မေးခွန်း ၁– ကျွန်ုပ် ဘာအတွက် အသက်ရှင်နေရတာလဲ
ရိုစလင်းဟာ အင်္ဂလန်နိုင်ငံမှာ ကြီးပြင်းလာခဲ့ပြီး ပညာလောဘရှိတဲ့သူ ဖြစ်တယ်။ လူတွေကိုလည်း သူ ကူညီပေးချင်တယ်။ ဘွဲ့ရပြီးတဲ့နောက် ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခု ရခဲ့တယ်။ အဲဒီအလုပ်ထဲမှာ အိုးမဲ့အိမ်မဲ့တွေကို ကူညီပေးတာလည်း ပါဝင်တယ်။ ဒါ့အပြင် မသန်စွမ်းသူတွေနဲ့ သင်ယူနိုင်စွမ်း ချို့တဲ့သူတွေကိုလည်း သူကူညီပေးခဲ့တယ်။ ကျေနပ်စရာကောင်းတဲ့ အလုပ်နဲ့ ဇိမ်ကျကျ နေထိုင်ခဲ့ရပေမဲ့လည်း သူဒီလိုပြောပြတယ်– “‘ကျွန်မတို့ ဘာကြောင့် ဒီကမ္ဘာပေါ်မှာ ရှိနေရတာလဲ၊ ဘာအတွက် အသက်ရှင်နေရတာလဲ’ ဆိုပြီး ကျွန်မ သိချင်နေတာ ကြာပြီ။”
မေးရတဲ့အကြောင်းရင်း။
လူသားတွေဟာ အသိဉာဏ်မဲ့တဲ့ တိရစ္ဆာန်တွေနဲ့ မတူပါဘူး။ ကျွန်ုပ်တို့ဟာ အတိတ်ကနေ သင်ခန်းစာယူဖို့၊ အနာဂတ်အတွက် အစီအစဉ်ဆွဲဖို့၊ ဘဝရည်ရွယ်ချက်ကို ရှာဖွေဖို့ စွမ်းရည်ရှိကြပါတယ်။
လူတချို့ ဖြေကြားပုံ။
ဘဝရဲ့ အဓိကရည်ရွယ်ချက်က ချမ်းသာကြွယ်ဝဖို့ ဒါမှမဟုတ် ကျော်ကြားဖို့ ဖြစ်တယ်၊ ဒါမှသာ ပျော်ရွှင်မယ်လို့ လူအများက ယူဆကြတယ်။
အဓိပ္ပာယ်သက်ရောက်ပုံ။
ကျွန်ုပ်တို့ဘဝမှာ အရေးကြီးဆုံးအရာကို ကိုယ့်ဘာသာကိုယ် သတ်မှတ်မယ်။ ဘုရားသခင်ရဲ့ အလိုတော်က ကျွန်ုပ်တို့ရဲ့ ဆန္ဒတွေလောက် အရေးမကြီးပါဘူး။
သမ္မာကျမ်းစာ သွန်သင်ရာ။
ဘုရင်ရှောလမုန်က စည်းစိမ်ဥစ္စာတွေကို စုဆောင်းပြီး ပျော်ရွှင်မှုရဖို့ ကြိုးစားခဲ့ပေမဲ့ အဲဒါတွေအားလုံးဟာ ရေရှည်မှာ ဘာအကျိုးမှ မရှိဘူးဆိုတာ သူ သိမြင်လာခဲ့တယ်။ ဘဝရည်ရွယ်ချက် အစစ်အမှန်နဲ့ ပတ်သက်ပြီး သူဒီလိုဖော်ပြခဲ့တယ်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။” (ဒေသနာ ၁၂:၁၃) ပညတ်တော်တို့ကို စောင့်ရှောက်ပါလို့ ဆိုတဲ့အခါမှာ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်သလဲ။
လူသားတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ထဲမှာ ဘဝမှာ မွေ့လျော်ဖို့လည်း ပါဝင်တယ်။ ရှောလမုန် ဒီလိုရေးခဲ့တယ်– “စားသောက်ခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ ဒေသနာ ၂:၂၄။
စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း လူ၌ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ထိုသို့သောအခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။”—မိသားစုကို ချစ်ပြီး ဂရုစိုက်ဖို့ ကျွန်ုပ်တို့ကို ဘုရားသခင် အလိုရှိတယ်။ မိသားစုဝင်တိုင်းအတွက် ရိုးရှင်းပြီး လက်တွေ့ကျတဲ့ အောက်ပါလမ်းညွှန်ချက်တွေကို သတိပြုကြည့်ပါ။
-
“ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ဇနီးကို ချစ်သင့်၏။”—ဧဖက် ၅:၂၈။
-
“ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။”—ဧဖက် ၅:၃၃။
-
‘သားသမီးဖြစ်သူတို့၊ မိဘတို့ကို နာခံကြလော့။’—ဧဖက် ၆:၁။
ဒီကျမ်းစာမူတွေကို ကျွန်ုပ်တို့ လိုက်နာမယ်ဆိုရင် ကျေနပ်မှုနဲ့ ပျော်ရွှင်မှု အတော်အတန် ရရှိမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးအရာကတော့ ဖန်ဆင်းရှင်အကြောင်း အတတ်နိုင်ဆုံး သင်ယူပြီး ကိုယ်တော်နဲ့ရင်းနှီးတဲ့ မိတ်ဆွေဖြစ်အောင် ကြိုးစားခြင်းဖြစ်ပါတယ်။ တကယ်တော့ အဲဒီလိုလုပ်ဖို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဘုရားသခင်နဲ့ရင်းနှီးအောင် ကျွန်ုပ်တို့ ကြိုးစားမယ်ဆိုရင် ဘုရားသခင်ကလည်း ကျွန်ုပ်တို့နဲ့ ရင်းနှီးလာပါလိမ့်မယ်။ (ယာကုပ် ၄:၈) ကျမ်းစာဖော်ပြချက်ကိုသာ သင်လက်ခံမယ်ဆိုရင် သင့်ဘဝဟာ အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။
စောစောက ဖော်ပြခဲ့တဲ့ ရိုစလင်းဟာ အခုဆိုရင် ဘဝရဲ့အဓိပ္ပာယ် အမှန်ကို ရှာတွေ့ပြီလို့ ခံစားနေရပါပြီ။ ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၁၀ မှာ သူ့ရဲ့သဘောထား ပြောင်းလဲသွားပုံနဲ့ပတ်သက်ပြီး သူပြောပြရာတွေကို ဖတ်ရှုနိုင်ပါတယ်။