ကောလောသဲ ၄:၁-၁၈

  • သခင်တွေအတွက် အကြံဉာဏ် ()

  • “ဇွဲမလျှော့တမ်း ဆုတောင်းကြပါ” (၂-၄)

  • အသင်းတော်ပြင်ပက လူတွေကို ပညာသတိနဲ့ ဆက်ဆံကြပါ (၅၊ ၆)

  • နောက်ဆုံး နှုတ်ဆက်စကား (၇-၁၈)

 သခင်ဖြစ်သူတို့၊ ခင်ဗျားတို့ရဲ့ ကျွန်တွေကို တရားသဖြင့် မျှတစွာ ဆက်ဆံကြပါ။  ခင်ဗျားတို့လည်း ကောင်းကင်ဘုံမှာရှိတဲ့ သခင်ရဲ့ ကျွန်တွေပဲဆိုတာ သိထားပါ။+ ၂  ဇွဲမလျှော့တမ်း  ဆုတောင်းကြပါ။+ ကျေးဇူးတင်ချီးမွမ်းပြီး ဆုတောင်းဖို့ မမေ့ပါနဲ့။*+ ၃  ကျွန်တော်တို့အတွက်လည်း ဆုတောင်းပေးပါ။+ ခရစ်တော်အကြောင်း  မြင့်မြတ်တဲ့  လျှို့ဝှက်ချက်ကို ကျွန်တော်တို့ ဟောပြောနိုင်ဖို့ ဘုရားသခင် တံခါးဖွင့်ပေးပါစေလို့ ဆုတောင်းပေးကြပါ။ ကျွန်တော်က မြင့်မြတ်တဲ့  လျှို့ဝှက်ချက်ကြောင့် အကျဉ်းကျနေတယ်။+ ၄  ဟောပြောသင့်တဲ့အတိုင်း  ရှင်းရှင်းလင်းလင်း ဟောပြောနိုင်ပါစေလို့လည်း  ဆုတောင်းပေးကြပါ။ ၅  အသင်းတော်ပြင်ပက  လူတွေကို  ပညာသတိနဲ့ဆက်ဆံကြပါ။ အချိန်ကို အကျိုးရှိရှိအသုံးချကြပါ။*+ ၆  ဆားခတ်ထားတဲ့+ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။ ဒါဆိုရင် လူတိုင်းကို ဘယ်လိုပြန်ပြောရမယ်ဆိုတာ သိလိမ့်မယ်။+ ၇  ချစ်ရတဲ့ညီအစ်ကို၊ သစ္စာရှိအမှုဆောင်၊ သခင့်ရဲ့ကျွန်၊ ကျွန်တော်တို့ရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်တဲ့ တုခိတ်က+  ကျွန်တော့်အခြေအနေကို အကြောင်းစုံ  ပြောပြလိမ့်မယ်။ ၈  ကျွန်တော်တို့ရဲ့  အခြေအနေကို ပြောပြပြီး စိတ်သက်သာရာရစေဖို့ သူ့ကို ခင်ဗျားတို့ဆီ လွှတ်လိုက်တယ်။ ၉  ချစ်ရတဲ့ ညီအစ်ကို သြနေသိမ်လည်း+ သူနဲ့အတူ လိုက်လာလိမ့်မယ်။ သြနေသိမ်ဟာ သစ္စာရှိတဲ့သူပါ၊ ခင်ဗျားတို့ဒေသကပါပဲ။ ဒီမှာဖြစ်ပျက်နေသမျှ သူတို့ပြောပြလိမ့်မယ်။ ၁၀  ကျွန်တော်နဲ့အတူ အကျဉ်းကျနေတဲ့ အာရိတ္တာခုက+ ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ ဗာနဗရဲ့ ညီဝမ်းကွဲ မာကုကလည်း+ နှုတ်ဆက်လိုက်တယ်။ (မာကုရောက်လာခဲ့ရင် လက်ခံကြိုဆိုပါဆိုတဲ့+ ညွှန်ကြားချက်ကို ခင်ဗျားတို့ ရပြီးပြီ။) ၁၁  ယုတ္တုလို့ခေါ်တဲ့  ယေရှုကလည်း  ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။ အားလုံးဟာ အရေဖျား  ဖြတ်ထားသူတွေပဲ။  ဘုရားသခင့် နိုင်ငံတော်အတွက် ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေဆိုလို့ သူတို့ပဲ ရှိတာ။ ကျွန်တော့်ကို တကယ် အားပေးထောက်မခဲ့သူတွေပါ။ ၁၂  ခရစ်တော်ယေရှုရဲ့ ကျွန်၊ ခင်ဗျားတို့ဒေသက ဧပဖြလည်း+ နှုတ်ဆက်လိုက်တယ်။ ခင်ဗျားတို့အတွက် သူ ထက်ထက်သန်သန် ဆုတောင်းပေးနေတယ်။ ဘုရားသခင်ရဲ့ အလိုတော်နဲ့ဆိုင်တဲ့ အရာမှန်သမျှကို ခင်ဗျားတို့ အခိုင်အမာ ယုံကြည်စိတ်ချပြီး အဆုံးမှာ အပြည့်အဝ ရပ်တည်နိုင်ဖို့ပေါ့။ ၁၃  သူဟာ ခင်ဗျားတို့အတွက်၊ လောဒိကိမြို့နဲ့ ဟေရပေါလိမြို့မှာ ရှိတဲ့သူတွေအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်တော် ရဲရဲကြီးပြောနိုင်ပါတယ်။ ၁၄  ချစ်ရတဲ့ သမားတော်လုကာနဲ့+ ဒေမကလည်း+ နှုတ်ဆက်လိုက်တယ်။ ၁၅  လောဒိကိမြို့က  ညီအစ်ကိုတွေကို၊ ညီအစ်မနုံဖနဲ့ သူ့အိမ်မှာ စုဝေးတဲ့ အသင်းတော်ကို နှုတ်ဆက်ပေးပါ။+ ၁၆  ဒီစာကို ခင်ဗျားတို့ဆီမှာ ဖတ်ပြီးတဲ့အခါ လောဒိကိအသင်းတော်မှာလည်း ဖတ်ခိုင်းပါ။ လောဒိကိမြို့ကနေရတဲ့ ကျွန်တော့်ရဲ့ စာကိုလည်း ခင်ဗျားတို့ ဖတ်ဖို့ စီစဉ်ကြပါ။+ ၁၇  အာခိပ္ပုကိုလည်း+ “သခင်ပေးအပ်ထားတဲ့ အလုပ်ကို ပြီးမြောက်အောင် ဂရုတစိုက် လုပ်ဆောင်ပါ” လို့ပြောလိုက်ပါ။ ၁၈  ဒီနှုတ်ဆက်စကားကို ကျွန်တော် ပေါလုကိုယ်တိုင် ရေးလိုက်တယ်။+ ကျွန်တော် အကျဉ်းကျနေတယ်ဆိုတာ+ မမေ့ကြပါနဲ့။ မဟာကရုဏာတော်ကို ခင်ဗျားတို့ ခံစားရပါစေ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “နိုးကြားနေကြပါ။”
မူရင်း၊ “အချိန်ကို ဝယ်ကြပါ။”