ဆာလံ ၁၀၂:၁-၂၈

  • စိတ်ပျက်နေတဲ့ အနှိမ်ခံရဲ့ ဆုတောင်းချက်

    • “အထီးကျန်နေတဲ့ ငှက်လိုပါပဲ” ()

    • ‘ကျွန်တော့်နေ့ရက်တွေဟာ ပျောက်ကွယ်သွားတဲ့  အရိပ်ပါ’ (၁၁)

    • “ယေဟောဝါက ဇိအုန်မြို့ကို ပြန်တည်ဆောက်လိမ့်မယ်” (၁၆)

    • ယေဟောဝါ ထာဝစဉ်တည် (၂၆၊ ၂၇)

စိတ်ပျက်နေချိန်မှာ စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဆီ ရင်ဖွင့်တဲ့ အနှိမ်ခံတစ်ယောက်ရဲ့ ဆုတောင်းချက်။+ ၁၀၂  ယေဟောဝါဘုရား၊ ကျွန်တော် ဆုတောင်းတာကို ကြားလှည့်ပါ။+ ကျွန်တော့်ရဲ့ အော်ဟစ်အကူအညီတောင်းသံဟာ ရှေ့တော်ကို ရောက်ပါစေ။+ ၂  ကျွန်တော် ဒုက္ခရောက်ချိန်မှာ မျက်နှာမလွှဲလိုက်ပါနဲ့။+ နားကို စွင့်ပေးပါ။ ကျွန်တော် ခေါ်တဲ့အခါ အမြန် ထူးလှည့်ပါ။+ ၃  ကျွန်တော့်နေ့ရက်တွေ မီးခိုးငွေ့လို ပျောက်လွင့်နေပြီ။ အရိုးတွေလည်း မီးဖိုလို ကျွမ်းနေပြီ။+ ၄  နေလောင်သွားတဲ့ မြက်ပင်လို စိတ်ညှိုးနွမ်းနေပြီ။+ အစာစားဖို့တောင် မေ့နေပြီ။ ၅  အော်ဟစ်ညည်းတွားနေရလို့+ အရိုးပေါ် အရေတင် ဖြစ်နေပြီ။+ ၆  ကန္တာရမှာနေတဲ့ ဝန်ပိုငှက်လို၊အပျက်အယွင်းတွေကြားက ဇီးကွက်လေးလို ဖြစ်နေပြီ။ ၇  အိပ်လို့လည်း မပျော်ဘူး။* အိမ်မိုးပေါ်မှာ အထီးကျန်နေတဲ့ ငှက်လိုပါပဲ။+ ၈  ရန်သူတွေ တစ်နေ့လုံး ကဲ့ရဲ့နေတယ်။+ လှောင်ပြောင်သူတွေ ကျိန်စာတိုက်တဲ့အခါ ကျွန်တော့်နာမည်ကို သုံးကြတယ်။ ၉  ကျွန်တော့်မှာ ပြာတွေကို စားနေရတယ်။+ မျက်ရည်တွေ ရောနေတဲ့ ရေကို သောက်နေရတယ်။+ ၁၀  ကိုယ်တော်ရဲ့ အမျက်ဒေါသကြောင့် ကျွန်တော် ဒီလိုကြုံနေရတာ။ ကျွန်တော့်ကို ချီမြှောက်တာဟာ ပစ်ချဖို့ ဖြစ်နေတာကိုး။ ၁၁  ကျွန်တော့်ရဲ့ နေ့ရက်တွေဟာ ပျောက်ကွယ်သွားတဲ့ အရိပ်လိုပါပဲ။+ ကျွန်တော်ဟာ မြက်ပင်လို ညှိုးနွမ်းနေတယ်။+ ၁၂  အို ယေဟောဝါ၊ ကိုယ်တော်ကတော့ ထာဝစဉ်တည်ရှိတယ်။+ ကိုယ်တော်ရဲ့ ဂုဏ်သတင်းကလည်း လူမျိုးအဆက်ဆက် တည်မြဲတယ်။+ ၁၃  ထတော်မူပါ။ ဇိအုန်ကို ကရုဏာပြလှည့်ပါ။+ မျက်နှာသာပြဖို့ အချိန်တန်ပါပြီ။+ သတ်မှတ်ထားချိန် ရောက်လာပါပြီ။+ ၁၄  ကိုယ်တော့်ကျွန်တွေက ဇိအုန်မြို့ရိုးရဲ့ ကျောက်တုံးတွေကို မြတ်နိုးလှပါတယ်။+ မြို့ရဲ့ဖုန်မှုန့်ကိုတောင် နှစ်သက်လှပါတယ်။+ ၁၅  တခြားလူမျိုးတွေက ယေဟောဝါရဲ့ နာမည်ကို၊ကမ္ဘာပေါ်က ဘုရင်တွေလည်း ဘုန်းအသရေတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မယ်။+ ၁၆  ယေဟောဝါက ဇိအုန်မြို့ကို ပြန်တည်ဆောက်လိမ့်မယ်။+ ဘုန်းတန်ခိုးနဲ့ ပေါ်ထွန်းလိမ့်မယ်။+ ၁၇  ခိုကိုးရာမဲ့သူတွေ ဆုတောင်းတာကို အာရုံစိုက်ပေးလိမ့်မယ်။+ သူတို့ရဲ့ဆုတောင်းချက်ကို အထင်သေးမှာ မဟုတ်ဘူး။+ ၁၈  ဒါကို အနာဂတ်မျိုးဆက်အတွက် ရေးမှတ်ထားတယ်။+ ဒါမှ မွေးဖွားလာမယ့်သူတွေ ယေဟောဝါကို ချီးမွမ်းကြလိမ့်မယ်။ ၁၉  ယေဟောဝါက သန့်ရှင်းတဲ့ အထက်အရပ်ကနေ ငုံ့ကြည့်တယ်။+ ကောင်းကင်ကနေ ကမ္ဘာကြီးကို ငုံ့ကြည့်တယ်။ ၂၀  အကျဉ်းသားတွေရဲ့ သက်ပြင်းချသံကို ကြားနိုင်ဖို့၊+ သေဒဏ်စီရင်ခံရသူတွေကို လွှတ်ပေးနိုင်ဖို့ပါ။+ ၂၁  အဲဒီအခါ ဇိအုန်မှာ ယေဟောဝါရဲ့နာမည်ကို ကြေညာလိမ့်မယ်။+ ဂျေရုဆလင်မှာ ဘုရားကို ချီးမွမ်းကြလိမ့်မယ်။ ၂၂  ယေဟောဝါကို ဝတ်ပြုဖို့ လူတွေ၊ တိုင်းနိုင်ငံတွေ စုရုံးလာတဲ့အခါအဲဒီလို ချီးမွမ်းကြလိမ့်မယ်။+ ၂၃  ဘုရားက ငါ့အစွမ်းခွန်အားကို အချိန်မတန်သေးဘဲ လုယူသွားတယ်။ ငါ့သက်တမ်းကို တိုတောင်းစေတယ်။ ၂၄  ဒါကြောင့် ငါပြောလိုက်တယ်– “အို ဘုရားသခင်၊ ကျွန်တော့်ကို သက်တမ်းတစ်ဝက်မှာတင် မပယ်ရှင်းလိုက်ပါနဲ့။ ကိုယ်တော်ဟာ လူမျိုးအဆက်ဆက် အသက်ရှင်တဲ့ ဘုရားပါ။+ ၂၅  ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို ရှေးကတည်းက ကိုယ်တော် ချခဲ့တာပါ။ ကောင်းကင်ဟာ ကိုယ်တော့်လက်ရာပါ။+ ၂၆  ဒါတွေ ပျက်စီးသွားရင်တောင် ကိုယ်တော်ကတော့ တည်မြဲနေမှာပါ။ ဒါတွေဟာ အဝတ်လို ဟောင်းနွမ်းသွားလိမ့်မယ်။ အဝတ်လဲသလို ကိုယ်တော် လဲလိုက်တဲ့အခါ ဒါတွေ ပျောက်ကွယ်သွားလိမ့်မယ်။ ၂၇  ကိုယ်တော်ကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူး။ ကိုယ်တော်ရဲ့ သက်တမ်းဟာ ဘယ်တော့မှ မကုန်ဆုံးဘူး။+ ၂၈  ကိုယ်တော့် ကျွန်တွေရဲ့ သားသမီးတွေဟာ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။ သူတို့ရဲ့ သားမြေးတွေဟာ ရှေ့တော်မှာ အမြဲတည်တံ့လိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

“ကျွန်တော် ပိန်ချုံးနေပြီ” လည်းဖြစ်နိုင်။