မျက်နှာဖုံးဆောင်းပါး– ကမ္ဘာပျက်မယ့်နေ့ကို ကြောက်ရွံ့သင့်သလား
ကမ္ဘာပျက်ခြင်းကို ကြောက်ရွံ့သင့်သလား
ရှေးခေတ်မာရာလူမျိုးရဲ့ ပြက္ခဒိန်အရ ၂၀၁၂၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာချီပြောင်းလဲမှုကြီး ဖြစ်ပေါ်လာမယ်ဆိုတဲ့ ဟောကိန်းကို သင် ဘယ်လိုမြင်ခဲ့ပါသလဲ။ သင် မျှော်လင့်ထားခဲ့ရာအပေါ် မူတည်ပြီး စိတ်သက်သာမှု၊ စိတ်ပျက်မှု ဒါမှမဟုတ် ဂရုမစိုက်မှု တစ်ခုခုကို သင် ခံစားကောင်း ခံစားရနိုင်ပါတယ်။ ကမ္ဘာပျက်မယ်ဆိုတဲ့ မာရာပြက္ခဒိန်ရဲ့ ဟောကိန်းကလည်း မှားသွားပြန်ပြီလား။
သမ္မာကျမ်းစာပါ “ကမ္ဘာကုန်ခြင်း၊” တစ်နည်းအားဖြင့် ကမ္ဘာပျက်ခြင်းဆိုတဲ့ ဖော်ပြချက်ကကော။ (မဿဲ ၂၄:၃၊ သမ္မာ) တချို့က ကမ္ဘာကြီး မီးလောင်ပြာကျသွားမှာကို စိုးရိမ်နေကြတယ်။ တချို့ကျတော့လည်း ကမ္ဘာပျက်တဲ့အခါ ဘာတွေများ ဖြစ်လာမလဲဆိုပြီး တွေ့ချင်နေကြတယ်။ တချို့ကျတော့ ကမ္ဘာပျက်ဖို့ ကြာမြင့်စွာ စောင့်မျှော်လာခဲ့ရလို့ အဲဒါကို စိတ်မဝင်စားတော့ဘူး။ အဲဒီလိုတုံ့ ပြန်မှုတွေက ခိုင်လုံမှုရှိပါသလား။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြချက်အမှန်က ဘာလဲ။
ကမ္ဘာပျက်မယ့်နေ့နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ အမှန်တကယ် ပြောဆိုထားရာကို သင် သိလိုက်ရတဲ့အခါ အံ့သြသွားပါလိမ့်မယ်။ သမ္မာကျမ်းစာမှာ ကမ္ဘာပျက်မယ့်နေ့ကို စောင့်မျှော်ဖို့ အကြောင်းရင်းတွေ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ဘယ်တော့ ကမ္ဘာပျက်မှာလဲဆိုပြီး ကြာမြင့်စွာ စောင့်မျှော်ခဲ့ရပေမဲ့ ရောက်မလာသေးလို့ လူတချို့ စိတ်ပျက်လက်ပျက် ဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း ရှင်းပြပေးထားပါတယ်။ ကမ္ဘာပျက်မယ့်နေ့နဲ့ပတ်သက်ပြီး မေးလေ့မေးထရှိတဲ့ မေးခွန်းတချို့ရဲ့ ကျမ်းစာဖြေဆိုချက်တွေကို သုံးသပ်ဖို့ သင့်ကို တိုက်တွန်းပါရစေ။
ကမ္ဘာကြီးက မီးလောင်ပြာကျ သွားမှာလား။
ကျမ်းစာဖြေဆိုချက်– ‘[ဘုရားသခင်သည်] မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ၏။’—ဆာလံ ၁၀၄:၅။
ကမ္ဘာမြေကြီးဟာ မီး ဒါမှမဟုတ် တခြားဘယ်အရာနဲ့မှ ဖျက်ဆီးခံရမှာ မဟုတ်ပါဘူး။ အဲဒီအစား ကမ္ဘာမြေကြီးက လူသားတွေရဲ့ ထာဝရစံအိမ်ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉; ၁၁၅:၁၆; ဟေရှာယ ၄၅:၁၈။
ကမ္ဘာမြေကြီးကို ဘုရားသခင် ဖန်ဆင်းပြီးတဲ့နောက် “အလွန်ကောင်း” တယ်လို့ မိန့်ဆိုခဲ့တယ်။ (ကမ္ဘာဦး ၁:၃၁) ကနေ့ထက်ထိ အဲဒီအတိုင်း ကိုယ်တော် ရှုမြင်နေတုန်းပါပဲ။ ကမ္ဘာမြေကြီးကို ဖျက်ဆီးဖို့ နေနေသာ၊ “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ပစ်ဖို့နဲ့ ထာဝစဉ် ပျက်စီးခြင်းကနေ ကာကွယ်ဖို့ ကိုယ်တော် ကတိပြုထားပါတယ်။—ဗျာဒိတ် ၁၁:၁၈။
ဒါပေမဲ့ ၂ ပေတရု ၃:၇ (ခမ) မှာဖော်ပြထားတဲ့ အချက်ကို သင် သိချင်မှာပါ။ အဲဒီကျမ်းချက်မှာ “မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို မီးဖြင့် ဖျက်ဆီးရာနေ့တိုင်အောင်” ဆက်လက်တည်ရှိစေတယ်လို့ ဖော်ပြထားတယ်။ အဲဒါက ကမ္ဘာမြေကြီး မီးလောင်ပြာကျသွားမှာကို ပြောနေတာလား။ မဟုတ်ပါဘူး၊ တကယ်တော့ ကျမ်းစာမှာ တစ်ခါတလေ “ကောင်းကင်၊” “မြေကြီး၊” “မီး” ဆိုတဲ့ အသုံးအနှုန်းတွေကို တင်စားချက်အနေနဲ့ အသုံးပြုတတ်ပါတယ်။ ဥပမာ၊ ကမ္ဘာဦး ၁၈:၂၅ မှာ “မြေကြီးလုံးကို စီရင်တော်မူသောသခင်သည် တရားသဖြင့် ပြုတော်မူမည်မဟုတ်လော” လို့ပြောတဲ့အခါ “မြေကြီး” က လူ့အဖွဲ့အစည်းကို ဆိုလိုနေတာဖြစ်ပါတယ်။
ဒါကြောင့် ၂ ပေတရု ၃:၇ ရဲ့အထက်အောက် ကျမ်းစကားကို ကြည့်မယ်ဆိုရင် ကောင်းကင်၊ မြေကြီး၊ မီးဆိုတာတွေက ပုံဆောင်ချက်တွေ ဖြစ်ပါတယ်။ အခန်းငယ် ၅ နဲ့ ၆ မှာ နောဧခေတ် ရေလွှမ်းမိုးဘေးနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ အဲဒီအချိန်တုန်းက ရှေးလောကဟာ ဖျက်ဆီးခံခဲ့ရပေမဲ့ ကမ္ဘာဂြိုဟ်ကတော့ ပျောက်ကွယ်မသွားပါဘူး။ ရေလွှမ်းမိုးဘေးမှာ ဖျက်ဆီးခံခဲ့ရတဲ့ “မြေကြီး” ဆိုတာက အဲဒီခေတ်မှာ အသက်ရှင်ခဲ့တဲ့ လူဆိုးအားလုံးကို ရည်ညွှန်းနေတာဖြစ်တယ်။ (ကမ္ဘာဦး ၆:၁၁) ဒါ့အပြင် ဖျက်ဆီးခံရတဲ့ “ကောင်းကင်” ဆိုတာက အဲဒီလူဆိုးတွေကို အုပ်ချုပ်တဲ့သူတွေကို ရည်ညွှန်းတာဖြစ်တယ်။ အဲဒီလိုပါပဲ၊ ကနေ့ခေတ် ဆိုးသွမ်းတဲ့ လူ့အဖွဲ့အစည်းနဲ့ အကျင့်ပျက် အုပ်ချုပ်သူတွေပါဝင်တဲ့ ဒီလောကစနစ်ကြီးကို မီးနဲ့ ဖျက်ဆီးပစ်တဲ့အလား ထာဝစဉ်ဖျက်ဆီးပစ်မယ့်အကြောင်း ၂ ပေတရု ၃:၇ (ခမ) မှာ ကြိုပြောထားပါတယ်။
ကမ္ဘာပျက်တဲ့အခါ ဒါမှမဟုတ် လောကစနစ်ကုန်ဆုံးတဲ့အခါ ဘာတွေများ ဖြစ်လာမလဲ။
ကျမ်းစာဖြေဆိုချက်– “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏။”—၁ ယောဟန် ၂:၁၇။
ကွယ်ပျောက်သွားမယ့် “လောက” ဆိုတာက ကမ္ဘာမြေကြီးကို ပြောနေတာမဟုတ်ဘဲ ဘုရားသခင့်အလိုတော်နဲ့အညီ မနေထိုင်တဲ့ လူသားအားလုံးကို ပြောနေတာဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက်က လူနာရဲ့အသက်ကိုကယ်ဖို့ ကင်ဆာအကျိတ်ကို ဖယ်ရှားပေးလိုက်သလိုမျိုး ဘုရားသခင်ကလည်း လူကောင်းတွေ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ဆာလံ ၃၇:၉) ဒါကြောင့် လောကစနစ်ကုန်ဆုံးခြင်းဆိုတာ ကောင်းတဲ့အရာပါပဲ။
လူဆိုးတွေကို ဖယ်ရှားပစ်မှာဖြစ်တယ်။ (လောကစနစ်ကုန်ဆုံးမယ့်နေ့နဲ့ပတ်သက်ပြီး အဲဒီလိုအပြုသဘောသက်ရောက်တဲ့ တခြားပြန်ဆိုချက်တွေကို ဘာသာပြန်ကျမ်းတွေမှာ တွေ့ရပါတယ်။ ဥပမာ၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ “ဤလောကစနစ် နိဂုံးပိုင်း” လို့ပြန်ဆိုထားတာ တွေ့နိုင်တယ်။ (မဿဲ ၂၄:၃) လူသားတွေရော ကမ္ဘာမြေကြီးပါ ဆက်လက်တည်ရှိမှာဆိုတော့ လောကစနစ်အသစ် ထပ်လာဦးမှာလား။ ထပ်လာဦးမယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “အနာဂတ်ကာလ၊” တစ်နည်းအားဖြင့် ရောက်လာတော့မယ့် လောကစနစ်အကြောင်း ကျမ်းစာမှာ ပြောထားလို့ပါပဲ။—လုကာ ၁၈:၃၀။
အဲဒီအနာဂတ်ကာလကို “အသစ်ပြုပြင်ရာကာလ” ဆိုပြီး ယေရှု ပြောခဲ့တယ်။ အဲဒီအချိန်ရောက်ရင် ယေရှုဟာ လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်မူလရည်ရွယ်ချက်အတိုင်း ပြန်ရောက်အောင် လုပ်ပေးမှာဖြစ်တယ်။ (မဿဲ ၁၉:၂၈) အဲဒီအခါ ကျွန်ုပ်တို့အားလုံး ခံစားရမယ့် ကောင်းချီးတွေကတော့၊
-
လုံခြုံမှုရှိပြီး သာယာဝပြောတဲ့ ပရဒိသုကမ္ဘာမြေပေါ်မှာ နေထိုင်ရခြင်း။—ဟေရှာယ ၃၅:၁; မိက္ခာ ၄:၄။
-
အဓိပ္ပာယ်ရှိပြီး ကျေနပ်ဖွယ်ကောင်းတဲ့ အလုပ်အကိုင်ရရှိခြင်း။—ဟေရှာယ ၆၅:၂၁-၂၃။
-
ရောဂါမှန်သမျှ ပျောက်ကင်းခြင်း။—ဟေရှာယ ၃၃:၂၄။
-
ပြန်လည်နုပျိုလာခြင်း။—ယောဘ ၃၃:၂၅။
-
သေလွန်သူတွေ ပြန်ရှင်လာခြင်း။—ယောဟန် ၅:၂၈၊ ၂၉။
“ဘုရားသခင်၏အလိုတော်” ဖြစ်တဲ့ ကိုယ်တော်တောင်းဆိုရာတွေကို ကျွန်ုပ်တို့ လုပ်ဆောင်မယ်ဆိုရင် လောကစနစ်ကုန်ဆုံးမယ့်နေ့ကို ကြောက်စရာမလိုပါဘူး။ အဲဒီအစား အဲဒီနေ့ရက်ကို မျှော်လင့်စောင့်စားနိုင်ကြတယ်။
လောကစနစ်ကုန်ဆုံးမယ့်နေ့ တကယ်ပဲ နီးလာပြီလား။
ကျမ်းစာဖြေဆိုချက်– “ထိုအခြင်းအရာများ ဖြစ်ပျက်သည်ကို သင်တို့မြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။” —လုကာ ၂၁:၃၁။
“ရုတ်ခြည်း ပရမ်းပတာဖြစ်သွားတဲ့ လူမှုရေးအခြေအနေတွေကြောင့် ကမ္ဘာပျက်တော့မယ်ဆိုပြီး ဟောကိန်းတွေ ထုတ်လာကြတယ်၊” အထူးသဖြင့် ပရမ်းပတာဖြစ်သွားတဲ့ အပြောင်းအလဲတွေအကြောင်း ရှင်းပြရခက်ပုံရတဲ့အခါမှာဖြစ်တယ်လို့ ပါမောက္ခ ရစ်ချတ် ကိုင်လီက စာအုပ်တစ်အုပ် (The Last Days Are Here Again) မှာ ရေးသားထားတယ်။
ဒါပေမဲ့ လောကစနစ်ကုန်ဆုံးမယ့်အကြောင်း ကျမ်းစာမှာ ကြိုဟောခဲ့တဲ့သူတွေကတော့ သူတို့ခေတ်မှာ ဖြစ်ပျက်နေတဲ့ မကောင်းမှုတွေကိုကြည့်ပြီး ဟောကိန်းထုတ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီအစား မကြာခင်ရောက်လာတော့မယ့် လောကစနစ်ကုန်ဆုံးခြင်းကို ဖော်ပြတဲ့ အခြေအနေတွေအကြောင်း ရေးသားဖို့ ဘုရားသခင့်သန့်ရှင်းသော စွမ်းအားတော်က သူတို့ကို လှုံ့ဆော်ပေးခဲ့တာဖြစ်တယ်။ ကြိုဟောချက်တချို့ကို သုံးသပ်ပြီး ကျွန်ုပ်တို့ခေတ်မှာ ကြိုဟောတဲ့အတိုင်း ဖြစ်ပျက်နေမနေကို သင်ကိုယ်တိုင် ဆုံးဖြတ်ပါ။
- စစ်၊ ငတ်မွတ်မှု၊ ငလျင်နဲ့ ကူးစက်နိုင်တဲ့ ရောဂါဆိုးများ။—
-
သိသိသာသာ တိုးများလာနေတဲ့ ရာဇဝတ်မှု။—မဿဲ ၂၄:၁၂။
-
လူသားတွေကြောင့် ပျက်စီးလာနေတဲ့ ကမ္ဘာမြေ။—ဗျာဒိတ် ၁၁:၁၈။
-
ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့သူ၊ ငွေတပ်မက်သူ၊ ဘုရားသခင်ကိုချစ်တာထက် အပျော်အပါးကို နှစ်သက်သူ။—၂ တိမောသေ ၃:၂၊ ၄။
-
မိသားစုပြိုကွဲမှု။—၂ တိမောသေ ၃:၂၊ ၃။
-
ကမ္ဘာပျက်တော့မယ်ဆိုတဲ့ အထောက်အထားတွေကို လူအများ လျစ်လျူရှုမှု။—မဿဲ ၂၄:၃၇-၃၉။
-
ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကမ္ဘာချီဟောပြောနေမှု။—မဿဲ ၂၄:၁၄။
ယေရှု ပြောခဲ့တဲ့အတိုင်း “ထိုအခြင်းအရာအလုံးစုံတို့ကို” တွေ့မြင်နေရပြီဆိုရင် လောကစနစ်ကုန်ဆုံးချိန် နီးပြီဆိုတာ သိမှတ်ကြပါစို့။ (မဿဲ ၂၄:၃၃) အထောက်အထားတွေက ယုံကြည်စိတ်ချရတယ်ဆိုပြီး ယေဟောဝါသက်သေတွေ ယူမှတ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ယုံကြည်ချက်အကြောင်းကို နိုင်ငံနဲ့နယ်မြေပေါင်း ၂၃၆ နေရာမှာ ဟောပြောနေကြပါတယ်။
လောကစနစ်ကုန်ဆုံးမယ့်နေ့နဲ့ ပတ်သက်တဲ့ တလွဲခန့်မှန်းချက် တွေက ဘယ်တော့မှ ဒီလောကစနစ်ကြီးကုန်ဆုံးမှာမဟုတ်ဘူးလို့ ဆိုလိုတာလား။
ကျမ်းစာဖြေဆိုချက်– “‘ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ ဟု လူတို့ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာ ရောက်သကဲ့သို့ မမျှော်လင့်သော ပျက်စီးခြင်းဘေးသည် သူတို့အပေါ်သို့ ရုတ်ခြည်း ကျရောက်လိမ့်မည်။ သူတို့သည် လွတ်မြောက်ခွင့် အလျှင်းမရှိကြရ။” —၁ သက်သာလောနိတ် ၅:၃။
သမ္မာကျမ်းစာမှာ လောကစနစ်ဖျက်ဆီးခံရခြင်းကို ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သားဖွားခါနီးအချိန်နဲ့ နှိုင်းယှဉ်ထားတယ်။ မိခင်တစ်ဦးဟာ သားဖွားခါနီးမှာ နာကျင်မှုကို ရုတ်တရက် ခံစားရမှာဖြစ်တယ်။ လောကစနစ်ကုန်ဆုံးဖို့ ဦးတည်တဲ့အချိန်က ကိုယ်ဝန်ဆောင်ချိန်နဲ့လည်း တူပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ ကလေးမွေးတော့မယ့် အရိပ်လက္ခဏာတွေကို သိရှိခံစားလာရပါတယ်။ သားဖွားဆရာဝန်က မွေးမယ့်ရက်ကို ခန့်မှန်းထားပေးမှာဖြစ်တယ်။ မွေးမယ့်ရက်က ကြန့်ကြာနေရင်တောင် မိခင်ဖြစ်သူဟာ မကြာခင် မွေးဖွားတော့မယ်ဆိုတာကို ယုံကြည်စိတ်ချမှာဖြစ်တယ်။ အဲဒီလိုပါပဲ၊ လူတွေ မျှော်လင့်ထားတဲ့နေ့မှာ လောကစနစ်မကုန်ဆုံးပေမဲ့လည်း အခုအချိန်က “နောက်ဆုံးသောနေ့ရက်များ” ဖြစ်တယ်ဆိုတဲ့ အမှန်တရားကိုတော့ ပြောင်းလဲလို့မရပါဘူး။—၂ တိမောသေ ၃:၁။
‘လောကစနစ်ကုန်ဆုံးခါနီးပြီဆိုတဲ့ အထောက်အထားတွေက ဒီလောက်တောင် သိသာထင်ရှားနေတာကို လူတွေ ဘာကြောင့် အသိအမှတ်မပြုကြတာလဲ’ ဆိုပြီး သင် မေးကောင်းမေးနိုင်တယ်။ လောကစနစ်ကုန်ဆုံးဖို့နီးလာတဲ့အခါ လူအများက အထောက်အထားတွေကို ပေါ့ပေါ့တန်တန် သဘောထားလိမ့်မယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့အခြေအနေတွေက ပိုပိုဆိုးလာနေပြီး နောက်ဆုံးသောနေ့ရက်အတွင်းမှာ အသက်ရှင်နေရတယ်ဆိုတာတွေကို သူတို့ မယုံတဲ့အပြင် ယုံကြည်တဲ့သူတွေကိုလည်း ဒီလိုကဲ့ရဲ့ပြောင်လှောင်၂ ပေတရု ၃:၃၊ ၄) ဒါကို တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် နောက်ဆုံးသောနေ့ရက်တွေရဲ့ နိမိတ်က သိသာထင်ရှားနေပေမဲ့ လူအများက လျစ်လျူရှုကြပါလိမ့်မယ်။—မဿဲ ၂၄:၃၈၊ ၃၉။
ကြမယ်– “ငါတို့၏ဘိုးဘေးများ သေခြင်း၌ အိပ်ပျော်သည့်နေ့မှစ၍ အရာခပ်သိမ်းသည် ဖန်ဆင်းစကကဲ့သို့ ဖြစ်မြဲဖြစ်နေ၏။” (ဒီဆောင်းပါးမှာ ဒီလောကစနစ်ကုန်ဆုံးဖို့နီးပြီဆိုတဲ့ ကျမ်းဆိုင်ရာအထောက်အထားတချို့ကိုပဲ သုံးသပ်ထားပါတယ်။ * ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေကို ဆက်သွယ်ပြီး သူတို့နဲ့ ကျမ်းစာလေ့လာကြည့်ပါ။ ဒီအတွက် အခကြေးငွေ ပေးစရာမလိုပါဘူး။ သင့်အိမ်မှာ၊ သင် အဆင်ပြေတဲ့နေရာ ဒါမှမဟုတ် တယ်လီဖုန်းနဲ့တောင် ကျမ်းစာလေ့လာလို့ရပါတယ်။ သင်သာ အချိန်ပေးမယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ တန်ဖိုးဖြတ်လို့ရမှာ မဟုတ်ပါဘူး။
^ စာပိုဒ်၊ 39 ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ “ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြပါသလော” ဆိုတဲ့ အခန်း ၉ ကို ဖတ်ကြည့်ပါ။