ဆာလံ ၁:၁-၆

  • လမ်းစဉ်နှစ်ခု နှိုင်းယှဉ်ပြ

    • ဘုရားသခင်ရဲ့ပညတ်ကို ဖတ်ပြီး ပျော်ရွှင် ()

    • ဖြောင့်မတ်သူဟာ အသီးသီးတဲ့သစ်ပင်နဲ့တူ ()

    • လူဆိုးတွေ လေတိုက်ရာ လွင့်ပါတဲ့ ဖွဲနဲ့တူ ()

 လူဆိုးတွေရဲ့ အကြံဉာဏ်အတိုင်း မလိုက်တဲ့သူ၊အပြစ်လုပ်သူတွေရဲ့ လမ်းစဉ်မှာ မရပ်တဲ့သူ၊+လှောင်ပြောင်သူတွေနဲ့အတူ မထိုင်တဲ့သူဟာ+ ပျော်ရွှင်ချမ်းမြေ့တယ်။ ၂  သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ ပြီး+ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။+ ၃  ရာသီအလိုက် အသီးသီးပြီးမညှိုးနွမ်းတဲ့ သစ်ပင်၊စမ်းချောင်းနား စိုက်ထားတဲ့ သစ်ပင်နဲ့ တူလိမ့်မယ်။ လုပ်သမျှ အောင်မြင်လိမ့်မယ်။+ ၄  လူဆိုးတွေကတော့ အဲဒီလို မဟုတ်ဘူး။လေတိုက်ရာ လွင့်ပါသွားတဲ့ ဖွဲနဲ့တူတယ်။ ၅  ဒါကြောင့် တရားစီရင်ခံရတဲ့အခါ လူဆိုးတွေ ရပ်တည်နိုင်မှာ မဟုတ်ဘူး။+ဖြောင့်မတ်သူတွေ စုဝေးတဲ့နေရာမှာ အပြစ်လုပ်သူတွေ ရပ်တည်နိုင်မှာ မဟုတ်ဘူး။+ ၆  ဖြောင့်မတ်သူတွေရဲ့ လမ်းစဉ်ကို ယေဟောဝါ သိတယ်။+လူဆိုးတွေရဲ့ လမ်းစဉ်ကတော့ ပျက်စီးသွားလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ