နိုင်ငံရေးကို ယေရှု ဘယ်လို ရှုမြင်သလဲ
နိုင်ငံရေးကို ယေရှု ဘယ်လို ရှုမြင်သလဲ
ယေရှု မြေကြီးပေါ် အမှုဆောင်တုန်းက နိုင်ငံရေးရာတွေမှာ ပါဝင်ပတ်သက်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခံရတယ်ဆိုပြီး ခရစ်ဝင်ကျမ်းရေးသူတွေက ဖော်ပြတယ်။ ဥပမာ၊ ယေရှု အသက် ၃၀ အရွယ်၊ နှစ်ခြင်းခံပြီးတဲ့နောက် မကြာခင်မှာပဲ စာတန်က ယေရှုကို ကမ္ဘာ့အုပ်စိုးရှင် အနေအထား ကမ်းလှမ်းခဲ့တယ်။ ယေရှုအမှုဆောင်ချိန် နှောင်းပိုင်းလောက်မှာ လူအုပ်က သူ့ကို ဘုရင်တင်မြှောက်ချင်ကြတယ်။ နောက်ပိုင်းမှာလည်း လူတွေက ယေရှုကို နိုင်ငံရေး ဦးဆောင်လှုပ်ရှားသူ လုပ်ဖို့ ဖိအားပေးခဲ့ကြတယ်။ ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။ အဲဒီအခြေအနေသုံးခုကို သုံးသပ်ကြည့်ကြစို့။
ကမ္ဘာ့အုပ်စိုးရှင်။ စာတန်က ယေရှုကို “လောကတိုင်းနိုင်ငံရှိသမျှ” ကိုအုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ ယေရှုသာ ကမ္ဘာ့အုပ်စိုးရှင်အနေနဲ့ သူ့တန်ခိုးကို အသုံးပြုပြီး လူသားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးလိုက်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ လူ့ပြဿနာကို ဖြေရှင်းပေးချင်တဲ့ နိုင်ငံရေးသမားတစ်ဦးသာဆိုရင် ကမ္ဘာ့အုပ်စိုးရှင်ဆိုတဲ့ အခွင့်အရေးကို ငြင်းပယ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယေရှု ငြင်းပယ်ခဲ့ပါတယ်။—မဿဲ ၄:၈-၁၁။
ဘုရင်။ ယေရှုအချိန်က လူများစွာဟာ သူတို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ဘုရင်တစ်ဦးကို အရမ်းတောင့်တနေကြတယ်။ ယေရှုရဲ့စွမ်းရည်ကို သူတို့စွဲမှတ်သွားတဲ့အခါ ယေရှုကို နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်စေချင်ကြတယ်။ ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။ ခရစ်ဝင်ကျမ်းရေးသူ ယောဟန် ဒီလိုပြောတယ်– “ယေရှုသည် ထိုသူတို့လာ၍ မိမိအား အနိုင်အထက်ပြုကာ မင်းမြှောက်မည်ကို သိတော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွသွားပြန်၏။” (ယောဟန် ၆:၁၀-၁၅) ရှင်းနေတဲ့အချက်က ယေရှုဟာ နိုင်ငံရေးရာနဲ့ လုံးဝမပတ်သက်ခဲ့ဘူး ဆိုတာပါပဲ။
နိုင်ငံရေး ဦးဆောင်လှုပ်ရှားသူ။ ယေရှု အသတ်မခံရခင် ရက်အနည်းငယ်လောက်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သတိပြုကြည့်ပါ။ ရောမအင်ပါယာနဲ့ ပနံသင့်နေတဲ့ ဖာရိရှဲတပည့်တွေဟာ ဟေရုဒ်တပည့်တွေ (ရောမတွေရဲ့ မျက်နှာသာရ နိုင်ငံရေးပါတီတစ်ဖွဲ့ရဲ့ အဖွဲ့ဝင်များ) နဲ့ ပူးပေါင်းနေကြတယ်။ ဖာရိရှဲတပည့်တွေက ယေရှုဆီရောက်လာပြီး နိုင်ငံရေးမှာ ရာထူးတစ်ခု အတင်းပေးဖို့ ကြံစည်ကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ယေရှုရဲ့သဘော ဘယ်လိုရှိသလဲဆိုတာ သိချင်လို့ ရောမတွေကို ဂျူးတွေ အခွန်ပေးသင့်သလား၊ မပေးသင့်ဘူးလားဆိုပြီး မေးလိုက်တယ်။
ယေရှုရဲ့တုံ့ပြန်ပုံကို မာကု ဒီလိုပြောပြတယ်– “‘ငါ့ကို အဘယ်ကြောင့် အကဲစမ်းကြသနည်း။ ဒေနာရိတစ်ပြားကို ယူလာပြလော့’ ဟုမိန့်တော်မူ၏။ သူတို့သည် ယူခဲ့ကြသော်၊ ‘ဤပုံနှင့် ကမ္ပည်းကား မည်သူ့ပုံ၊ မည်သူ့ကမ္ပည်းနည်း’ ဟုမေးတော်မူလျှင်၊ ‘ကဲသာ၏ပုံ၊ ကဲသာ၏ကမ္ပည်း ဖြစ်ပါသည်’ ဟုလျှောက်ကြ၏။ ထိုအခါ ယေရှုက ‘ကဲသာ၏ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုမာကု ၁၂:၁၃-၁၇) ယေရှုရဲ့ အဲဒီတုံ့ပြန်ပုံနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် (Church and State—The Story of Two Kingdoms ) က ဒီလိုမှတ်ချက်ချတယ်– “သူဟာ နိုင်ငံရေးမှာ မေရှိယအနေနဲ့ ပါဝင်လုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့တယ်။ ဆီဇာ (ကဲသာ) ရဲ့ပညတ်ကို ဘယ်အတိုင်းအတာထိ နာခံနိုင်တယ်၊ ဘယ်အပိုင်းကိုတော့ ဘုရားသခင်ကို ပေးသင့်တယ်ဆိုတာ ယေရှု ကောင်းကောင်း နားလည်ထားတယ်။”
ကား ဘုရားသခင်အား ပေးကြလော့’။” (နိုင်ငံရေးမှာ ယေရှု မပါဝင်ခဲ့ဘူးဆိုတာက တခြားသူတွေရဲ့ ခက်ခဲဆင်းရဲမှုတွေကို ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ ယေရှုဟာ သူ့ဘေးနားမှာရှိတဲ့ လူတွေရဲ့ ကြေကွဲစရာကောင်းတဲ့ အခြေအနေကို တွေ့မြင်တဲ့အခါ အရမ်းစိတ်ထိခိုက်ခဲ့တယ်ဆိုပြီး ကျမ်းစာက ပြောတယ်။ (မာကု ၆:၃၃၊ ၃၄) ဒါပေမဲ့ ယေရှုဟာ အဲဒီခေတ်က မမျှတမှုတွေကို မဖယ်ရှားပေးခဲ့ပါဘူး။ အဲဒီခေတ်အခါက ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ဖို့ လူတချို့ အတင်းတိုက်တွန်းတာတောင် ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ယေရှုဟာ နိုင်ငံရေးရာတွေမှာ ပါဝင်ပတ်သက်ဖို့ ငြင်းဆန်ခဲ့တယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ကနေ့ခေတ် ခရစ်ယာန်တွေကော ဘယ်လိုလဲ။ သူတို့ ဘာလုပ်သင့်သလဲ။