ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
တစ်ကမ္ဘာလုံးကို အုပ်ချုပ်မယ့် အစိုးရတစ်ခု ရှိနိုင်မလား
တစ်ကမ္ဘာလုံးကို အစိုးရတစ်ခုတည်း အုပ်ချုပ်ရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ စိတ်ကူးကြည့်ပါ။ ဒီနေ့ခေတ်မှာ တချို့က အရမ်းချမ်းသာပေမဲ့ တချို့ကျတော့ ဆင်းရဲလွန်းလို့ ဒုက္ခရောက်နေကြတယ်။ တစ်ကမ္ဘာလုံးကို နားလည်မှုရှိရှိ အုပ်ချုပ်မယ့်အစိုးရက လူတွေရဲ့ လိုအပ်ရာမှန်သမျှကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ အဲဒီလိုအုပ်ချုပ်မှုမျိုးကို လူတွေ တည်ထောင်နိုင်မယ်လို့ ထင်ပါသလား။—ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။
သမိုင်းတစ်လျှောက်မှာ အစိုးရတွေက ပြည်သူတွေရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါ့အပြင် တချို့အစိုးရတွေက ရက်စက်ကြတယ်။ (ဒေသနာ ၄:၁; ၈:၉) တန်ခိုးအကြီးဆုံးအရှင် ဘုရားသခင်က အစိုးရအားလုံးရဲ့နေရာမှာ ပြည်သူတွေရဲ့အကျိုးကို သယ်ပိုးပေးမယ့် ဘုရားနိုင်ငံတော်နဲ့ အစားထိုးပေးမယ်လို့ ကတိပြုထားပါတယ်။—ဟေရှာယ ၁၁:၄; ဒံယေလ ၂:၄၄၊ ၄၅ တို့ကိုဖတ်ပါ။
ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ဆောင်ပေးမှာလဲ
ယေဟောဝါဘုရားက သားတော်ယေရှုကို အကောင်းဆုံးကမ္ဘာ့အုပ်စိုးရှင်အဖြစ် ခန့်အပ်ထားပါပြီ။ (လုကာ ၁:၃၁-၃၃) ယေရှုဟာ ကမ္ဘာပေါ်မှာ လူအဖြစ်ရှိခဲ့တုန်းက လူတွေကို ကူညီပေးတယ်။ ကောင်းကင်မှာ ဘုရင်ဖြစ်နေတဲ့ယေရှုက လူမျိုးအားလုံးကို စည်းလုံးစေမယ်၊ ဆင်းရဲဒုက္ခရှိသမျှကို ပပျောက်စေမယ်။—ဆာလံ ၇၂:၈၊ ၁၂–၁၄ ကိုဖတ်ပါ။
ယေရှုကို ကမ္ဘာ့အုပ်စိုးရှင်အဖြစ် လူတိုင်း လက်ခံမှာလား။ လက်ခံမှာ မဟုတ်ဘူး။ ဘုရင်ယေရှုကို လူတွေ လက်ခံလာဖို့ စိတ်ရှည်ရှည်ထားပြီး ယေဟောဝါဘုရား စောင့်ပေးနေပါတယ်။ (၂ ပေတရု ၃:၉) မကြာခင်၊ ယေရှုက မကောင်းတဲ့သူတွေကို ဖယ်ရှားပြီး တစ်ကမ္ဘာလုံးကို ငြိမ်းချမ်းလုံခြုံအောင် လုပ်ဆောင်ပေးပါတော့မယ်။—မိက္ခာ ၄:၃၊ ၄ ကိုဖတ်ပါ။