ဆာလံ ၁၁:၁-၇

  • ယေဟောဝါဆီမှာ ခိုလှုံ

    • ‘သန့်ရှင်းတဲ့ဗိမာန်တော်မှာ ယေဟောဝါ စံမြန်း’ ()

    • အကြမ်းဖက်မှုနှစ်သက်သူကို ဘုရားမုန်း ()

ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၁၁  ယေဟောဝါဆီမှာ ငါခိုလှုံတယ်။+ မင်းတို့က ငါ့ကို“ငှက်တစ်ကောင်လို တောင်ပေါ်ကို  ပျံတော့။ ၂  ကြည့်လိုက်။ လူဆိုးတွေ လေးတင်ထားတယ်။ စိတ်ရိုးဖြောင့်သူတွေကို အမှောင်ထဲကနေ ချောင်းပစ်ဖို့လေးညှို့ပေါ်မှာ မြားတင်ထားတယ်။ ၃  တရားမျှတမှုရဲ့ အခြေခံအုတ်မြစ်တွေ ပြိုလဲသွားတဲ့အခါဖြောင့်မတ်သူက ဘာတတ်နိုင်လို့လဲ” ဆိုပြီး ပြောတယ်ပေါ့။ ၄  ယေဟောဝါဟာ သန့်ရှင်းတဲ့ ဗိမာန်တော်မှာ စံမြန်းတယ်။+ ယေဟောဝါရဲ့ ရာဇပလ္လင်ဟာ ကောင်းကင်မှာ ရှိတယ်။+ လူသားတွေကို မျက်စိရှင်ရှင်ထားပြီး ကြည့်ရှုစစ်ဆေးနေတယ်။+ ၅  ယေဟောဝါက ဖြောင့်မတ်သူကိုရော လူဆိုးကိုပါ စစ်ဆေးတယ်။+ အကြမ်းဖက်မှုနှစ်သက်သူကို မုန်းတယ်။+ ၆  လူဆိုးတွေအတွက် ထောင်ချောက်ကို ကိုယ်တော် ဆင်ထားလိမ့်မယ်။ မီး၊ ကန့်နဲ့+ ချစ်ချစ်တောက်ပူတဲ့ လေဟာ သူတို့ရဲ့ဝေစု ဖြစ်လိမ့်မယ်။ ၇  ယေဟောဝါဟာ ဖြောင့်မတ်တယ်။+ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို ချစ်မြတ်နိုးတယ်။+ စိတ်ရိုးဖြောင့်သူတွေ မျက်နှာတော်ကို ဖူးမြင်ရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ