ဝိညာဉ်ဆိုးတွေရဲ့ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ပါ
လူငယ်စာရှုသူများအတွက်
ဝိညာဉ်ဆိုးတွေရဲ့ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ပါ
လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လိုအသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေ ခံစားသလို လိုက်ခံစားကြည့်ပါ။
➊ ကမ္ဘာဦး ၆:၁-၆ နဲ့ တမန်တော် ၁၉:၁၁-၂၀ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။
လူထွားကြီးတွေဖြစ်တဲ့ နက်ဖလင်တွေရဲ့ ပုံပန်းသဏ္ဌာန်ကို သင့်စိတ်ထဲ မြင်ယောင်တဲ့အတိုင်း ဖော်ပြပါ။
______________
တမန်တော် ၁၉:၁၃-၁၆ မှာဖော်ပြထားတဲ့အတိုင်း ဝိညာဉ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသားတွေရဲ့ ခံစားချက်ကို သင်ဘယ်လို ဖော်ပြမလဲ။
______________
➋ ထပ်လေ့လာကြည့်ပါဦး။
သင်ရနိုင်သမျှ စာပေတွေကို အသုံးပြုပြီး နက်ဖလင်တွေအကြောင်းကို ထပ်ရှာဖွေလေ့လာကြည့်ပါ။ သူတို့မှာ ဘာဖြစ်လို့ ကြမ်းတမ်းတဲ့စိတ်တွေ ရှိနေရတယ်လို့ သင် ထင်သလဲ။
______________
ဝိညာဉ်ဆိုးတွေဟာ “မိမိတို့နေသင့်ရာအရပ်ကို” ဘယ်လိုနည်းနဲ့ “စွန့်ခွာ” ခဲ့တယ်လို့ ပြောနိုင်သလဲ။ (ယုဒ ၆ ကိုဖတ်ပါ။) လူ့အမျိုးသမီးတွေနဲ့ပေါင်းဖက်ဖို့ သူတို့အတွက် ဘာကြောင့် သဘာဝမကျဘူးလို့ သင်ယူဆသလဲ။
______________
ဝိညာဉ်ဆိုးတွေ ဖိုမစိတ်ပြင်းပြလွန်းတာ၊ အကြမ်းဖက်လွန်းတာနဲ့ပတ်သက်ပြီး မှတ်တမ်းနှစ်ခုကနေ သင် ဘာတွေ သိရှိရသလဲ။
______________
➌ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး သင် သိရှိခဲ့ရာတွေကို ချရေးပါ။
ဝိညာဉ်ဆိုးတွေရဲ့ ကြမ်းတမ်းပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သဘောထား။
______________
သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။
ဝိညာဉ်ဆိုးတွေဟာ အသွေးအသားခန္ဓာကိုယ်ကို မပြောင်းလဲနိုင်တော့တဲ့အတွက် သင့်အပေါ် ဩဇာညောင်းဖို့ ဘယ်လိုနည်းတွေနဲ့ ကြိုးစားနိုင်သလဲ။
______________
ကနေ့ ဘယ်လိုဖျော်ဖြေမှုမျိုးတွေက ဝိညာဉ်ဆိုးတွေရဲ့ သဘောထားနဲ့ စိတ်ဝင်စားရာတွေကို ရောင်ပြန်ဟပ်နေသလဲ။
______________
ဝိညာဉ်ဆိုးတွေရဲ့ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ဖို့ သင် ဆုံးဖြတ်ချက်ချထားတယ်ဆိုတာကို ဘယ်လိုပြသနိုင်မလဲ။ (တမန်တော် ၁၉:၁၈၊ ၁၉ ကိုပြန်ဖတ်ပါ။)
______________
➍ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။
______________
သင့်မှာ ကိုယ်ပိုင်ကျမ်းစာမရှိရင် ယေဟောဝါသက်သေတွေဆီမှာ တောင်းခံပါ ဒါမှမဟုတ် ဝက်ဘ်ဆိုက်မှာ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုနိုင်ပါတယ် www.watchtower.org