မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ

အသက်သုံးနှစ်နဲ့ အောက်

ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ

မိုးရွာတဲ့ နေ့တစ်နေ့မှာပေါ့။

“အိမ်ထဲမှာ နေရတာ ပျင်းလိုက်တာ။

မိုးကလည်း ဘာလို့ မတိတ်သေးတာလဲ” လို့

တုံတုံက ပြောလိုက်တယ်။

ဟယ်၊ အံ့ဩစရာကောင်းလိုက်တာ။

နေထွက်လာပြီ။

မိုးလည်း တိတ်သွားပြီ။

တုံတုံလေး အရမ်းပျော်သွားရှာတယ်။

အိမ်ပြင်ကို တုံတုံ ပြေးထွက်သွားပြီး တွေ့လိုက်ရတဲ့အရာတစ်ခုကြောင့် အရမ်းအံ့သြသွားတယ်။

“ဘုရားသခင် မိုးရွာပေးလို့ ပန်းလေးတွေ ပွင့်လာတာကိုး” လို့ တုံတုံက ပြောတယ်။

မိဘများအတွက် လမ်းညွှန်ချက်

သင့်ကလေးကို ထောက်ပြရမယ့်အရာများ–

  • ပြတင်းပေါက်

  • တုံတုံ

  • ပန်း

  • ငှက်

  • သစ်ပင်

မထင်ရှားတဲ့ အရာနှစ်ခုကို ရှာကြည့်ပါ။

  • ပျစားပိုးကောင်

  • လေယာဉ်ပျံ

တမန်တော် ၁၄:၁၇ ကိုဖတ်ပါ။ ယေဟောဝါဘုရားသခင်က ဘာဖြစ်လို့ မိုးရွာစေတာလဲ။