ကင်းမျှော်စင် ဇန်နဝါရီ ၂၀၁၄ | သေခြင်းက ဘဝရဲ့ ထာဝရနိဂုံးလား
လူများစွာက သေခြင်းကို နိမိတ်မကောင်းတဲ့အရာအဖြစ် ယူမှတ်ကြတယ်။ သေမှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားတတ်ကြတယ်။ သေခြင်းတရားကို အောင်နိုင်မလား။
မျက်နှာဖုံးအကြောင်းအရာ
သေခြင်းတရားကြောင့် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှု
တစ်ချိန်ချိန်မှာတော့ ချစ်ရတဲ့သူ သေဆုံးသွားတာကို ကြုံတွေ့ရမှာဖြစ်သလို ကိုယ်တိုင်လည်း သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ သေခြင်းတရားကြောင့် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုတွေကြောင့် လူတွေက သေခြင်းနဲ့ပတ်သက်ပြီး အဖြေရှာလာကြတယ်။
မျက်နှာဖုံးအကြောင်းအရာ
သေခြင်းတရားကို အောင်နိုင်ဖို့ လူတွေ ကြိုးစားကြ
သမိုင်းတစ်လျှောက်မှာ လူသားတွေဟာ သေခြင်းတရားကို အောင်နိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြတယ်။ သေခြင်းတရားကို အောင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
မျက်နှာဖုံးအကြောင်းအရာ
သေခြင်းဆိုတာ ဘဝရဲ့ ထာဝရနိဂုံးမဟုတ်
သေခြင်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာနဲ့ ယေရှု ဘာကြောင့် ခိုင်းနှိုင်းခဲ့တာလဲ။ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ အသက်ပြန်ရှင်လာသူတွေရဲ့ မှတ်တမ်းကနေ ဘာသိရှိရသလဲ
အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း
ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ
ဘုရားသခင်က မကောင်းမှုတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိရဲ့သားနဲ့ ဘာကြောင့် ခွင့်ပြုထားသလဲဆိုတာကို သမ္မာကျမ်းစာရဲ့ ပထမဦးဆုံးကျမ်းမှာ ဖော်ပြထားပါတယ်။
သင် သိပါသလား
ယေရှုခေတ်မှာ ဗိမာန်တော်အလှူငွေ ဘယ်လိုရခဲ့သလဲ။ ကျမ်းရေးသူလုကာဟာ တိကျမှန်ကန်တဲ့ သမိုင်းပညာရှင်လား။
ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
“ကျွန်မကို ယေဟောဝါဘုရား ပစ်မထားဘူး”
ဘာသာတရားအလွန်ကိုင်းရှိုင်းတဲ့ ဒီအမျိုးသမီးက လူတွေ ဘာကြောင့်သေရတာလဲ၊ သေပြီးနောက် ဘာဖြစ်သွားသလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာကနေ သိရှိခဲ့တယ်။ ကျမ်းစာအမှန်တရားက သူ့ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့သလဲဆိုတာ လေ့လာကြည့်ပါ။
သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်
သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာမယ်ဆိုတာကို ယေရှုရဲ့ တပည့်တော်တွေ အခိုင်အမာယုံကြည်ခဲ့တယ်။ ဘာကြောင့်လဲ။
ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
ဘုရားသခင်အကြောင်း သင် ဘာသိထားသလဲ။ ကိုယ်တော့်အကြောင်း ဘယ်လို ပိုသိနိုင်မလဲ။
နောက်ထပ် အွန်လိုင်းအင်္ဂါရပ်များ
ငါ့ဘဝနဲ့ပတ်သက်ပြီး ဘုရားသခင့်အလိုတော်က ဘာလဲ
ဘုရားသခင့်အလိုတော်ကို သိနိုင်ဖို့ အထူးနိမိတ်တွေ လိုအပ်ပါသလား။ သမ္မာကျမ်းစာအဖြေကို ရှာကြည့်ပါ။