မျက်နှာဖုံးဆောင်းပါး
မောရှေက ဘယ်သူလဲ
မောရှေဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ အောက်ဖော်ပြပါ အချက်တွေထဲက ဘယ်အချက်တွေကို သင် မှတ်မိပါသလဲ။
-
မိခင်ဖြစ်သူက တောင်းထဲမှာထည့်ပြီး နိုင်းလ်မြစ်မှာ ဝှက်ထားတဲ့ ကလေးလေးလား။
-
ဖာရောဘုရင့်သမီးတော်ရဲ့ မွေးစားခြင်းကိုခံရပြီး အီဂျစ်ပြည်မှာ ဇိမ်ကျကျနေထိုင်ရပေမဲ့ မိမိဟာ အစ္စရေးလူမျိုးဖြစ်တယ်ဆိုတာ ဘယ်တော့မှ မမေ့တဲ့ လူငယ်လေးလား။
-
မိဒျန်အရပ်မှာ အနှစ် ၄၀ ကြာ သိုးထိန်းဘဝနဲ့ နေထိုင်ခဲ့တဲ့သူလား။
-
မီးလောင်နေတဲ့ ချုံပုတ်ရှေ့မှာ ယေဟောဝါဘုရားသခင် *နဲ့ စကားပြောခဲ့တဲ့သူလား။
-
အစ္စရေးလူတွေကို ကျွန်ဘဝကနေ လွတ်ပေးဖို့ အီဂျစ်ဘုရင်ကို ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့တဲ့သူလား။
-
စစ်မှန်တဲ့ဘုရားသခင်ကို ဖာရောဘုရင် ငြင်းပယ်တဲ့အတွက် ဘုရားသခင့်လမ်းညွှန်ချက်နဲ့အညီ ကပ်ကြီးဆယ်ပါးကို ကြေညာခဲ့တဲ့သူလား။
-
အစ္စရေးလူတွေ အီဂျစ်ပြည်ကနေ ထွက်လာချိန်မှာ ဦးဆောင်ခဲ့တဲ့သူလား။
-
ပင်လယ်နီကို နှစ်ခြမ်းခွဲဖို့ အသုံးတော်ခံခဲ့ရသူလား။
-
အစ္စရေးလူတွေကို ဘုရားသခင့်ပညတ်တော်ဆယ်ပါး ပေးခဲ့တဲ့သူလား။
မောရှေဟာ ဖော်ပြခဲ့တဲ့အရာ အားလုံးအပြင် တခြားအရာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ သစ္စာရှိတဲ့ ဒီပုဂ္ဂိုလ်ကို ခရစ်ယာန်တွေ၊ ဂျူးတွေနဲ့ အစ္စလမ်ဘာသာဝင်တွေအားလုံး အင်မတန် လေးစားဂုဏ်တင်ကြတာ အံ့ဩစရာမဟုတ်ပါဘူး။
မောရှေဟာ “ကြောက်မက်ဖွယ်သော အမှုအရာ” တွေကို ပြသခဲ့တဲ့ ပရောဖက် (ကြိုဟောသူ) တစ်ဦးဆိုတာ ထင်ရှားပါတယ်။ (တရားဟောရာ ၃၄:၁၀-၁၂) ဘုရားသခင့်တန်ခိုးတော်ပြဖို့ မောရှေ အသုံးတော်ခံခဲ့တယ်။ ဒါပေမဲ့ မောရှေဟာ သာမန်လူသားတစ်ယောက်ပါ။ တခြားပရောဖက်တွေလို သူလည်းပဲ “ခံစားချက်ရှိ” တဲ့သူ ဖြစ်တယ်။ (ယာကုပ် ၅:၁၇) ကျွန်ုပ်တို့ တွေ့ကြုံရတဲ့ ပြဿနာအတော်များများကို သူလည်း တွေ့ကြုံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီပြဿနာတွေကို သူအောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့တယ်။
မောရှေ ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့သလဲဆိုတာ သင် သိချင်ပါသလား။ သူပြသခဲ့တဲ့ အရည်အသွေးကောင်း သုံးခုနဲ့ သူ့ရဲ့စံနမူနာကနေ ကျွန်ုပ်တို့ သင်ယူနိုင်တဲ့အရာတွေကို သုံးသပ်ကြည့်ရအောင်။
^ စာပိုဒ်၊ 7 သမ္မာကျမ်းစာအရ၊ ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်ပါတယ်။—ယေရမိ ၃၃:၂ ကိုရှု။