မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အရင်ဖြစ်ဖူးသောအရာများကို သတိ” ရတော့မှာ မဟုတ်

“အရင်ဖြစ်ဖူးသောအရာများကို သတိ” ရတော့မှာ မဟုတ်

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

“အရင်ဖြစ်ဖူးသောအရာများကို သတိ” ရတော့မှာ မဟုတ်

လူတိုင်းမှာ ပျော်ရွှင်စရာ အမှတ်ရစရာလေးတွေရှိသလို ဝမ်းနည်းစရာ အမှတ်တရတွေလည်း ရှိတတ်ကြပါတယ်။ ကိုယ်ချစ်မြတ်နိုးရတဲ့သူတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးတွေကို ပြန်စဉ်းစားမိရင် ကြည်နူးရပေမဲ့ အတိတ်က နာကြည်းစရာတွေကို ပြန်တွေးမိရင်တော့ ဝမ်းနည်းမိတယ် မဟုတ်ဘူးလား။ ဒါကြောင့် ‘ဝမ်းနည်းဖွယ် အမှတ်ရစရာတွေကို မေ့ပျောက်အောင် ငါ ဘယ်လိုလုပ်ရပါ့မလဲ’ ဆိုပြီး သင် စဉ်းစားမိနိုင်ပါတယ်။ ပရောဖက် (ကြိုဟောသူ) ဟေရှာယ ရေးသားခဲ့တဲ့ စကားတွေထဲမှာ အားရစရာအကောင်းဆုံး အဖြေကို တွေ့ရှိနိုင်ပါတယ်။—ဟေရှာယ ၆၅:၁၇ ကိုဖတ်ပါ။

ဝမ်းနည်းဖွယ် အမှတ်ရစရာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ပယ်ဖျက်ဖို့ ယေဟောဝါဘုရားသခင် ရည်ရွယ်ထားပါတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ဆင်းရဲဝေဒနာတွေနဲ့ ပြည့်နှက်နေတဲ့ ဆိုးညစ်တဲ့ ဒီလောကကို ဖယ်ရှားပြီး အပြတ်အသတ် သာလွန်ကောင်းမွန်တဲ့ အရာတစ်ခုနဲ့ အစားထိုးခြင်းအားဖြင့် ဖြစ်ပါတယ်။ ဟေရှာယကနေတစ်ဆင့် ဘုရားသခင် ဒီလိုကတိပေးခဲ့တယ်– “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါ ဖန်ဆင်း” မယ်။ အဲဒီကတိကို သင် နားလည်သဘောပေါက်တဲ့အခါ မျှော်လင့်ချက်ရှိလာနိုင်ပါတယ်။

ကောင်းကင်သစ်ဆိုတာ ဘာကိုပြောတာလဲ။ အဲဒါကိုနားလည်နိုင်ဖို့ သဲလွန်စနှစ်ခုကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ပထမ၊ ကောင်းကင်သစ်အကြောင်းကို ကျမ်းရေးသူနှစ်ဦးက ဖော်ပြခဲ့တယ်။ အဲဒီစကားလုံးကို ပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်လာမယ့် ဒီကမ္ဘာမြေကြီးနဲ့ ဆက်စပ်ဖော်ပြထားကြတယ်။ (၂ ပေတရု ၃:၁၃။ ဗျာ. ၂၁:၁-၄) ဒုတိယ၊ သမ္မာကျမ်းစာမှာ “ကောင်းကင်” ဆိုတဲ့ စကားလုံးက အုပ်ချုပ်မှုကို ကိုယ်စားပြုနိုင်ပါတယ်။ (ဟေရှာယ ၁၄:၄၊ ၁၂။ ဒံယေလ ၄:၂၅၊ ၂၆) ဒါကြောင့် ကောင်းကင်သစ်ဟာ အစိုးရသစ်ဖြစ်ပြီး အဲဒီအစိုးရက မြေကြီးပေါ်မှာ ဖြောင့်မတ်တဲ့အခြေအနေတွေကို ဖော်ဆောင်ပေးနိုင်ပါတယ်။ အဲဒီအရာတွေ ဖြစ်မြောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော အုပ်ချုပ်မှုက ယေရှု သင်ပေးခဲ့တဲ့ ဆုတောင်းချက်ထဲက ဘုရားသခင့်နိုင်ငံတော်၊ တစ်နည်းအားဖြင့် ကောင်းကင်အစိုးရပဲ ဖြစ်ပါတယ်။ ဘုရားသခင့်နိုင်ငံတော်က ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ အလိုတော်ကို ကမ္ဘာတစ်ဝန်းလုံးမှာ ပြည့်စုံစေပါလိမ့်မယ်။—မဿဲ ၆:၉၊ ၁၀

မြေကြီးသစ်ဆိုတာ ဘာလဲ။ အဲဒါကို မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ရအောင်။ ပထမ၊ ကျမ်းစာမှာပါတဲ့ “မြေကြီး” ဆိုတဲ့ အသုံးအနှုန်းက တစ်ခါတလေ ကမ္ဘာကိုမဟုတ်ဘဲ လူတွေကို ရည်ညွှန်းတတ်ပါတယ်။ (ဆာလံ ၉၆:၁) ဒုတိယ၊ ဘုရားသခင့်အုပ်ချုပ်မှုအောက်မှာ တည်ကြည်တဲ့လူသားတွေဟာ ကမ္ဘာတစ်ခွင် ပျံ့နှံ့သွားမယ့် ဖြောင့်မတ်ခြင်းတရားကို သင်ယူကြလိမ့်မယ်လို့ ကျမ်းစာက ကြိုပြောထားပါတယ်။ (ဟေရှာယ ၂၆:၉) ဒါကြောင့် မြေကြီးသစ်ဟာ လူ့အဖွဲ့အစည်းသစ်ကို ရည်ညွှန်းပါတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့အုပ်ချုပ်မှုကို လက်အောက်ခံပြီး ဘုရားသခင့် ဖြောင့်မတ်တဲ့စံနှုန်းနဲ့အညီ အသက်ရှင်နေထိုင်ကြပါလိမ့်မယ်။

ဝမ်းနည်းဖွယ် အမှတ်ရစရာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ယေဟောဝါဘုရားသခင် ဘယ်လိုပယ်ဖျက်ပေးမယ်ဆိုတာကို သင် သိမြင်ပြီလား။ မကြာခင် ဘုရားသခင်ဟာ ကောင်းကင်သစ်နဲ့ မြေကြီးသစ်ဆိုင်ရာ မိမိရဲ့ကတိတော်ကို လုံးလုံး ပြည့်စုံစေပြီး ဖြောင့်မတ်တဲ့ ကမ္ဘာသစ်ကို တည်ထောင်ပေးပါတော့မယ်။ * ကာယပိုင်း၊ စိတ်ဓာတ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ နာကြည်းဖွယ် အမှတ်ရစရာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေ ကမ္ဘာသစ်မှာ ရှိတော့မှာမဟုတ်ပါဘူး။ တည်ကြည်တဲ့လူသားတွေရဲ့ အသက်တာဟာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပါလိမ့်မယ်။ နေ့ရက်တစ်ရက် ကုန်သွားတိုင်း နှစ်သက်ဖွယ် အမှတ်ရစရာတွေ ကျန်ရစ်ခဲ့ပါလိမ့်မယ်။

ဒါပေမဲ့ အခုချိန်မှာ ခံစားရနိုင်တဲ့ စိတ်နာကြည်းစရာတွေနဲ့ ပတ်သက်ပြီးတော့ကော။ ဟေရှာယကနေတစ်ဆင့် ဘုရားသခင် ဒီလိုကတိပေးခဲ့ပါတယ်– “အရင်ဖြစ်ဖူးသောအရာများကို သတိမရ၊ မှတ်မိတော့မည်မဟုတ် [သမ္မာ]။” ဒီကမ္ဘာဟောင်းမှာ ခံစားခဲ့ရတဲ့ စိတ်နာကြည်းစရာတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးကို သင် နှစ်သက်ပါသလား။ နှစ်သက်တယ်ဆိုရင် အဲဒီလိုအခြေအနေမျိုးကို ပေးမယ်လို့ ကတိပြုထားတဲ့ ဘုရားသခင်နဲ့ ဘယ်လို ပိုပြီးရင်းနှီးနိုင်မလဲဆိုတာကို သိအောင် ပြုလုပ်ပါလေ။

မတ်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ဟေရှာယ ၆၃-၆၆-ယေရမိ ၁-၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဘုရားသခင့်နိုင်ငံတော်နဲ့ မကြာခင်မှာ အဲဒီနိုင်ငံတော် ဆောင်ရွက်ပေးမယ့်အရာတွေကို ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၃၊ ၈ နဲ့ ၉ မှာ ဖတ်ကြည့်နိုင်ပါတယ်။

• အရင်တုန်းက ဒီအခန်းဆက်ဆောင်းပါးရဲ့ ခေါင်းစဉ်ဟာ “ဘုရားသခင်ထံ ချဉ်းကပ်ကြပါ” ဖြစ်ပါတယ်။

[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]

ဝမ်းနည်းဖွယ် အမှတ်ရစရာတွေဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ယေဟောဝါဘုရားသခင် ဖယ်ရှားပေးမှာဖြစ်