မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံသို့

စာရှုသူများထံသို့

သင် အခု ဖတ်ရှုနေတဲ့ မဂ္ဂဇင်းကို ၁၈၇၉ ခုနှစ် ဇူလိုင်လမှာ စတင်ထုတ်ဝေခဲ့တာဖြစ်တယ်။ ခေတ်တွေ ပြောင်းလဲလာခဲ့သလို ဒီမဂ္ဂဇင်းပုံစံလည်း ပြောင်းလဲလာခဲ့ပါတယ်။ (အထက်ပါ ဓာတ်ပုံတွေကို ရှု။) ဒီလထုတ်ကစပြီး ကင်းမျှော်စင်မဂ္ဂဇင်းရဲ့ပုံစံ ထပ်ဆင့်ပြောင်းလဲမှုတွေကို သင် သတိပြုမိမှာပါ။ ဘာတွေများ ပြောင်းလဲသွားပါသလဲ။

နိုင်ငံတော်တော်များများမှာ သတင်းအချက်အလက်တွေကို အွန်လိုင်းမှာ ရှာဖွေ ဖတ်ရှုချင်တဲ့သူတွေက များသည်ထက် များလာနေပါတယ်။ အင်တာနက်မှာပဲ ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေကို မောက်စ်တစ်ချက် နှိပ်လိုက်တာနဲ့ အလွယ်တကူ ဖတ်ရှုနိုင်ပါပြီ။ စာနယ်ဇင်းအတော်များများကိုလည်း အွန်လိုင်းမှာ ဖတ်ရှုလို့ရပါပြီ။

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းကြောင့် ကျွန်ုပ်တို့ရဲ့ www.pr418.com ဝက်ဘ်ဆိုက်ကို ပိုပြီးစိတ်ဝင်စားဖွယ်ဖြစ်အောင်၊ အသုံးပြုရလွယ်ကူအောင် မကြာသေးခင်ကပဲ ဝက်ဘ်ဆိုက်ပုံစံကို ပြန်ပြောင်းလိုက်ပါတယ်။ အဲဒီဝက်ဘ်ဆိုက်မှာ ဘာသာစကားပေါင်း ၄၃၀ ကျော်ရှိတဲ့ စာပေတွေကို ဖတ်ရှုနိုင်ပါပြီ။ ဒီလကစပြီး ဒီမဂ္ဂဇင်းမှာ ပါနေကျ ဆောင်းပါးတချို့ကို ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်မှာပဲ တွေ့ရတော့မှာဖြစ်တယ်။ *

ဆောင်းပါးအတော်များများကို အွန်လိုင်းမှာပဲ တင်ထားတော့မှာဖြစ်လို့ ဒီလထုတ်ကနေစပြီး လူထုကိုဝေငှတဲ့ ကင်းမျှော်စင်ကို ၃၂ မျက်နှာကနေ ၁၆ မျက်နှာအထိ လျှော့ချလိုက်ပါတယ်။ ဒီမဂ္ဂဇင်းကို ဘာသာစကားပေါင်း ၂၀၄ မျိုးနဲ့ ထုတ်ဝေထားပြီးဖြစ်တယ်။ စာမျက်နှာအရေအတွက် လျှော့လိုက်တဲ့အတွက် ဒီမဂ္ဂဇင်းကို နောက်ထပ်ဘာသာစကားတွေနဲ့ ပြန်ဆိုမယ့်အခြေအနေ ရှိလာနိုင်ပါတယ်။

ဒီလိုပြုပြင်ပြောင်းလဲမှုတွေက ကျမ်းစာမှာပါတဲ့ အသက်ကယ်သတင်းကို လူများနိုင်သမျှ များများထံ ရောက်ရှိစေနိုင်လိမ့်မယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။ သမ္မာကျမ်းစာကို လေးမြတ်ပြီး ကျမ်းစာအမှန်တကယ် သွန်သင်ထားရာကို သိချင်တဲ့ စာဖတ်သူများစွာ အကျိုးရရှိနိုင်အောင် အသိပညာကြွယ်ဝစေပြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချက်အလက်တွေကို ပုံနှိပ်စာပေမှာရော အွန်လိုင်းမှာပါ တင်ဆက်ပေးသွားမယ်လို့ ကျွန်ုပ်တို့ဆုံးဖြတ်ထားပါတယ်။

ထုတ်ဝေသူများ

^ စာပိုဒ်၊ 5 အွန်လိုင်းမှာပဲ တွေ့ရမယ့် ဆောင်းပါးတချို့ကတော့– လူငယ်တွေ ကျမ်းစာလေ့လာဖို့ အစီအစဉ်ဖြစ်တဲ့ “လူငယ်စာရှုသူများအတွက်၊” အသက်သုံးနှစ်နဲ့အောက်အရွယ်ရှိ ကလေးတွေကို သင်ပေးဖို့ မိဘတွေ အသုံးပြုနိုင်အောင် “ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ” ဖြစ်ပါတယ်။