ဆာလံ ၁၀၃:၁-၂၂
ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။
၁၀၃ ယေဟောဝါကို ချီးမွမ်းပါရစေ။
သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို စိတ်ရောကိုယ်ပါ ချီးမွမ်းပါရစေ။
၂ ယေဟောဝါကို ချီးမွမ်းပါရစေ။
ဘုရား လုပ်ဆောင်ပေးခဲ့သမျှ ဘယ်တော့မှ မမေ့ပါရစေနဲ့။+
၃ ဘုရားက ငါ့အမှားတွေကို ခွင့်လွှတ်တယ်။+
ဝေဒနာတွေကို ပျောက်ကင်းစေတယ်။+
၄ ငါ့အသက်ကို သင်္ချိုင်းတွင်းကနေ ဆယ်ယူတယ်။+
ငါ့ကို ခိုင်မြဲတဲ့မေတ္တာ၊ ကရုဏာတွေနဲ့ သရဖူဆောင်းပေးတယ်။+
၅ ဘဝတစ်လျှောက်လုံး ကောင်းမွန်ရာတွေနဲ့ ကျေနပ်စေတဲ့အတွက်+
ငါဟာ လင်းယုန်တစ်ကောင်လို အားသစ်အင်သစ်တွေ ပြန်ရပြီး နုပျိုနေတယ်။+
၆ ယေဟောဝါက ဖိနှိပ်ခံရသူတွေအတွက်+ဖြောင့်မတ်စွာ၊ တရားမျှတစွာ လုပ်ဆောင်ပေးတယ်။+
၇ မောရှေကို မိမိရဲ့ နည်းလမ်းတွေအကြောင်း အသိပေးတယ်။+
အစ္စရေးလူမျိုးကို မိမိရဲ့ လုပ်ဆောင်မှုတွေအကြောင်း သိရှိစေတယ်။+
၈ ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တယ်။+
အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာ ကြီးမားတယ်။+
၉ တစ်ချိန်လုံး အမှားရှာနေမှာ မဟုတ်ဘူး။+
ထာဝစဉ် အငြိုးထားမှာ မဟုတ်ဘူး။+
၁၀ ငါတို့ကို အပြစ်ရှိတဲ့အလျောက် ဒဏ်မပေးဘူး။+
အမှားရှိတဲ့အလျောက် ပြန်မဆပ်ပေးဘူး။+
၁၁ မိုးကောင်းကင်ဟာ မြေကြီးထက် မြင့်မားသလိုဘုရားကို ကြောက်ရွံ့သူတွေအပေါ် ခိုင်မြဲတဲ့မေတ္တာတော် ကြီးမားလှတယ်။+
၁၂ နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလိုအပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေးစေတယ်။+
၁၃ ဖခင်က သားတွေကို ကရုဏာပြသလိုယေဟောဝါက မိမိကိုကြောက်ရွံ့သူတွေကို ကရုဏာပြတယ်။+
၁၄ ဘုရားက ငါတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းကောင်းသိတယ်။+
ငါတို့ဟာ မြေမှုန့်ပဲဆိုတာကို မမေ့ဘူး။+
၁၅ သေမျိုးဖြစ်တဲ့လူဟာ မြက်ပင်လိုပဲ သက်တမ်းတိုတယ်။+
လယ်ထဲကပန်းလို တစ်ခဏပဲ ဝေဆာတယ်။+
၁၆ လေတစ်ချက် အဝှေ့မှာ ပျောက်သွားလိုက်တာတစ်ခါမှ မရှိခဲ့ဖူးသလို ဖြစ်သွားတယ်။
၁၇ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကတော့မိမိကို ကြောက်ရွံ့သူတွေအပေါ် ထာဝစဉ်တည်မြဲတယ်။+
ဘုရားရဲ့ဖြောင့်မတ်ခြင်းဟာ သူတို့ရဲ့ သားစဉ်မြေးဆက်တွေအပေါ်၊+
၁၈ ပဋိညာဉ်ကို စောင့်ထိန်းသူတွေအပေါ်၊+အမိန့်တော်ကို ဂရုတစိုက်လိုက်နာသူတွေအပေါ် ထာဝစဉ်တည်မြဲတယ်။
၁၉ ယေဟောဝါက ရာဇပလ္လင်တော်ကို ကောင်းကင်မှာ အခိုင်အမာ တည်ထားတယ်။+
မင်းအာဏာတော်က အရာခပ်သိမ်းအပေါ် သက်ရောက်တယ်။+
၂၀ နှုတ်တော်ထွက်စကားကို လိုက်နာပြီး+ အမိန့်တော်နာခံတဲ့တန်ခိုးကြီး ကောင်းကင်တမန်အပေါင်းတို့၊+ ယေဟောဝါကို ချီးမွမ်းကြပါ။
၂၁ ဗိုလ်ခြေအပေါင်းတို့၊ အလိုတော်ဆောင်တဲ့ အမှုထမ်းတို့၊+ယေဟောဝါကို ချီးမွမ်းကြပါ။+
၂၂ ဘုရားသခင်ရဲ့ ဖန်ဆင်းရာအပေါင်းတို့၊အာဏာတော်သက်ရောက်တဲ့ နေရာတိုင်းမှာ ယေဟောဝါကို ချီးမွမ်းကြပါ။
ယေဟောဝါကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပါရစေ။