အသက်မုန့်ကို သင် မြည်းကြည့်ဖူးသလား
ရှေးဟောင်းမြို့ဖြစ်တဲ့ ဘက်သလီဟင်ရဲ့ သမိုင်းဝင်နေရာကို ရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဗိုက်ဆာနေကြပြီ။ ရိုးရာအစာတစ်မျိုးမျိုးကို သူတို့ စားကြည့်ချင်နေတယ်။ ဒါနဲ့ ဖလာဖယ်ရတဲ့ဆိုင်ထဲ သူတို့ ဝင်သွားပါတယ်။ ဖလာဖယ်ဆိုတာက ကုလားပဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီရောချက်ထားတဲ့ဟင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို ပီတာမုန့်နဲ့တွဲစားရတဲ့ အစားအစာဖြစ်တယ်။ စားကောင်းတဲ့ အဲဒီအစားအစာကြောင့် ရှေ့ဆက်လည်ပတ်ဖို့ သူတို့ အားရှိလာကြပြီ။
ပီတာမုန့်ဟာ အဲဒီနေ့မှာ တွေ့ခဲ့ရတဲ့အရာတွေထဲက ရှေးအကျဆုံးအရာ ဖြစ်တယ်ဆိုတာ အဲဒီဧည့်သည်တွေ မသိလိုက်ကြဘူး။ ဒီမုန့်ကို ဘက်သလီဟင်မြို့မှာ စားသုံးလာကြတာ နှစ်ထောင်နဲ့ချီ ရှိနေပါပြီ။ (ရုသ ၁:၂၂; ၂:၁၄) အခုချိန်ထိ ပီတာမုန့်ကို ဘက်သလီဟင်မြို့မှာ စားနေကြတုန်းပဲ။
လွန်ခဲ့တဲ့နှစ်ပေါင်း လေးထောင်နီးပါးက ဘက်သလီဟင်မြို့ရဲ့ တောင်ဘက်၊ သိပ်မဝေးတဲ့တစ်နေရာမှာ အာဗြဟံရဲ့ဇနီး စာရာဟာ မမျှော်လင့်ဘဲရောက်လာတဲ့ ဧည့်သည်သုံးယောက်ကို “မုန့်” လုပ်ကျွေးခဲ့တယ်။ (ကမ္ဘာဦး ၁၈:၆) စာရာက ဂျုံစပါး ဒါမှမဟုတ် မုယောစပါးကို ကြိတ်ပြီးရလာတဲ့အမှုန့်နဲ့ မုန့်လုပ်ခဲ့တာဖြစ်ရမယ်။ အဲဒီအမှုန့်တွေကို မြန်မြန်နယ်ပြီး အပူပေးထားတဲ့ကျောက်တုံးပေါ်မှာ မုန့်ဖုတ်ခဲ့တာ ဖြစ်နိုင်တယ်။—၃ ဓမ္မရာဇဝင် ၁၉:၆။
ဒီမှတ်တမ်းမှာ ဖော်ပြထားသလို အာဗြဟံရဲ့ မိသားစုဟာ သူတို့စားမယ့်မုန့်တွေကို သူတို့ကိုယ်တိုင် ဖုတ်ခဲ့ကြတယ်။ တစ်နေရာထဲမှာ အတည်တကျမနေကြတဲ့အတွက် စာရာနဲ့ သူ့ရဲ့ကျွန်တွေဟာ ဇာတိမြို့ဖြစ်တဲ့ ဥရမြို့မှာ သုံးနေကျမီးဖိုမျိုးနဲ့တော့ မုန့်ဖုတ်လို့ရမှာ မဟုတ်ဘူး။ စာရာဟာ ဒေသထွက် ဂျုံ၊ မုယောစတဲ့ စပါးတွေကို မုန့်လုပ်ဖို့ အမှုန့်ကြိတ်ခဲ့ရမှာဖြစ်တယ်။ သယ်ယူရလွယ်တဲ့ ကျည်ပွေ့နဲ့ထောင်းဆုံ၊ ကြိတ်ဆုံတို့ကိုသုံးပြီး မုန့်လုပ်ဖို့ အမှုန့်ကြိတ်ရတာဟာ အချိန်ကုန် လူပန်းတဲ့အလုပ်ဖြစ်မှာပဲ။
နောက် ၄ ရာစုအကြာမှာ ကြိတ်ဆုံကို အပေါင်ပစ္စည်းအနေနဲ့ မယူဖို့ မောရှေပညတ်က ဖော်ပြတယ်။ ကြိတ်ဆုံဟာ လူတစ်ယောက်ရဲ့ “အသက်” ဖြစ်လို့ပါ။ (တရားဟောရာ ၂၄:၆) ကြိတ်ဆုံမရှိရင် မိသားစု နေ့စဉ်စားဖို့ မုန့်မလုပ်နိုင်တော့တဲ့အတွက် ကြိတ်ဆုံကို အသက်ဆက်ရှင်ဖို့ အရေးကြီးတဲ့ပစ္စည်းအနေနဲ့ ဘုရားသခင် ရှုမြင်ခဲ့တယ်။—“ ကျမ်းစာခေတ်မှာ နေ့တိုင်း မုန့်ကြိတ်၊ မုန့်ဖုတ်ကြ” လေးထောင့်ကွက်ကို ကြည့်ပါ။
လူ့စိတ်နှလုံးကို အားဖြည့်ပေးတဲ့မုန့်
သမ္မာကျမ်းစာမှာ မုန့်အကြောင်း အကြိမ်ပေါင်းရာနဲ့ချီ ဖော်ပြထားပြီး နေ့စဉ်စားတဲ့ အစာအဖြစ်တောင် တင်စားလေ့ရှိတယ်။ “ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ” ဆိုပြီး ဘုရားသခင်ကို ဝတ်ပြုသူတွေ ယုံကြည်စိတ်ချစွာ ဆုတောင်းနိုင်တယ်လို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၆:၁၁) အစာလို့ ပြန်ဆိုထားတဲ့ မူရင်းဂရိစကားလုံးက မုန့်ကို ဆိုလိုပေမဲ့ ယေဘုယျအားဖြင့် နေ့စဉ်စားနေကျ အစာကို ဆိုလိုနေတာဖြစ်တယ်။ နေ့စဉ်အစာရရှိဖို့ ဘုရားသခင်ကို အားကိုးနိုင်တယ်ဆိုတာ ယေရှုဖော်ပြနေတာဖြစ်တယ်။—ဆာလံ ၃၇:၂၅။
ဒါပေမဲ့ နေ့စဉ်အစာထက် ပိုအရေးကြီးတဲ့ အစားအစာ ရှိပါသေးတယ်။ “လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရား မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်” လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၄:၄) အီဂျစ်ပြည်ကနေ အစ္စရေးလူတွေ ထွက်လာပြီး မကြာခင် ဘုရားသခင် ကျွေးမွေးတဲ့အစာကိုပဲ သူတို့ လုံးလုံးလျားလျား မှီခိုခဲ့ရတဲ့အချိန်ကို ယေရှု ရည်ညွှန်းနေတာဖြစ်တယ်။ သိနာတောကန္တာရထဲ ရောက်ရှိလာပြီး တစ်လလောက်အကြာမှာ ရေနဲ့အစားအစာတွေ လျော့နည်းလာတယ်ဆိုတာ အစ္စရေးလူတွေ သတိထားမိလာတယ်။ တောကန္တာရမှာ အစာငတ်သေမှာကို စိုးရိမ်လာပြီး အီဂျစ်ပြည်မှာတုန်းက မုန့်တွေကို အဝစားခဲ့ရတယ်လို့ သူတို့ ညည်းညူမြည်တမ်းခဲ့ကြတယ်။—ထွက်မြောက်ရာ ၁၆:၁-၃။
အီဂျစ်ပြည်မှာ အစ္စရေးလူတွေစားခဲ့တဲ့ မုန့်တွေက တော်တော်အရသာရှိမှာပဲ။ မောရှေအချိန်တုန်းက အီဂျစ်ပြည်မှာ ကျွမ်းကျင်တဲ့မုန့်ဖုတ်သမားတွေရှိပြီး ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးကို ဖုတ်ခဲ့ကြတယ်။ တောထဲမှာလည်း သူတို့ကို ယေဟောဝါဘုရား ဘာမုန့်မှမကျွေးဘဲ မနေပါဘူး။ “ငါသည် သင်တို့အဖို့ မိုးကောင်းကင်က မုန့်မိုးကို * လို့ခေါ်တဲ့ အဲဒီမုန့်ကို နောက်နှစ်ပေါင်း ၄၀ အထိ သူတို့စားသုံးခဲ့ကြတယ်။—ထွက်မြောက်ရာ ၁၆:၄၊ ၁၃-၁၅၊ ၃၁။
ရွာစေမည်” လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ မနက်အစောကြီးမှာ “နှင်းခဲကဲ့သို့ သေးသေးလုံးလုံး” ပုံစံရှိတဲ့မုန့်တွေ ကောင်းကင်က ကျလာတယ်။ ဒါကို အစ္စရေးလူတွေမြင်တဲ့အခါ ‘ဘာတွေလဲ’ ဆိုပြီး အချင်းချင်းမေးကြတယ်။ “ဤအရာသည် သင်တို့စားစရာဖို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်” ဖြစ်တယ်လို့ မောရှေ ရှင်းပြတယ်။ မန္နအစပိုင်းမှာတော့ ထူးခြားတဲ့ဒီမန္နမုန့်ကို အစ္စရေးလူတွေ နှစ်သက်ခဲ့ကြတယ်။ “ပျားရည်နှင့်ရောသော မုန့်ကြွပ်နှင့်အရသာတူ” တဲ့ အဲဒီမုန့်ကို လူတိုင်းအလုံအလောက် ရရှိခဲ့တယ်။ (ထွက်မြောက်ရာ ၁၆:၁၈) ဒါပေမဲ့ အချိန်တွေကြာလာတော့ အီဂျစ်ပြည်မှာ သူတို့စားခဲ့ရတဲ့ စားစရာအမျိုးမျိုးကို ပြန်တမ်းတလာပြီး “ဤမန္နမှတစ်ပါး တစ်စုံတစ်ခုကိုမျှ မမြင်ရ” ဘူးလို့ ညည်းညူခဲ့ကြတယ်။ (တောလည်ရာ ၁၁:၆) နောက်ပိုင်း သူတို့ ဒေါသထွက်လာပြီး “ဤပေါ့ပျက်သော စားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏” လို့ ပြောလာတယ်။ (တောလည်ရာ ၂၁:၅) နောက်ဆုံးတော့ ‘ကောင်းကင်ကမုန့်’ ဟာ သူတို့အတွက် ပေါ့ပျက်တဲ့အရာ၊ ရွံစရာဖြစ်လာတယ်။—ဆာလံ ၁၀၅:၄၀။
အသက်မုန့်
မုန့်ကိုလည်း တခြားအရာတွေလိုပဲ တန်ဖိုးမထားတာမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တန်ဖိုးမထားဘဲမနေသင့်တဲ့ အထူးမုန့်အကြောင်းကို ကျမ်းစာမှာ ဖော်ပြထားသေးတယ်။ အဲဒီအထူးမုန့်က ထာဝရအသက်ကို ရရှိစေနိုင်တယ်။ အဲဒီမုန့်ကို အစ္စရေးလူတွေ ခါးခါးသီးသီး ငြင်းပယ်ခဲ့တဲ့ မန္နမုန့်နဲ့ ယေရှုတင်စားဖော်ပြခဲ့တယ်။
“ငါသည် အသက်မုန့်ဖြစ်၏။ သင်တို့၏ဘိုးဘေးများသည် တော၌ မန္နမုန့်ကိုစားကြသော်လည်း သေရကြ၏။ ဤမုန့်ကား ကောင်းကင်မှဆင်းသက်၍ စားသောသူ မည်သူ့ကိုမဆို သေခြင်းနှင့် ကင်းလွတ်စေသောမုန့်ဖြစ်၏။ ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ထာဝစဉ် အသက်ရှင်လိမ့်မည်။ လောကသားတို့ အသက်ရှင်ရန် ငါပေးမည့်မုန့်ကား ငါ့အသားဖြစ်၏” လို့ ယေရှု ပြောခဲ့တယ်။—ယောဟန် ၆:၄၈-၅၁။
ယေရှုစကားကို ကြားခဲ့သူအတော်များများဟာ “မုန့်” နဲ့ “အသား” ဆိုတဲ့ တင်စားချက်တွေကို သဘောမပေါက်ခဲ့ကြဘူး။ ဒါပေမဲ့ ယေရှုရဲ့ ဥပမာက တကယ့်ကို သင့်တော်ပါတယ်။ အစ္စရေးလူတွေဟာ နေ့စဉ်အသက်ရှင်ဖို့ မုန့်စားရတယ်။ တောကန္တာရမှာလည်း မန္နမုန့်ကြောင့် သူတို့ နှစ်ပေါင်း ၄၀ အထိ အသက်ရှင်နိုင်ခဲ့တယ်။ မန္နမုန့်ဟာ ဘုရားပေးတဲ့မုန့်ဖြစ်ပေမဲ့ ထာဝရအသက်ကို မရနိုင်ဘူး။ ဒါပေမဲ့ ယေရှုရဲ့ ပူဇော်သကာက ကိုယ်တော့်ကို ယုံကြည်ကြောင်းတင်ပြသူတွေကို ထာဝရအသက်ရစေနိုင်တယ်။ ကိုယ်တော်ဟာ အမှန်တကယ်ပဲ “အသက်မုန့်” ဖြစ်တယ်။
တစ်ခါတလေ သင်ဗိုက်ဆာတဲ့အခါ မုန့်တစ်ခုခု ယူစားမှာပဲ။ “အသက်မွေးလောက်သောအစာ” အတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်ပါလိမ့်မယ်။ (မဿဲ ၆:၁၁) စားကောင်းတဲ့အစာတွေကို လေးမြတ်တန်ဖိုးထားသလို “အသက်မုန့်” ဖြစ်တဲ့ ယေရှုခရစ်ကိုလည်း ဘယ်တော့မှ မမေ့ဘဲ တန်ဖိုးထားသင့်တယ်။
ကျွန်ုပ်တို့ဟာ မောရှေခေတ်က အစ္စရေးလူတွေနဲ့ မတူဘဲ တန်ဖိုးမဖြတ်နိုင်တဲ့မုန့်ကို လေးမြတ်ကြောင်း ဘယ်လိုဖော်ပြနိုင်ပါသလဲ။ “သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်များကို စောင့်ရှောက်ကြလိမ့်မည်” လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၄:၁၅) ယေရှုရဲ့ မိန့်မှာချက်တွေကို လိုက်လျှောက်မယ်ဆိုရင် ကျွန်ုပ်တို့ ကြိုက်တဲ့မုန့်ကို ပျော်ရွှင်စွာ စားသုံးပြီး ထာဝစဉ်အသက်ရှင်ခွင့် ရရှိကြမှာဖြစ်တယ်။—တရားဟောရာ ၁၂:၇။
^ စာပိုဒ်၊ 10 “မန္န” ဆိုတာက “ဘာတွေလဲ” လို့ အဓိပ္ပာယ်ရှိတဲ့ ဟေဗြဲစကားလုံးကနေ ဆင်းသက်လာပုံရတယ်။