ဆာလံ ၁၀၇:၁-၄၃

  • အံ့ဖွယ်လုပ်ဆောင်မှုတွေအတွက် ဘုရားကို ကျေးဇူးတင်

    • သူတို့ကို လမ်းမှန်အတိုင်း လျှောက်စေ ()

    • ရေငတ်သူ၊ ဆာလောင်သူကို ကျွေးမွေး ()

    • အမှောင်ထုထဲက ခေါ်ထုတ် (၁၄)

    • သူတို့ကို ကုသပေးဖို့ အမိန့်ချ (၂၀)

    • ဆင်းရဲသားတွေကို ဖိနှိပ်မခံရအောင် ကာကွယ် (၄၁)

၁၀၇  ယေဟောဝါကို ကျေးဇူးတင်ကြပါ။ဘုရားသခင်ဟာ ကောင်းမြတ်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+ ၂  ယေဟောဝါ ပြန်ရွေးယူထားသူတွေ၊ရန်သူလက်ကနေ ပြန်ရွေးယူထားသူတွေလည်း+ ကျေးဇူးတင်ကြပါ။ ၃  ဘုရားက အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာမှာရှိတဲ့+တိုင်းပြည်တွေကနေ သူတို့ကို ပြန်စုသိမ်းခဲ့တယ်။+ ၄  တောကန္တာရထဲ၊ သဲကန္တာရထဲ သူတို့ လှည့်လည်သွားလာခဲ့ရတယ်။ နေစရာမြို့ကို ရှာမတွေ့ဘူး။ ၅  အစာငတ် ရေငတ်ဖြစ်ပြီးမောဟိုက်လွန်းလို့ ယဲ့ယဲ့လေးပဲ ကျန်တော့တယ်။ ၆  ဒုက္ခရောက်ချိန်မှာ ယေဟောဝါကို အော်ခေါ်တဲ့အခါ+သူတို့ကို ဒုက္ခနွံထဲကနေ ကယ်ဆယ်ခဲ့တယ်။+ ၇  သူတို့ကို လမ်းမှန်အတိုင်း လျှောက်စေပြီး+နေစရာမြို့ကို ရောက်စေခဲ့တယ်။+ ၈  ခိုင်မြဲတဲ့မေတ္တာတော်ကြောင့်၊ လူတွေအတွက် လုပ်ဆောင်ပေးခဲ့တဲ့ အံ့ဖွယ်ရာတွေကြောင့်+ယေဟောဝါကို ကျေးဇူးတင်ကြ။+ ၉  ဘုရားက ရေငတ်သူကို ရေငတ်ပြေစေတယ်။ ဆာလောင်သူကို ကောင်းမွန်ရာတွေ အဝစားစေခဲ့တယ်။+ ၁၀  တချို့က အမှောင်ထုထဲမှာ နေကြရတယ်။ အကျဉ်းသားဘဝရောက်ပြီး ဒုက္ခခံနေရတယ်။ သံကြိုးနဲ့ ချည်နှောင်ခံနေရတယ်။ ၁၁  ဘုရားသခင်ရဲ့အမိန့်ကို အာခံကြတာကိုး။ အမြင့်ဆုံးအရှင်ရဲ့ အကြံဉာဏ်ကိုလည်း မလေးစားကြဘူး။+ ၁၂  ဒါကြောင့် ဘုရားက သူတို့ စိတ်နှိမ့်ချလာအောင် အခက်အခဲကြုံတွေ့စေတယ်။+ သူတို့တိုက်မိလဲတဲ့အခါ ကူညီမယ့်သူ တစ်ယောက်မှ မရှိဘူး။ ၁၃  ဒုက္ခရောက်ချိန်မှာ ယေဟောဝါကို အကူအညီတောင်းတဲ့အခါသူတို့ကို ဒုက္ခနွံထဲကနေ ကယ်ခဲ့တယ်။ ၁၄  ဘုရားက သူတို့ကို အမှောင်ထုထဲကနေ ခေါ်ထုတ်တယ်။ ခြေထိတ်လက်ထိတ်တွေ ဖြုတ်ပေးတယ်။+ ၁၅  ခိုင်မြဲတဲ့မေတ္တာတော်ကြောင့်၊+ လူတွေအတွက် လုပ်ဆောင်ပေးခဲ့တဲ့ အံ့ဖွယ်ရာတွေကြောင့်ယေဟောဝါကို ကျေးဇူးတင်ကြ။ ၁၆  ဘုရားက ကြေးနီတံခါးတွေကို ချိုးပစ်တယ်။ သံကန့်လန့်ကျင်တွေကို ဖြတ်ပစ်တယ်။+ ၁၇  သူတို့က မိုက်မဲတယ်။+ ကိုယ့်ရဲ့အပြစ်တွေ၊ အမှားတွေကြောင့် ဒုက္ခရောက်ခဲ့ရတယ်။+ ၁၈  ဘာကိုမှ စားချင်စိတ်မရှိတော့ဘဲသေခြင်းရဲ့ တံခါးဝနားကို ရောက်သွားကြတယ်။ ၁၉  ဒုက္ခရောက်ချိန်မှာ ယေဟောဝါကို အကူအညီတောင်းတဲ့အခါသူတို့ကို ဒုက္ခနွံထဲကနေ ကယ်တင်ခဲ့တယ်။ ၂၀  ဘုရားက သူတို့ကို ကုသပေးဖို့ အမိန့်ချတယ်။+ ပိတ်မိနေတဲ့ တွင်းထဲကနေ ကယ်ဆယ်ခဲ့တယ်။ ၂၁  ခိုင်မြဲတဲ့မေတ္တာတော်ကြောင့်၊ လူတွေအတွက် လုပ်ဆောင်ပေးခဲ့တဲ့ အံ့ဖွယ်ရာတွေကြောင့်ယေဟောဝါကို ကျေးဇူးတင်ကြ။ ၂၂  ကျေးဇူးတင်ချီးမွမ်းခြင်း ပူဇော်သက္ကာတွေကို ဆက်သကြပါ။+ ရွှင်လန်းစွာ ကြွေးကြော်ရင်း ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း ကြေညာကြပါ။ ၂၃  ပင်လယ်ပြင်မှာ သင်္ဘောနဲ့ ခရီးသွားလာသူတွေ၊+ ရေပြင်ကျယ်မှာ စီးပွားရှာသူတွေက၊ ၂၄  ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေ၊ပင်လယ်ထဲက အံ့ဖွယ်ရာတွေကို မြင်တွေ့ရတယ်။+ ၂၅  အမိန့်တော်ကြောင့် လေပြင်းမုန်တိုင်း ကျလာတယ်။ ပင်လယ်လှိုင်း ထန်လာတယ်။+ ၂၆  သူတို့က မိုးပေါ် မြင့်တက်သွားလိုက်၊ရေနက်ပိုင်းအထိ နိမ့်ဆင်းသွားလိုက် ဖြစ်နေတယ်။ ကြုံရတော့မယ့် ဘေးဆိုးကြောင့် သတ္တိတွေပျောက်ကုန်တယ်။ ၂၇  အရက်မူးသမားလို ဒယိမ်းဒယိုင် ဖြစ်နေတယ်။ သူတို့ရဲ့ အစွမ်းအစတွေလည်း အသုံးမဝင်တော့ဘူး။+ ၂၈  ဒုက္ခရောက်ချိန်မှာ ယေဟောဝါကို အော်ခေါ်တဲ့အခါ+ သူတို့ကို ဒုက္ခနွံထဲကနေ ကယ်ဆယ်ခဲ့တယ်။ ၂၉  ဘုရားက မုန်တိုင်းစဲစေတယ်။ ပင်လယ်လှိုင်းတွေကို ငြိမ်သက်စေတယ်။+ ၃၀  လှိုင်းလေငြိမ်သွားတဲ့အခါ သူတို့ဝမ်းမြောက်ကြတယ်။ သူတို့သွားချင်တဲ့ ဆိပ်ကမ်းကို ဘုရားပို့ဆောင်ပေးတယ်။ ၃၁  ခိုင်မြဲတဲ့မေတ္တာတော်ကြောင့်၊ လူတွေအတွက် လုပ်ဆောင်ပေးခဲ့တဲ့ အံ့ဖွယ်ရာတွေကြောင့်+ ယေဟောဝါကို ကျေးဇူးတင်ကြ။ ၃၂  လူစုလူဝေးအလယ်မှာ ဘုရားကို ချီးမြှောက်ကြပါ။+ အသက်ကြီးသူတွေရဲ့ အစည်းအဝေးမှာ ဘုရားကို ချီးမွမ်းကြပါ။ ၃၃  ဘုရားက မြစ်ချောင်းတွေကို ကန္တာရဖြစ်စေတယ်။ စမ်းချောင်းတွေကို ခြောက်သွေ့တဲ့မြေ ဖြစ်စေတယ်။+ ၃၄  သီးပွင့်ဖြစ်ထွန်းတဲ့ ပြည်ကို ပြည်သားတွေရဲ့ ဆိုးညစ်မှုကြောင့်ဆားငန်မြေ ဖြစ်စေတယ်။+ ၃၅  ကန္တာရကိုတော့ ကျူပင်ပေါတဲ့ရေအိုင် ဖြစ်စေတယ်။ ခြောက်သွေ့တဲ့မြေကို စမ်းချောင်း ဖြစ်စေတယ်။+ ၃၆  ဆာလောင်သူတွေကို အဲဒီမှာ နေထိုင်စေတဲ့အတွက်+ သူတို့က နေစရာမြို့ကို တည်ကြတယ်။+ ၃၇  လယ်တွေမှာ မျိုးကြဲပြီး စပျစ်ခြံတွေ စိုက်ပျိုးကြတယ်။+ သီးနှံတွေ အလျှံပယ်ထွက်တယ်။+ ၃၈  ဘုရားကောင်းချီးပေးတဲ့အတွက် သူတို့ အကြီးအကျယ် တိုးများလာတယ်။ သူတို့ရဲ့တိရစ္ဆာန်အုပ်တွေ မလျော့နည်းအောင် စောင့်ရှောက်ပေးတယ်။+ ၃၉  ဒါပေမဲ့ သူတို့က ဖိနှိပ်မှုတွေ၊ ဘေးဆိုးတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကြောင့်လူဦးရေ လျော့နည်းလာပြီး နှိမ့်ချခံရပြန်တယ်။ ၄၀  ဘုရားက ဂုဏ်အသရေရှိသူတွေကို အရှက်ခွဲပြီးလမ်းမရှိတဲ့ကန္တာရမှာ လှည့်လည်သွားလာစေတယ်။+ ၄၁  ဆင်းရဲသားတွေကိုတော့ ဖိနှိပ်မခံရအောင် ကာကွယ်ပေးတယ်။+ သူတို့ရဲ့မိသားစုကို သိုးအုပ်လို များပြားစေတယ်။ ၄၂  ရိုးဖြောင့်သူတွေ ဒါကိုမြင်ပြီးဝမ်းမြောက်ကြတယ်။+ မဖြောင့်မတ်သူတွေကတော့ နှုတ်ပိတ်နေကြတယ်။+ ၄၃  ဉာဏ်ပညာရှိသူကတော့ ဒါတွေကို သတိထားမိပြီး+ယေဟောဝါပြတဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း အသေအချာ စဉ်းစားဆင်ခြင်လိမ့်မယ်။+

အောက်ခြေမှတ်ချက်များ