ရှေးခေတ် လူနေမှုဘဝပုံစံ—လယ်သမား
ရှေးခေတ် လူနေမှုဘဝပုံစံ—လယ်သမား
“[ယေရှု] က ‘စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သူတို့ကို စပါးရိတ်ခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကို ဆုတောင်းကြလော့’ ဟုတပည့်တော်တို့အား မိန့်တော်မူ၏။”—မဿဲ ၉:၃၇၊ ၃၈။
အရေးကြီးတဲ့ သင်ခန်းစာတွေ ပေးတဲ့အခါ ပိုပြီးရှင်းလင်းစေဖို့ လယ်ယာစိုက်ပျိုးရေး နည်းစနစ်တွေ၊ လယ်ယာသုံးပစ္စည်းတွေကို ယေရှု အသုံးပြုတတ်ပါတယ်။ (မဿဲ ၁၁:၂၈-၃၀။ မာကု ၄:၃-၉။ လုကာ ၁၃:၆-၉) ယေရှု ဘာကြောင့် အဲဒီလို အသုံးပြုရတာလဲ။ အကြောင်းကတော့ ယေရှုဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့နိုင်ငံမှာ နေထိုင်ခဲ့လို့ပါပဲ။ ယေရှုရဲ့သွန်သင်ချက်ကို ကြားနာတဲ့သူ အတော်များများက နှစ်ပေါင်းရာနဲ့ချီ မပြောင်းမလဲ ကျင့်သုံးလာတဲ့ လယ်ယာစိုက်ပျိုးရေး နည်းစနစ်တွေကို အသုံးပြုတဲ့သူတွေ ဖြစ်တယ်။ လယ်သမားတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ယေရှု ကိုးကားပြီး ပြောဆိုတဲ့အခါ သူတို့သဘောပေါက်ကြတယ်။ ယေရှုကလည်း လယ်သမားတွေရဲ့ ဘဝအခြေအနေတွေကို သိရှိထားပါတယ်။ ဒါကြောင့် ယေရှုရဲ့သွန်သင်ချက်တွေကို သူတို့ စွဲမှတ်သွားကြတာဖြစ်တယ်။—မဿဲ ၇:၂၈။
ပထမရာစုခေတ်က လယ်သမားတစ်ဦး ဘာစိုက်ပျိုးတယ်၊ ဘာကိရိယာတွေ အသုံးပြုတယ်၊ ဘာအခက်အခဲတွေ ရင်ဆိုင်ရတယ်ဆိုတာတွေကို အနည်းအကျဉ်း သိထားမယ်ဆိုရင် ယေရှုပေးခဲ့တဲ့ ပုံဥပမာတွေနဲ့ တခြားကျမ်းစာမှတ်တမ်းတွေရဲ့ တန်ဖိုးကို ကောင်းစွာနားလည်နိုင်ကြမှာဖြစ်တယ်။
လယ်သမားတစ်ဦးရဲ့ လုပ်ဆောင်ပုံတွေကို လေ့လာကြည့်ရအောင်။ ဖော်ပြထားတဲ့ ကျမ်းချက်တွေကို ဖွင့်ဖတ်ပြီး သင်ယူနိုင်စရာတွေကို ရှာဖွေကြည့်ပါ။
စိုက်ပျိုးရမယ့် အချိန်
လယ်သမားတစ်ဦးဟာ အိမ်ပေါက်ဝမှာရပ်၊ မျက်စိကိုမှိတ်ပြီး အေးမြလတ်ဆတ်တဲ့လေကို ရှူရှိုက်လိုက်တယ်။ မိုးရွာထားလို့ မာကျစ်နေတဲ့ မြေကြီးက ပျော့ပျောင်းသွားပြီကော။ ဒါဆိုရင် မြေကြီးကို ထယ်နဲ့ ထိုးခွဲလှန်လှောဖို့ အချိန်တန်ပြီပေါ့။ ဒါနဲ့ လယ်သမားက ပေါ့ပါးတဲ့ သစ်သားထယ်ကို ပခုံးပေါ် ကောက်ထမ်းပြီး လယ်ကွင်းဆီ ထွက်သွားပါတော့တယ်။
လုကာ ၉:၆၂) ထယ်ထိုးတဲ့အခါ ကိုယ့်လယ်ကွက်ရဲ့ဘောင်ကို မကျော်မိဖို့လည်း သတိထားရပါသေးတယ်။
လယ်ကွင်းရောက်တော့ နွားနှစ်ကောင်ကို ထမ်းပိုးတပ်ပြီး အလုပ်စဖို့ နှင်တံနဲ့ တို့လိုက်တယ်။ ထယ်မှာတပ်ထားတဲ့ သံထွန်သွားတွေက ကျောက်ပေါတဲ့မြေကို ထိုးဆွလိုက်တယ်။ တကယ်တော့ မြေကြီးကို ထိုးခွဲလှန်လှောလိုက်တာမဟုတ်ဘဲ ထယ်ကြောင်း (၁) ပေါ်အောင် ကုတ်ခြစ်သွားရုံလေးပါ။ လယ်သမားဟာ ထယ်ကြောင်းဖြောင့်မဖြောင့် ဘယ်ညာယိမ်းထိုးပြီး ကြည့်ရသေးတယ်။ နောက်ကိုတော့ လှည့်ကြည့်လို့ မဖြစ်ဘူး။ မဟုတ်ရင် ထယ်ကြောင်း ကောက်သွားမှာ။ (အခု လယ်ကွက်ထဲမှာ ထယ်ကြောင်းတွေ ပြည့်သွားပြီဖြစ်လို့ ပျိုးကြဲဖို့ အသင့်ဖြစ်ပါပြီ။ လယ်သမားဟာ မုယောစပါးစေ့တွေ ထည့်ထားတဲ့ အိတ်ကို လက်တစ်ဖက်ကကိုင်ပြီး ကျန်တဲ့လက်တစ်ဖက်က မျိုးစေ့တွေ (၂) ကို ဘယ်ညာကြဲပက်လိုက်ပါတယ်။ လယ်ကွက်ထဲမှာ နင်းဖန်များလို့ အသားမာတက်နေတဲ့ လူသွားလမ်းကြောင်းလေးတွေရှိတယ်။ ဒါကြောင့် မျိုးစေ့လေးတွေ “ကောင်းသောမြေ” ပေါ်ကျသွားဖို့ ဂရုစိုက်ပြီး ကြဲရပါတယ်။—လုကာ ၈:၅၊ ၈။
ပျိုးကြဲပြီးရင် မြေစိုင်မြေခဲတွေကို ထွန်နဲ့ ခွဲခြေရပါတယ်။ လယ်သမားဟာ နွားတွေကို ဆူးပါတဲ့ သစ်ကိုင်းတွေနဲ့ တွဲချည်ထားပြီး လယ်ကွင်းအနှံ့ ဆွဲသွားခိုင်းပါတယ်။ မြေကြီးမဖုံးထားသေးတဲ့ မျိုးစေ့လေးတွေကို ငှက်တွေက တကျီကျီတကျာကျာ အော်မြည်ရင်း ကောက်စားသွားကြတယ်။ နောက်တော့ လယ်သမားက မြေကြီးကို ပေါက်တူး (၃) နဲ့ ဆွပြီး ပေါင်းရှင်းတယ်။ မရှင်းပေးရင် ပျိုးပင်တွေ မသန်တော့ဘူး။—မဿဲ ၁၃:၇။
ရိတ်သိမ်းရမယ့် အချိန်
အချိန်က တစ်လပြီးတစ်လ ကုန်လွန်သွားပြီ။ မိုးဦးလည်း ကျလာပြီ။ မှည့်ဝင်းနေတဲ့ မုယောစပါးခင်းက နေရောင်အောက်မှာ ယိမ်းထိုးလှုပ်ရှားလို့ နေပါတယ်။—ယောဟန် ၄:၃၅။
ရိတ်သိမ်းချိန်က လယ်သမားနဲ့ သူ့မိသားစုအတွက် အလုပ်များတဲ့ အချိန်ပါ။ ရိတ်သိမ်းတဲ့သူဟာ စပါးနှံတွေကို ဘယ်လက်နဲ့ ဆုပ်ကိုင်ထားပြီး ညာလက်က သံတံစဉ် (၄) နဲ့ ရိတ်လိုက်ပါတယ်။ တခြားသူတွေက ရိတ်ထားတဲ့ စပါးနှံတွေကို လိုက်ကောက်ပြီး အစည်းစည်းလိုက် (၅) ပါတယ်။ ပြီးရင် ကောက်လှိုင်းစည်းတွေကို မြည်းတွေပေါ် (၆) ဒါမှမဟုတ် လှည်းတွေပေါ် တင်လိုက်တယ်။ ပြီးတော့ ရွာထဲမှာရှိတဲ့ ကောက်နယ်တလင်းဆီ ယူဆောင်သွားတယ်။
မိုးတိမ်ကင်းစင်နေတဲ့ အပြာရောင်ကောင်းကင်အလယ်မှာ နေမင်းကြီးက ထွန်းလင်းတောက်ပလို့ နေပါတယ်။ လယ်သမားမိသားစုဟာ သင်္ဘောသဖန်းပင်ရဲ့ အရိပ်အောက်မှာ တစ်ခဏ နားကြတယ်။ ပြီးရင် စကားတွေ ထိုင်ပြောကြ၊ ရယ်ကြမောကြနဲ့ ပါလာတဲ့ ပေါင်မုန့်တွေ၊ မုန့်ခြောက်တွေ၊ သံလွင်ဆီ၊ သဖန်းသီးခြောက်၊ စပျစ်သီးခြောက်တွေကို မြန်မြန်စားသုံးကြတယ်။ ပြီးရင် စမ်းရေအေးအေးလေးကို တဂွတ်ဂွတ် မော့သောက်ပြီး လက်စသတ်လိုက်တယ်။—တရားဟောရာ ၈:၇။
အနီးအနားမှာရှိတဲ့ လယ်ကွင်းမှာတော့ ကောက်သင်းကောက်တဲ့သူတွေက မုယောစပါး အကြွင်းအကျန်တွေ (၇) လိုက်ကောက်နေတရားဟောရာ ၂၄:၁၉-၂၁။
ကြတယ်။ သူတို့ထဲမှာ တချို့က ဆင်းရဲနွမ်းပါးလို့ ကိုယ်ပိုင်လယ် မရှိကြပါဘူး။—ကောက်နယ်တလင်းကိုရောက်တော့ ပါလာတဲ့ ကောက်လှိုင်းစည်းတွေကို မာကြောပြီး ညီညာပြန့်ပြူးနေတဲ့ မြေကွက်လပ်တစ်ခုပေါ် ဖြန့်လိုက်တယ်။ နွားတွေက လေးလံတဲ့စွပ်ဖားကို ဆွဲပြီး ကောက်ပြန့်ပေါ် အထပ်ထပ် လှည့်ပတ်ပြီး (၈) နင်းသွားပါတယ်။ (တရားဟောရာ ၂၅:၄) စွပ်ဖားအောက်မှာ မြုပ်ဝင်နေတဲ့ ကျောက်ချွန်တွေနဲ့ သံချွန်တွေက ကောက်လှိုင်းရဲ့ ရိုးတံတွေကို တိကနဲ ဖြတ်ချလိုက်တယ်။
ညနေခင်းရောက်တော့ လေနုအေးလေး တိုက်ခတ်လာတာကို လယ်သမားက စောင့်မျှော်နေရှာတယ်။ (ရုသ ၃:၂) နေဝင်ဆည်းဆာအောက်မှာ လယ်သမားဟာ တလင်းနယ်ပြီးသား ကောက်လှိုင်းတွေကို သစ်သားကောက်ဆွနဲ့ ထိုးဆွပြီး လေထဲကို မြှောက်လိုက်တယ်။ (မဿဲ ၃:၁၂) အဆန်အောင်တဲ့ စပါးစေ့တွေက မြေပြင်ပေါ် ပြန်ကျလာပြီး စပါးဖျင်းတွေကတော့ လေထဲလွင့်ပါသွားကြတယ်။ လယ်သမားဟာ တလင်းတစ်ခုလုံးကုန်တဲ့အထိ ကောက်ဆွနဲ့ ထပ်ခါထပ်ခါ စပါးလှေ့နေပါတယ်။
မနက်မိုးလင်းလာတဲ့အခါ လယ်သမားရဲ့ဇနီးနဲ့ သမီးတွေက ဆန်ခါချဖို့ (၁၀) စတင်ပါတော့တယ်။ သဲတွေနဲ့ရောနေတဲ့ စပါးတွေကို ဆန်ကောနဲ့ ပြာကြတယ်။ မုယောစပါးတွေကို ခြင်းတွေထဲ ထည့်လိုက်ပြီး အမှိုက်တွေကိုတော့ ခါထုတ်ပစ်လိုက်တယ်။ ဒီတစ်ခေါက်တော့ ထူးထူးခြားခြားကို စပါးအထွက်တိုးနေတယ်။ ပိုလျှံတဲ့ စပါးတချို့ကို မြေအိုးတွေ (၁၁) ထဲ ထည့်လိုက်တယ်။ ကျန်တာတွေကိုတော့ စပါးကျီထဲ ထည့်လိုက်တယ်။
လယ်သမားဟာ တလင်းပေါ်မှာ သူ့ကျောကိုဆန့်၊ ညောင်းချိနေတဲ့ ကြွက်သားတွေကို အညောင်းဆန့်လိုက်တယ်၊ ပြီးတော့ ရွာပတ်ပတ်လည်မှာရှိတဲ့ လယ်ကွင်းတွေကို လေ့လာကြည့်ရှုလိုက်တယ်။ ပြီးတော့ ရိုးပြတ်တွေပဲ ကျန်ရစ်တော့တဲ့ အဝါရောင်သန်းနေတဲ့ လယ်ကွက်တွေကို ကျေနပ်အားရမှုနဲ့ ရှုစားနေပါတယ်။ အဲဒါတွေက ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ သာဓကတွေပါ။ စပျစ်၊ သံလွင်၊ သလဲနဲ့ သင်္ဘောသဖန်းခြံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကိုလည်း သူကြည့်လိုက်တယ်။ ခြံစိုက်ဖို့ မြေကြီးကို သူတူးဆွလိုက်တဲ့အခါ အိမ်နီးချင်းတစ်ယောက်က သူ့ကို လက်ဝှေ့ယမ်းပြီး နှုတ်ဆက်တယ်။ တူးဆွထားတဲ့ မြေကွက်လပ်မှာ သခွားသီး၊ ပဲအမျိုးမျိုးနဲ့ ကြက်သွန်တွေ စိုက်ပျိုးမယ်။ ဒီအချိန်မှာ လယ်သမားဟာ အလုပ်လုပ်နေရာကနေ တစ်ခဏ နားလိုက်တယ်။ ပြီးတော့ ကောင်းကင်ကို မော့ကြည့်ပြီး ကောင်းမြတ်စုံလင်တဲ့ ဆုကျေးဇူးတွေပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်တဲ့အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတော့တယ်။—ဆာလံ ၆၅:၉-၁၁။
[စာမျက်နှာ ၂၈-၃၀ ပါ ရုပ်ပုံများ]
(စာစောင်တွင်ကြည့်ပါ)