ကမ္ဘာဦး ၄၉:၁-၃၃

  • ယာကုပ် မသေဆုံးခင် ကြိုဟောခဲ့ (၁-၂၈)

    • ယုဒဆီကနေ ရှိလော ပေါ်ထွက်လာ (၁၀)

  • ဈာပနအတွက် ယာကုပ်မှာကြား (၂၉-၃၂)

  • ယာကုပ် သေဆုံး (၃၃)

၄၉  ယာကုပ်က သားတွေကို ခေါ်ပြီးပြောတယ်– “မင်းတို့အားလုံး လူစုကြ။ အဆုံးပိုင်းကာလမှာ မင်းတို့ဘာဖြစ်မယ်ဆိုတာ အဖေပြောပြမယ်။ ၂  ယာကုပ်ရဲ့သားတို့၊ အနားလာပြီး အဖေအစ္စရေး ပြောတာကို နားထောင်ကြ။ ၃  “ရုဗင်၊+ မင်းဟာ ငါ့သားဦး၊+ ငါ့အားမာန်၊ ငါ့ရင်သွေးဦး၊ ဂုဏ်သိက္ခာရဲ့အထွတ်၊ အစွမ်းခွန်အားရဲ့အထွတ်ပဲ။ ၄  ဒါပေမဲ့ မင်းက အရှိန်ပြင်းတဲ့ရေလို မဆင်မခြင် ပြုမူပြီး အဖေ့အိပ်ရာပေါ် တက်တဲ့အတွက်+ ညီတွေထက် သာလွန်မှာမဟုတ်ဘူး။ အဲဒီတုန်းက ငါ့အိပ်ရာကို မင်းညစ်ညူးစေခဲ့တယ်။ သူ တကယ်ပဲ ငါ့အိပ်ရာပေါ် တက်ခဲ့ပြီကော။ ၅  “ရှိမောင်နဲ့လေဝိဟာ ညီအစ်ကိုတွေပဲ။+ သူတို့ရဲ့ဓားတွေဟာ အကြမ်းဖက်လက်နက်တွေပဲ။+ ၆  သူတို့က လူတွေကို ဒေါသတကြီး သတ်ခဲ့ကြတယ်။+ နွားထီးတွေရဲ့ တံကောက်ကြောကို အပျော်သဘောနဲ့ ဖြတ်ခဲ့ကြတယ်။ ဒါကြောင့် သူတို့အုပ်စုထဲ ငါ မပါဘူး။ သူတို့လူစုနဲ့ မပတ်သက်ချင်ဘူး။ ၇  ရက်စက်လွန်းတဲ့ သူတို့ရဲ့ဒေါသ ကျိန်စာသင့်ပါစေ။ ပြင်းထန်လွန်းတဲ့ သူတို့ရဲ့အမျက် ကျိန်စာသင့်ပါစေ။+ သူတို့ကို ယာကုပ်ရဲ့နယ်မြေမှာ ငါလူစုကွဲစေမယ်။ အစ္စရေးရဲ့နယ်မြေမှာ ကစဉ့်ကလျား ဖြစ်စေမယ်။+ ၈  “ယုဒ၊+ မင်းကိုတော့ ညီအစ်ကိုတွေ ချီးမွမ်းကြလိမ့်မယ်။+ မင်းက ရန်သူရဲ့လည်မျိုကို ချုပ်ကိုင်ရလိမ့်မယ်။+ အဖေ့သားတွေက မင်းကို ဦးညွှတ်ကြလိမ့်မယ်။+ ၉  ယုဒဟာ ခြင်္သေ့ပေါက်တစ်ကောင်ပဲ။+ ငါ့သား၊ မင်းက သားကောင်ကို ဖမ်းစားပြီးနောက် ထပြီး ပြန်လိမ့်မယ်။ ယုဒက ခြင်္သေ့လို ဝပ်ပြီး လဲလျောင်းနေလိမ့်မယ်။ သူ့ကို ဘယ်သူနှိုးရဲမှာလဲ။ ၁၀  ရှိလော* မရောက်မချင်း+ ရာဇလှံတံဟာ ယုဒဆီမှာပဲ ရှိနေမယ်။+ အမိန့်ပေးသူရဲ့ တောင်ဝှေးကလည်း သူ့ခြေထောက်ကြားမှာ ရှိနေမယ်။ ရှိလောကို လူတွေ နာခံကြမယ်။+ ၁၁  သူက မြည်းကို စပျစ်ပင်မှာ၊ မြည်းပေါက်လေးကို အကောင်းဆုံးစပျစ်ပင်မှာ ချည်ထားလိမ့်မယ်။ အဝတ်ကို စပျစ်ဝိုင်နဲ့၊ ဝတ်လုံကို စပျစ်ရည်နဲ့ လျှော်လိမ့်မယ်။ ၁၂  သူ့မျက်လုံးတွေဟာ စပျစ်ဝိုင်ကြောင့် နီရဲနေတယ်။ သွားတွေလည်း နို့ကြောင့် ဖြူဖွေးနေတယ်။ ၁၃  “ဇာဗုလုန်က+ ပင်လယ်ကမ်းနားမှာ၊ သင်္ဘောတွေကျောက်ချတဲ့ ကမ်းနားမှာ နေထိုင်လိမ့်မယ်။+ သူ့ပိုင်နက်က ဆိုင်ဒုန်မြို့နားအထိ ကျယ်ပြန့်လိမ့်မယ်။+ ၁၄  “အိသခါဟာ+ အရိုးသန်မာတဲ့ မြည်းပဲ။ ဝန်ထုပ်နှစ်ထုပ် ထမ်းထားရင်း လဲလျောင်းတတ်တယ်။ ၁၅  သူ့ရဲ့နားခိုရာက ကောင်းမွန်ပြီး နယ်မြေလည်း သာယာတာကို သူသိမြင်လိမ့်မယ်။ သူက ဝန်တွေထမ်းဖို့ ကျောကို ညွတ်ပေးမယ်။ အလုပ်ကြမ်းတွေ လုပ်လိမ့်မယ်။ ၁၆  “အစ္စရေးမျိုးနွယ်တစ်နွယ်ဖြစ်တဲ့ ဒန်က+ လူတွေကို တရားစီရင်လိမ့်မယ်။+ ၁၇  ဒန်ဟာ လမ်းဘေးမှာ ခွေနေတဲ့မြွေ၊ မြင်းစီးသူ နောက်ပြန်လန်ကျအောင် မြင်းခွာကို ပေါက်တတ်တဲ့ ချိုပါတဲ့မြွေ ဖြစ်ပါစေ။+ ၁၈  ယေဟောဝါဘုရား၊ ကိုယ်တော် ကယ်တင်မယ့်အချိန်ကို ကျွန်တော် စောင့်မျှော်နေပါ့မယ်။ ၁၉  “ဂဒ်ကိုတော့+ ဓားပြတွေ တိုက်ခိုက်လိမ့်မယ်။ ဒါပေမဲ့ သူက ထက်ကြပ်မကွာ လိုက်ပြီး ပြန်တိုက်ခိုက်လိမ့်မယ်။+ ၂၀  “အာရှာဆီမှာ+ အစားအစာ ပေါများကြွယ်ဝမယ်။ ဘုရင့်ပွဲတော်နဲ့ထိုက်တဲ့ အစားအစာတွေ သူပေးလိမ့်မယ်။+ ၂၁  “နဿလိဟာ+ ကြော့ရှင်းတဲ့ သမင်မပဲ။ ယဉ်ကျေးရည်မွန်တဲ့ စကားတွေ ပြောတတ်တယ်။+ ၂၂  “ယောသပ်ဟာ+ စမ်းရေနားက အသီးသီးနေတဲ့အပင်ရဲ့ အကိုင်းပဲ။ သူ့ရဲ့အခက်အလက်တွေဟာ နံရံကိုကျော်သွားတယ်။ ၂၃  လေးသမားတွေက သူ့ကို မပြတ်နှောင့်ယှက်ပြီး ပစ်ခတ်တယ်။ မုန်းတီးစိတ်နဲ့ ရန်ငြိုးထားတယ်။+ ၂၄  ဒါပေမဲ့ သူ့ရဲ့လေးကို ဆုပ်ကိုင်ထားတယ်။+ သူ့လက်တွေဟာ သန်မာသွက်လက်တယ်။+ ဒါဟာ ယာကုပ်ရဲ့ တန်ခိုးကြီးရှင်၊ သိုးထိန်း၊ အစ္စရေးရဲ့ ကျောက်ဆောင်ကြောင့်ပဲ။ ၂၅  ယောသပ်ဟာ အဖေ့ဘုရားသခင်ဆီက လက်ဆောင်ပဲ။ သူဟာ အနန္တတန်ခိုးရှင်နဲ့ အတူရှိတယ်။ သူ့ကို ကိုယ်တော် ကူညီမယ်။ မိုးကောင်းကင်ရဲ့ ကောင်းချီးတွေ၊ မြေအောက်ရေထုရဲ့ ကောင်းချီးတွေ၊+ သားသမီးတွေ၊ တိရစ္ဆာန်တွေ အများကြီးပေးသနားမယ်။ ၂၆  အဖေပေးတဲ့ကောင်းချီးတွေဟာ ထာဝစဉ်တည်တဲ့ တောင်တန်းတွေနဲ့ ထာဝရတည်တဲ့ တောင်ကုန်းတွေရဲ့ ကောင်းချီးတွေထက် သာလွန်လိမ့်မယ်။+ ယောသပ်ရဲ့ခေါင်းပေါ်မှာ၊ ညီအစ်ကိုတွေထဲက ရွေးချယ်ခံရသူရဲ့ ဦးထိပ်မှာ အမြဲတည်နေမယ်။+ ၂၇  “ဗင်ယာမိန်က+ ဝံပုလွေလို ကိုက်ဖဲ့နေလိမ့်မယ်။+ မနက်ပိုင်းမှာ သားကောင်ကို ကိုက်စားပြီး ညနေပိုင်းမှာ တိုက်ရာပါဥစ္စာတွေကို ခွဲဝေမယ်။”+ ၂၈  သူတို့အားလုံးဟာ အစ္စရေး ၁၂ နွယ်ပဲ။ ဖခင်ယာကုပ်က အဲဒီစကားတွေ ပြောပြီး တစ်ယောက်စီကို ရသင့်ရထိုက်တဲ့ကောင်းချီး ပေးခဲ့တယ်။+ ၂၉  အဲဒီနောက် သူတို့ကို မှာတယ်– “အဖေကတော့ ဘိုးဘေးတွေ စုဝေးရာကို သွားရတော့မယ်။*+ ဟိတ္တိလူမျိုး ဧဖရုန်ရဲ့ မြေကွက်ထဲက ဂူမှာ ဘိုးဘေးတွေနဲ့အတူ အဖေ့ကို သင်္ဂြိုဟ်ကြပါ။+ ၃၀  အဲဒီဂူက ခါနန်ပြည်၊ မံရေအရပ်အရှေ့၊ မက်ပေလမြေကွက်ထဲမှာ ရှိတယ်။ အဲဒီမြေကွက်ကို အာဗြဟံက ဟိတ္တိလူမျိုး ဧဖရုန်ဆီကနေ သင်္ချိုင်းမြေအဖြစ် ဝယ်ထားတာ။ ၃၁  အာဗြဟံနဲ့ ဇနီးစာရာကိုရော အိဇက်နဲ့ ဇနီးရေဗက္ကာကိုပါ အဲဒီမှာ သင်္ဂြိုဟ်ခဲ့တယ်။+ လေအာကိုလည်း အဲဒီမှာပဲ အဖေ သင်္ဂြိုဟ်ခဲ့တယ်။ ၃၂  အဲဒီမြေကွက်နဲ့ မြေကွက်ထဲကဂူကို ဟေသအမျိုးသားတွေဆီကနေ ဝယ်ထားတာ။”+ ၃၃  ယာကုပ်က သားတွေကို မှာကြားပြီးသွားတဲ့အခါ ခုတင်ပေါ် လဲလျောင်းလိုက်တယ်။ နောက်ဆုံးထွက်သက်ကို ရှူထုတ်ပြီး ဘိုးဘေးတွေ စုဝေးရာကို ရောက်သွားတယ်။*+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ပိုင်ရှင်၊ ပိုင်ဆိုင်သူ။”
သေဆုံးတာကို တင်စားတဲ့ အသုံးအနှုန်း။
သေဆုံးတာကို တင်စားတဲ့ အသုံးအနှုန်း။