မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘုရားသခင်နဲ့ ပတ်သက်တဲ့အမှန်တရားကို သိနိုင်မလား

ဘုရားက မိမိနဲ့ပတ်သက်တဲ့အမှန်တရားကို ဘာကြောင့် သိစေချင်တာလဲ ယောဟန် ၁၇:၃ ကိုဖတ်ပါ

ဘုရားသခင်က လူသားတွေနဲ့ ဆက်သွယ်ခဲ့တယ်။ သန့်ရှင်းသောစွမ်းအားတော်ကို ဘုရားသခင်သုံးပြီး ကျမ်းရေးသူတွေရဲ့စိတ်ထဲ ကိုယ်တော့်အတွေးအခေါ်တွေ ထည့်သွင်းပေးခဲ့တယ်။ (၂ ပေတရု ၁:၂၀၊ ၂၁) ဒါကြောင့် ကျမ်းစာကိုဖတ်ရင် ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားကို သိနိုင်ပါတယ်။—ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆ တို့ကိုဖတ်ပါ။

ကျမ်းစာထဲမှာ ဘုရားသခင်က မိမိအကြောင်း အများကြီးဖော်ပြထားတယ်။ လူသားတွေကို ဖန်ဆင်းရတဲ့အကြောင်းရင်း၊ လူသားထုအတွက် လုပ်ဆောင်ပေးမယ့်အရာနဲ့ အသက်ရှင်နေထိုင်ပုံ လမ်းညွှန်ချက်တွေကို ဖော်ပြထားတယ်။ (တမန်တော် ၁၇:၂၄-၂၇) ယေဟောဝါဘုရားက မိမိနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း လူတွေကို သိစေချင်တယ်။၁ တိမောသေ ၂:၃၊ ၄ ကိုဖတ်ပါ။

အမှန်တရားမြတ်နိုးသူတွေကို ဘုရားသခင် ဘာကြောင့် နှစ်သက်ရတာလဲ

ယေဟောဝါက အမှန်တရားရဲ့ဘုရားသခင် ဖြစ်တယ်။ လူတွေကို အမှန်တရားသွန်သင်ပေးဖို့ သားတော် ယေရှုကို စေလွှတ်ခဲ့တယ်။ ဒါကြောင့် အမှန်တရားမြတ်နိုးသူတွေဟာ ယေရှုစကားကို နှစ်သက်ကြတယ်။ (ယောဟန် ၁၈:၃၇) ဘုရားသခင်က အဲဒီလိုလူတွေ မိမိကိုကိုးကွယ်တာ လိုချင်ပါတယ်။ယောဟန် ၄:၂၃၊ ၂၄ ကိုဖတ်ပါ။

စာတန်မာရ်နတ်က လူတွေ ဘုရားသခင်အကြောင်းမသိအောင် ကိုယ်တော်နဲ့ပတ်သက်တဲ့ သွန်သင်ချက်အမှားတွေဖြန့်ပြီး လှည့်စားတယ်။ (၂ ကောရိန္သု ၄:၃၊ ၄) ကောင်းမြတ်မှန်ကန်ရာကို မကြိုက်တဲ့သူတွေက အဲဒီလိုသွန်သင်ချက်အမှားတွေကို နှစ်သက်ကြတယ်။ (ရောမ ၁:၂၅) စိတ်ရင်းမှန်သူ သန်းပေါင်းများစွာကတော့ ကျမ်းစာလေ့လာပြီး ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားကို သိလာကြတယ်။တမန်တော် ၁၇:၁၁ ကိုဖတ်ပါ။