မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ

ကျွန်ုပ်တို့ ဘာကြောင့် ဟောပြောကြတာလဲ

ကျွန်ုပ်တို့ ဘာကြောင့် ဟောပြောကြတာလဲ

တစ်အိမ်မှတစ်အိမ်၊ လူအများရှေ့၊ ဘယ်နေရာမှာမဆို ကျွန်ုပ်တို့ဟောပြောနေတဲ့အတွက် ကျွန်ုပ်တို့က ဘယ်သူတွေလဲဆိုတာကို လူသိများလာကြပြီ။ ဘာကြောင့် ကျွန်ုပ်တို့ ဟောပြောနေကြတာလဲ။

ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းဖို့၊ ကိုယ်တော်ရဲ့နာမည်ကို လူတွေသိလာဖို့ ယေဟောဝါသက်သေတွေ ဟောပြောနေကြတာဖြစ်တယ်။ (ဟေဗြဲ ၁၃:၁၅) ဒါ့အပြင် ‘သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက် သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့’ ဆိုတဲ့ ယေရှုခရစ်ရဲ့မိန့်မှာချက်ကိုနာခံပြီး လုပ်ဆောင်ချင်လို့ပါ။—မဿဲ ၂၈:၁၉၊ ၂၀

လူသားချင်းကိုလည်း ကျွန်ုပ်တို့ ချစ်လို့ဟောပြောနေတာပါ။ (မဿဲ ၂၂:၃၉) လူအများစုမှာ သူတို့ရဲ့ကိုယ်ပိုင်ဘာသာရေး ခံယူချက်တွေရှိတဲ့အတွက် ကျွန်ုပ်တို့ရဲ့သတင်းတရားကို လူတိုင်း စိတ်ဝင်စားမှာမဟုတ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တွေက လူတွေရဲ့အသက်ကို ကယ်တင်နိုင်တယ်ဆိုတာ ကျွန်ုပ်တို့ ယူမှတ်ထားပါတယ်။ ဒါကြောင့် ပထမရာစုခရစ်ယာန်တွေ လုပ်ခဲ့တဲ့အတိုင်း ကျွန်ုပ်တို့လည်း “သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြော” နေကြပါတယ်။—တမန်တော် ၅:၄၁၊ ၄၂

လူမှုရေးသိပ္ပံပညာရှင် အန်တွန်ယို ကိုဗာ မာဒူယိုက ဒီလိုရေးသားခဲ့တယ်– “မြေကြီးစွန်းတိုင်အောင် သတင်းကောင်းရောက်ရှိဖို့ . . . ယေဟောဝါ သက်သေတွေက မမောနိုင်၊ မပန်းနိုင် အပင်ပန်းခံဒုက္ခခံပြီး ဟောပြောနေကြတယ်။” —အဲလ် ယူနီဗာဆဲလ်သတင်းစာ၊ ဗင်နီဇွဲလားနိုင်ငံ

ကျွန်ုပ်တို့ရဲ့စာပေတွေကို ဖတ်နေတဲ့သူအများစုက ယေဟောဝါသက်သေတွေ မဟုတ်ကြပါဘူး။ ကျွန်ုပ်တို့နဲ့အတူ ကျမ်းစာလေ့လာနေတဲ့ သန်းနဲ့ချီတဲ့သူတွေမှာလည်း ကိုယ်ပိုင်ဘာသာတရား ရှိကြပါတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေ သူတို့ဆီလာလည်ပတ်တာကို ကျေးဇူးတင်ကြတယ်။

သင့်ဆီမှာလည်း ယေဟောဝါသက်သေတွေနဲ့ပတ်သက်တဲ့ တခြားမေးခွန်းတွေ ရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် အဖြေရအောင်

  • ယေဟောဝါသက်သေတွေကို မေးပါ။

  • www.pr418.com/mya ဝက်ဘ်ဆိုက်ကိုဝင်ကြည့်ပါ။

  • လူတိုင်းအခမဲ့တက်ရောက်နိုင်တဲ့ ကျွန်ုပ်တို့ရဲ့ဝတ်ပြုစည်းဝေးတွေကို လာတက်ပါ။