်ခဲ့ကြတယ်။
၁၈က။ ဥပမာ၊ လအဝင်အထွက် မတူညီတဲ့အချိန် သုံးမျိုးက လတစ်လရဲ့ ပထမဆုံးရက်မှာ လအဝင်အထွက် တစ်ကြိမ်၊ အဲဒီလရဲ့နောက်ပိုင်း တခြားရက်နှစ်ရက်မှာ နှစ်ကြိမ်ကို တိုင်းတာထားတာ ဖြစ်ပါတယ်။ ပညာရှင်တွေက ဒီအချိန်အတိုင်းအတာကို ပြက္ခဒိန်ရက်စွဲတွေနဲ့ ဆက်စပ်ခဲ့ကြတယ်။ (၂၀၀၂ ခုနှစ်ထုတ် “The Earliest Datable Observation of the Aurora Borealis,” by F. R. Stephenson and David M. Willis, in Under One Sky—Astronomy and Mathematics in the Ancient Near East, edited by John M. Steele and Annette Imhausen, စာမျက်နှာ ၄၂၀-၄၂၈) အဲဒီအချိန်ကာလကို တွက်ချက်ဖို့ ရှေးခေတ်လေ့လာသူတွေဟာ နာရီအမျိုးအစားတချို့ကို အသုံးပြုခဲ့ကြတယ်။ ဒါပေမဲ့ အဲလိုတွက်ချက်မှုတွေကို စိတ်ချလို့မရပါဘူး။ (၂၀၀၀ ပြည့်နှစ်ထုတ် Archimedes, Volume 4, New Studies in the History and Philosophy of Science and Technology, “Observations and Predictions of Eclipse Times by Early Astronomers,” by John M. Steele, စာမျက်နှာ ၆၅-၆၆) တခြားကြယ်တာရာတွေနဲ့ ဆက်စပ်နေတဲ့ လရဲ့အနေအထားကို တွက်ချက်တာကတော့ ပိုပြီးတိကျတယ်။
၁၉။ TheSky6™ လို့ခေါင်းစဉ်တပ်ထားတဲ့ နက္ခတ္တဗေဒဆော့ဖ်ဝဲလ်နဲ့ လေ့လာဆန်းစစ်ထားတာဖြစ်တယ်။ ဒါ့အပြင် Cartes du Ciel/Sky Charts (CDC) ပရိုဂရမ်နဲ့ U.S. Naval Observatory ကထုတ်တဲ့ date converter တို့ကို အသုံးပြုပြီးတော့လည်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်ခဲ့ကြတယ်။ ဂြိုဟ်တွေရဲ့အနေအထား အတော်များများနဲ့ပတ်သက်တဲ့ ကျူနီဖောင်းအမှတ်အသားတွေက ခန့်မှန်းပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုဖို့အတွက် ဖြစ်လာတဲ့အတွက် နက္ခတ္တဗေဒဆိုင်ရာမှတ်တမ်းက သတ်မှတ်ထားတဲ့ ခုနှစ်အတိအကျကို ထောက်ပြဖို့ အဲဒီအနေအထားတွေကို လေ့လာဆန်းစစ်ရာမှာ အသုံးမပြုခဲ့ကြပါဘူး။
၂၀။ Berichte über die Verhandlungen der Königl. Sächsischen Gesellschaft der Wissenschaften zu Leipzig (Reports Regarding the Discussions of the Royal Saxonian Society of Sciences at Leipzig); Volume 67; May 1, 1915; “Ein astronomischer Beobachtungstext aus dem 37. Jahre Nebukadnezars II, (-567/66)” (An Astronomical Observer’s Text of the 37th Year Nebuchadnezzar II), by Paul V. Neugebauer and Ernst F. Weidner, စာမျက်နှာ ၄၁။
၂၁။ VAT 4956 ရွှံ့စေးပြားမှာ “ကြယ်တစ်လုံး (ß Virginis) ရဲ့အရှေ့ ၁ တောင်အကွာမှာ လတည်ရှိခဲ့တယ်” လို့ ဖော်ပြထားတယ်။ အရင်က ဖော်ပြခဲ့တဲ့ လေ့လာဆန်းစစ်ချက်အရ နိုင်စာနူ ၉ ရက်နေ့မှာ လဟာ ကြယ်တစ်လုံး (ß Virginis) ရဲ့အရှေ့ဘက် ၂˚၀၄’ နဲ့ အောက်ဘက် ၀˚ မှာ တည်ရှိခဲ့တယ်။ အဲဒါကမှ အတိအကျ ကိုက်ညီတယ်လို့ သတ်မှတ်ခဲ့ကြတယ်။
[စာမျက်နှာ ၂၅ ပါဇယား]
(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)
VAT ၄၉၅၆ ရွှံ့စေးပြားက ဘယ်နှစ်မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတယ်လို့ ဖော်ပြသလဲ —ဘီစီအီး ၅၈၇ ကိုလား၊ ဘီစီအီး ၆၀၇ ကိုလား
◼ ဘုရင်နေဗုခဒ်နေဇာ ၂ ရဲ့နန်းစံ ၃၇ နှစ်မြောက်မှာ ဖြစ်ပျက်တဲ့ နက္ခတ္တဗေဒဆိုင်ရာ ဖြစ်ရပ်တွေကို ရွှံ့စေးပြားမှာ ဖော်ပြထားတယ်။
◼ နေဗုခဒ်နေဇာ ၂ ဟာ သူ့ရဲ့ နန်းစံ ၁၈ နှစ်မြောက်မှာ ဂျေရုဆလင်မြို့ကို ဖျက်ဆီးခဲ့တယ်။—ယေရမိ ၃၂:၁။
နေဗုခဒ်နေဇာ ၂ ရဲ့နန်းစံ ၃၇ နှစ်မြောက်က ဘီစီအီး ၅၆၈ ဖြစ် ခဲ့ရင် ဘီစီအီး ၅၈၇ မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံခဲ့ရတာဖြစ်
ဘီစီအီး ၆၁၀
၆၀၀
၅၉၀
၅၈၀
၅၇၀
၅၆၀
နေဗုခဒ်နေဇာ ၂ ရဲ့ နန်းစံ ၃၇ နှစ်မြောက်က ဘီစီအီး ၅၈၈ ဖြစ်ခဲ့ရင် ကျမ်းစာခုနှစ်ကာလစဉ်မှာ ဖော်ပြထားတဲ့ ဘီစီအီး ၆၀၇ မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံခဲ့ရတာဖြစ်
◼ VAT ၄၉၅၆ ရွှံ့စေးပြားက ဘီစီအီး ၆၀၇ ကို ပိုပြီးယုံကြည်လက်ခံအောင်ထောက်ပြ။
[Picture Credit Line on page 22]
Photograph taken by courtesy of the British Museum