မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်စာရှုသူများအတွက်

ရည်မှန်းချက်ကြီးတဲ့ သဘောထားကို ရှောင်ပါ

ရည်မှန်းချက်ကြီးတဲ့ သဘောထားကို ရှောင်ပါ

လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လို အသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေ ခံစားသလို လိုက်ခံစားကြည့်ပါ။

အဓိကဇာတ်ကောင်များ– ဒါဝိဒ်၊ အဗရှလုံ၊ ယွာဘ

အကျဉ်းချုပ်– ဖခင်ရဲ့ ထီးနန်းကို လုယူဖို့ အဗရှလုံ ကြိုးစား

၂ ဓမ္မရာဇ၀င် ၁၄:၂၅-၃၃; ၁၅:၁-၁၇; ၁၈:၉-၁၇၃၀-၃၃ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

အဗရှလုံရဲ့ ရုပ်သွင်ကို သင့်စိတ်ထဲ မြင်ယောင်တဲ့အတိုင်း ဖော်ပြပါ။ (၂ ဓမ္မရာဇဝင် ၁၄:၂၅၊ ၂၆ ကို ပြန်ဖတ်ပါ။)

တရားစီရင်ချက်ကိုသိဖို့ ဘုရင့်ဆီ ရောက်လာတဲ့သူတွေကို သူ့ဘက်ပါလာအောင် ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ အဗရှလုံရဲ့ လေသံကို သင် ဘယ်လို ကြားယောင်သလဲ။ (၂ ဓမ္မရာဇဝင် ၁၅:၂-၆ ကိုပြန်ဖတ်ပါ။)

၂ ဓမ္မရာဇဝင် ၁၄:၂၈-၃၀ ကဖြစ်ရပ်မှာ အဗရှလုံရဲ့ စရိုက်နဲ့ပတ်သက်ပြီး သင် ဘာကို သတိပြုမိသလဲ။

ထပ်လေ့လာကြည့်ပါဦး။

ထီးနန်းရယူဖို့အတွက် အဗရှလုံ ဘယ်လို လုပ်ဆောင်ခဲ့သလဲ။ (သဲလွန်စ– ၂ ဓမ္မရာဇဝင် ၁၃:၂၈၊ ၂၉ ကိုဖတ်ပါ။ အာမနုန်ဟာ ဒါဝိဒ်ရဲ့ သားအကြီးဆုံးဖြစ်တဲ့အတွက် နန်းမွေခံဖြစ်တယ်။)

အဗရှလုံဟာ ထင်ပေါ်ကျော်ကြားဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ ကြိုးစားခဲ့ပေမဲ့ သူ့ကို သင်္ဂြိုဟ်တဲ့ပုံကို ကြည့်ခြင်းအားဖြင့် လူတွေ သူ့ကို ဘယ်လိုရှုမြင်တယ်လို့ သင်ထင်သလဲ။ (၂ ဓမ္မရာဇဝင် ၁၈:၁၇ ကိုပြန်ဖတ်ပါ။)

အဗရှလုံ ရည်မှန်းချက်ကြီးရတာ ဘာကြောင့်လို့ သင် ထင်သလဲ။ (၃ ယောဟန် ၉၊ ၁၀ မှာပါတဲ့ ဒယောတရပ်အကြောင်းကို ဖတ်ပြီး နှိုင်းယှဉ်ပါ။)

အဗရှလုံရဲ့ လုပ်ရပ်တွေကြောင့် ဒါဝိဒ်ဘယ်လို ခံစားခဲ့ရသလဲ။ (သဲလွန်စ– အဗရှလုံ ပုန်ကန်တဲ့အချိန်မှာ ဒါဝိဒ်ရေးသားခဲ့တဲ့ ဆာလံ ၃ ကိုဖတ်ပါ။)

လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ ပတ်သက်ပြီး သင် သိရှိခဲ့ရာတွေကို ချရေးပါ။

ရည်မှန်းချက်ကြီးခြင်းရဲ့ အန္တရာယ်။

လူတစ်ယောက်ရဲ့ လုပ်ရပ်တွေကြောင့် သူ့မိဘတွေအပါအဝင် တခြားသူတွေပါ ခံစားရနိုင်တဲ့ ထိခိုက်နာကျင်မှု။

သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။

ရည်မှန်းချက်ကြီးခြင်းဆိုတဲ့ ထောင်ချောက်ထဲကို သင်ဘယ်လို ကျရောက်သွားနိုင်သလဲ။

တဖြည်းဖြည်း မာနကြီးလာခြင်းကို သင် ဘယ်လိုရှောင်နိုင်မလဲ။

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။

အကြံပြုချက်– ဒီမှတ်တမ်းမှာပါတဲ့ ဇာတ်ကောင်ရဲ့ ဇာတ်သိမ်းမလှတဲ့ အဖြစ်ဆိုးကို မြင်ယောင်ကြည့်ပါ။ အဗရှလုံဟာ ရည်မှန်းချက်ကြီးမယ့်အစား ကျိုးနွံမှုရှိမယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲ။—သုတ္တံ ၁၈:၁၂