ဂလာတိ ၆:၁-၁၈
၆ ညီအစ်ကိုတို့၊ တစ်ယောက်ယောက်ဟာ သတိမထားမိဘဲ ခြေလှမ်းမှားသွားတယ်ဆိုရင် ဘုရားရေးရာ အရည်အသွေးရှိတဲ့ ခင်ဗျားတို့က အဲဒီလိုလူကို နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့+ တည့်မတ်ပေးလိုက်ပါ။ ဒါပေမဲ့ ကိုယ်တိုင်လည်း+ အပြစ်သွေးဆောင်ခံရနိုင်တာမို့ အမြဲသတိထားကြပါ။+
၂ အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်းပေးကြပါ။+ ဒါဆိုရင် ခရစ်တော်ရဲ့တရားကို လိုက်နာရာရောက်လိမ့်မယ်။+
၃ ဘာမှမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါသူလို့ထင်နေရင်+ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။
၄ လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။+ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။+ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။
၅ ဘာလို့လဲဆိုတော့ လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရမှာဖြစ်လို့ပဲ။+
၆ ဒါ့အပြင် တရားစကားတော် သင်ယူသူတိုင်းဟာ သင်ပေးတဲ့သူကို ကောင်းမွန်ရာမှန်သမျှ မျှဝေပေးပါစေ။+
၇ လှည့်စားမခံကြပါနဲ့။ ဘုရားသခင်ကို မခန့်လေးစားလုပ်လို့ မရဘူး။ လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။+
၈ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း မျိုးစေ့ကြဲတဲ့သူက အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း ပျက်စီးခြင်းကိုပဲ ရိတ်သိမ်းရလိမ့်မယ်။ စွမ်းအားတော် လမ်းပြတဲ့အတိုင်း မျိုးစေ့ကြဲတဲ့သူကတော့ စွမ်းအားတော် လမ်းပြတဲ့အတိုင်း ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မယ်။+
၉ ဒါကြောင့် မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။ လက်မလျှော့ဘူးဆိုရင် အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို ရိတ်သိမ်းရလိမ့်မယ်။+
၁၀ ဒါကြောင့် အခွင့်အရေးရသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်းတူတဲ့သူတွေကို ကောင်းမှုပြုကြစို့။
၁၁ ခင်ဗျားတို့ဆီ ကျွန်တော်ကိုယ်တိုင် စာလုံးကြီးတွေနဲ့ ရေးလိုက်တယ်ဆိုတာ ကြည့်ကြပါ။
၁၂ လူအထင်ကြီးခံချင်တဲ့သူတွေဟာ ခရစ်တော်ရဲ့ ဒုက္ခသစ်တိုင်ကြောင့်* နှိပ်စက်ညှဉ်းဆဲမခံချင်လို့ ခင်ဗျားတို့ကို အတင်းအကျပ် အရေဖျားဖြတ်ခိုင်းနေတာ။
၁၃ တကယ်တော့ အရေဖျားဖြတ်ထားသူတွေ ကိုယ်တိုင်က ပညတ်တရားကို မစောင့်ထိန်းကြပါဘူး။+ ခင်ဗျားတို့ကိုကျတော့ အရေဖျားဖြတ်စေချင်ကြတယ်။ အဲဒါမှ ခင်ဗျားတို့ရဲ့ အပြင်ပန်းခန္ဓာနဲ့ပတ်သက်ပြီး သူတို့ ကြွားနိုင်မှာလေ။
၁၄ ကျွန်တော်ကတော့ ဒုက္ခသစ်တိုင်ပေါ် အသေခံခဲ့တဲ့ သခင်ယေရှုခရစ်အကြောင်းကလွဲပြီး+ ဘာအတွက်မှ မကြွားပါရစေနဲ့။ ကျွန်တော့်အမြင်မှာ ဒီလောကဟာ ခရစ်တော်အားဖြင့် သေဆုံးနေပြီ။ လောကအမြင်မှာလည်း ကျွန်တော် သေဆုံးနေပြီ။
၁၅ အရေဖျားဖြတ်တာ၊ မဖြတ်တာဟာ အရေးမကြီးပါဘူး။+ ဘုရားသခင် ဖန်ဆင်းလိုက်တဲ့ အသစ်သောအရာကသာ+ အရေးကြီးတာပါ။
၁၆ ဒီကျင့်ဝတ်အတိုင်း စနစ်တကျ လျှောက်လှမ်းသူတွေအပေါ်၊ ဘုရားသခင်ရဲ့ အစ္စရေးလူမျိုးအပေါ်+ ငြိမ်သက်ခြင်းနဲ့ ကရုဏာတော် သက်ရောက်ပါစေ။
၁၇ ကျွန်တော့်ကိုယ်မှာ ယေရှုရဲ့ကျွန်ဆိုပြီး အမှတ်အသား ခတ်နှိပ်ထားပြီဖြစ်လို့+ အခုကစပြီး ကျွန်တော့်ကို ဘယ်သူမှ ဒုက္ခမပေးကြပါနဲ့။
၁၈ ညီအစ်ကိုတို့၊ အရည်အသွေးကောင်းတွေ ပြသတဲ့အတွက် ခင်ဗျားတို့ဆီမှာ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာ သက်ရောက်ပါစေ။ အာမင်။*